ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone နှင့်အပြန်အလှန်တုံ့ပြန်ရန်အခြေခံလက်ဟန်အမူအရာများကိုလေ့လာခြင်း

နှိပ်ခြင်း၊ ဖိခြင်း၊ ရွှေ့ခြင်း၊ အထက်အောက်ရွှေ့ခြင်း၊ နှင့်ပုံချုံ့ချဲ့ခြင်း စသည့် ရိုးရှင်းသည့် လက်ဟန်နမူနာအနည်းငယ်ကိုသုံး၍ iPhone နှင့် ၎င်းအက်ပ်စ်များကို ထိန်းချုပ်ခြင်း။

သင်္ကေတ

လက်ဟန်

နှိပ်သည့်ဟန်ကိုဖော်ပြထားသည့် သင်္ကေတတစ်ခု။

နှိပ်ခြင်း။ လက်ချောင်းတစ်ချောင်းဖြင့် ဖန်သားပြင်ပေါ်ရှိ အရာတစ်ခုကို ခေတ္တထိပါ။ ဥပမာ အက်ပ်တစ်ခုကို ဖွင့်ရန် Home ဖန်သားပြင်ပေါ် ရှိ သူ့ရဲ့သင်္ကေတကိုနှိပ်ပါ။

ထိပြီးနှိပ်ထားသည့်ဟန်ကိုဖော်ပြထားသည့် သင်္ကေတတစ်ခု။

ထိပြီး ထိန်းထားခြင်း။ တစ်စုံတစ်ခု ဖြစ်သွားသည်အထိ ဖန်သားပြင်ပေါ်ရှိ အမျိုးအစားတစ်ခုကိုနှိပ်ပါ။ ဥပမာအားဖြင့် အကယ်၍ သင်သည် Home ဖန်သားပြင်၏ wallpaper ကို ထိပြီးထိန်းထားပါက အက်ပ်သင်္ကေတများသည် ဟိုရွေ့သည်ရွေ့ဖြစ်လာမည်ဖြစ်သည်။

ရွှေ့သည့်ဟန်ကိုဖော်ပြထားသည့် သင်္ကေတတစ်ခု။

ရွှေ့ခြင်း။ ဖန်သားပြင်တစ်လျှောက် လက်ချောင်းတစ်ချောင်းဖြင့်လျှင်မြန်စွာရွှေ့ပါ။ ဥပမာ အက်ပ်များကို ပိုမိုတွေ့ရှိရန် Home ဖန်သားပြင်ပေါ်တွင် ဘယ်ဘက်သို့ ပွတ်ဆွဲပါ။

အထက်အောက်ရွှေ့သည့်ဟန်ကို ဖော်ပြထားသည့် သင်္ကေတတစ်ခုဖြစ်သည်။

အထက်အောက်ရွှေ့ခြင်း။ ဖန်သားပြင်ပေါ်မှ လက်ကြွစရာမလိုဘဲ လက်ချောင်းတစ်ချောင်းဖြင့် ရွှေ့ခြင်း။ ဥပမာအားဖြင့် Photos တွင် ပိုမိုမြင်ရစေရန် စာရင်းအား အထက် သို့မဟုတ် အောက်ကိုဆွဲယူနိုင်သည်။ အထက်အောက်လျှင်မြန်စွာရွှေ့ခြင်း၊ အထက်အောက်ရွှေ့ခြင်းကိုရပ်တန့်ရန်ဖန်သားပြင်ကိုထိပါ။

ချုံ့ချဲ့သည့်ဟန်ကိုဖော်ပြထားသည့် သင်္ကေတတစ်ခု။

ချုံ့ချဲ့ခြင်း။ ဖန်သားပြင်ပေါ်တွင်လက်ချောင်းနှစ်ချောင်းကိုပူးကပ်ထားပါ။ ချဲ့ရန်အတွက် အဆိုပါလက်နှစ်ချောင်းကိုပူးရာမှ ချဲလိုက်ပါ။ သို့မဟုတ် ချုံ့ရန်အတွက် ၎င်းတို့ကို ပြန်ပူးလိုက်ပါ။

ချဲ့ရန်ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဝက်ဘ်စာမျက်နှာကို နှစ်ခါနှိပ်နိုင်ပြီး ချုံ့ရန်ထပ်မံ၍နှစ်ခါနှိပ်ပါ။

Maps တွင်၊ နှစ်ကြိမ်ဆက်နှိပ်၍ ထိထားပြီးနောက် အပေါ်သို့ဖိဆွဲကာ ပုံချဲ့ပါ သို့မဟုတ် အောက်သို့ဖိဆွဲ၍ ပုံချုံ့ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.