ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ကို CarPlay ဖြင့် ချိတ်ဆက်ခြင်း

သင့်ယာဉ်၏ USB port သို့မဟုတ် ၎င်း၏ကြိုးမဲ့လုပ်ဆောင်နိုင်စွမ်းကိုအသုံးပြုပြီးသင်၏ iPhone နှင့်သင့်၏ကားကိုဆက်သွယ်ခြင်းအားဖြင့် CarPlay ကိုထည့်သွင်းပါ။

  1. သင်၏ ကားကိုစက်နှိုးပါ၊ ထို့နောက်Siri ကိုသေချာ ဖွင့်ထားပါ

  2. သင်၏ iPhone ကို သင့်ကားဖြင့် ချိတ်ဆက်ပါ၊

    • သင့်ကားသည် USB အားသွင်းကြိုးပါသည့် CarPlayကို ပံ့ပိုးထားလျှင်၊ သင်၏ iPhone ကို သင့်ကားထဲရှိ USB အပေါက်ထဲကို ပလပ်ထိုးပါ။ USB အပေါက်သည် CarPlay သင်္ကေတ သို့မဟုတ် စမတ်ဖုန်းသင်္ကေတဖြင့် တွဲဖက်အသုံးပြုကြောင်း ဖော်ပြထားနိုင်ရမည်။ Apple USB Cable ကို အသုံးပြုထားကြောင်း သေချာပါစေ။

    • သင့်ကားသည် ကြိုးမဲ့နှင့် USB အားသွင်းကြိုးပါသည့် CarPlay နှစ်မျိုးလုံး ပံ့ပိုးထားလျှင်၊ သင်၏ iPhone ကို သင့်ကားထဲရှိ USB အပေါက်ထဲကို ပလပ်ထိုးပါ။ သင့် iPhone ကို CarPlay ကို နောက်တစ်ကြိမ် ချိတ်ဆက်သည့်အခါ သင်၏ iPhone သည် ကြိုးမဲ့နည်းဖြင့်ချိတ်ဆက်နိုင်ကြောင်း သတိပေးချက်တစ်ခုပေါ် လာမည်။

    • သင်၏ကားသည် ကြိုးမဲ့ CarPlay ကိုသာ ပံ့ပိုးနိုင်လျှင်၊ သင်၏ စတီယာရင်ဘီးပေါ်ရှိ အသံနှင့်အမိန့်ပေးခလုတ်ကို ဖိပြီးထိန်းထားပါ။ သင်၏ စတီရီယိုသည် ကြိုးမဲ့စနစ် သို့မဟုတ် Bluetooth မုဒ်ထဲတွင်ရှိကြောင်း သေချာပါစေ။ ထို့နောက် သင်၏ iPhone ကို ဖွင့်ပါ၊ Settings > Wi-Fi ကို သွားပါ၊ Wi-Fi ကိုလည်း သေချာဖွင့်ထားပါ။ CarPlay ကွန်ရက်ကို နှိပ်ပါ၊ ပြီးလျှင် ထို Auto-Join ကို ဖွင့်ထားပါ။ ထို့နောက် Settings > General > CarPlay ကို သွားပါ ပြီးလျှင် သင်၏ကားကို ရွေးချယ်ပါ။ ပိုမို သိရှိလိုပါက သင်၏ကားအတွက် လမ်းညွှန်ကို စစ်ဆေးပါ။

မှတ်စု အချို့လျှပ်စစ်ယာဉ်များတွင် CarPlay ကိုချိတ်ဆက်ပြီးနောက် EV လမ်းကြောင်းရှာဖွေမှုစနစ်အတွက် ယာဉ်ကိုအမျိုးအစားခွဲရန် Mapsအက်ပ် ကိုအသုံးပြုပါ။ iPhone ရှိ Maps အတွင်း လျှပ်စစ်ယာဥ်သုံးလမ်းကြောင်းရှာဖွေမှုစနစ် တပ်ဆင်ခြင်းကိုကြည့်ပါ။

အချို့ယာဉ်အမျိုးအစားများတွင်၊ သင့် iPhone ကိုချိတ်ဆက်သည့်အခါ CarPlay Home သည်အလိုအလျောက်ပေါ်လာသည်။

CarPlay Home ပေါ်မလာပါက၊ သင့်ယာဉ်၏ဖန်သားပြင်ပေါ်တွင် CarPlay သင်္ကေတကိုရွေးချယ်ပါ။

CarPlay သင်္ကေတ
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.