ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Apple TV အက်ပ်တွင် MLS ကိုကြည့်ရှုခြင်း

Apple TV အက်ပ်ထဲရှိ MLS သည် သင်က MLS Season Pass ကို စာရင်းသွင်းထားသည့်အခါ Major League Soccer ပွဲစဥ်များကို ဝင်ရောက်ကြည့်ခွင့်ကို ပေးမှာဖြစ်သည်။

My Sports ကိုအသုံးပြုကာ သင်၏အကြိုက်ဆုံး MLS ကလပ်များကိုလည်း ရွေးချယ်နိုင်ပြီး (နိုင်ငံ သို့မဟုတ် ဒေသအားလုံးတွင်မရရှိနိုင်ပါ)၊ တိုက်ရိုက်ကစားပွဲအတွင်း key plays ဖြင့်အမီလိုက်ခြင်းနှင့် MLS ကလပ်ပရိုဖိုင်များ၊ ကစားသမားပရိုဖိုင်များ၊ အားကစားအသင်းစုနှင့် ကလပ်၏နောက်ဆုံးရာသီမှ အသားပေးဖော်ပြချက်များနှင့်၊ အခြားအရာများအပါအဝင်—လူကြိုက်များသောအကြောင်းအရာများကို ကြည့်ရှုနိုင်ပါသည်။

မှတ်စု MLS ပွဲတချို့ကို ပရိုမိုးရှင်းအရ ကြည့်နိုင်မည်ဖြစ်သော်လည်း ကစားပွဲများ၊ ရှိုးအစီအစဉ်များနှင့် ရွေးနုတ်ဖော်ပြထားသည်များအားလုံးကို အပြည့်အဝကြည့်ခွင့်ရရန်အတွက် MLS Season Pass ကို စာရင်းပေးသွင်းရန် လိုအပ်ပါသည်။ MLS Season Pass ကို နိုင်ငံ သို့မဟုတ် ဒေသအားလုံးတွင် မရရှိနိုင်ပါ။

MLS Season Pass ဖြင့် Major League Soccerကိုကြည့်ခြင်း

  1. သင်၏ iPhone ရှိ Apple TV အက်ပ် ကိုသွားပါ။

  2. Search ကိုနှိပ်ပါ၊ ထို့နောက် MLS Season Pass ကိုနှိပ်ပါ။

  3. အောက်ပါတို့အနက် တစ်ခုခုကိုလုပ်ပါ၊

    • ရွေးနုတ်ဖော်ပြထားသော ကစားပွဲများကို စူးစမ်းကြည့်ခြင်း၊ ဖန်သားပြင်ထိပ်တွင် ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲပါ။

    • ကြည့်နိုင်မည်ဖြစ်သော ကစားပွဲများ၊ အမှတ်ပေးပြိုင်ပွဲ အဆင့်ရပ်တည်ချက်များအစရှိသည်တို့ကို လျှောက်ကြည့်ခြင်း၊ အမျိုးအစားကဏ္ဍအတန်းတစ်ခုသို့ရောက်အောင် အောက်သို့ဆွဲချပါ၊ ထို့နောက် ရရှိနိုင်သောရွေးချယ်စရာများကိုကြည့်ရန် ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲပါ။

      အကြံပြုချက် အမျိုးအစားကဏ္ဍတစ်ခုရှိ အမျိုးအစားများအားလုံးကိုကြည့်ရန် ဗီဒီယိုတန်းခေါင်းစီးတစ်ခုကို နှိပ်ပါ သို့မဟုတ် ဗီဒီယိုစုစည်းမှုတစ်ခုအကြောင်း နောက်ထပ်သတင်းအချက်အလက်ကို ကြည့်ပါ။

  4. စတင်ကြည့်ရှုရန် ပြိုင်ပွဲရပ် သို့မဟုတ် ကစားပွဲတစ်ခုကို နှိပ်ပါ။

    ကစားပွဲတစ်ခုက ပွဲစနေပြီးဖြစ်လျှင် တိုက်ရိုက်ထုတ်လွှင့်မှုကိုဖမ်းယူရန် Watch Live ကိုနှိပ်ပါ၊ သို့မဟုတ် အစမှစကြည့်ရန် Start Over ကိုနှိပ်ပါ။

    မှတ်စု မိမိ၏ Watchlist ထဲသို့ထည့်ထားသော အားကစားပြိုင်ပွဲရပ်များသည် တိုက်ရိုက်လာနေခြင်းဖြစ်လျှင် Continue Watching အတန်းတွင် ပေါ်နေမည်ဖြစ်သည်။

တိုက်ရိုက်ပွဲစဥ်များ၏ အမှတ်များကိုဝှက်ရန်၊ Settings  > Apps > TV သို့သွားကာ Show Sports Scores ကိုပိတ်ပါ။

သင့်အကြိုက်ဆုံး MLS ကလပ်များကို ရွေးချယ်ခြင်း

  1. သင်၏ iPhone ရှိ Apple TV အက်ပ် ကိုသွားပါ။

  2. Search ကိုနှိပ်ပါ၊ ထို့နောက် MLS Season Pass ကိုနှိပ်ပါ။

  3. အောက်သို့ဆွဲချပါ၊ ထို့နောက် Browse All Clubs ကို နှိပ်ပါ။

  4. ကလပ်အသင်းတစ်ခုကို နှိပ်ပါ၊ ထို့နောက် ညာဘက်ထိပ်ရှိ Favorite ခလုတ် ကိုနှိပ်ပါ။

    အကြံပြုချက် ကလပ်အသင်းတစ်ခုကို ထိ၍ထိန်းထားလို့လည်းရပါသည်၊ ထို့နောက် Follow Team ကိုနှိပ်ပါ။

မိမိလိုက်ကြည့်သော ကလပ်အသင်းများသည် ကလပ်အမည်ဘေးတွင် ကြယ်တစ်လုံးပါရှိလျက် Browse All Clubs အတန်း၏ရှေ့ပိုင်းတွင် ပေါ်နေမည်ဖြစ်သည်။

My Sports ကိုအသုံးပြု၍လည်း MLS ကလပ်များကို လိုက်ကြည့်နိုင်ပါသည်။ My Sports ဖြင့် အသင်းများကို မလွတ်တမ်းကြည့်ခြင်းကိုကြည့်ပါ။

မှတ်စု ကလပ်တစ်ခုကို ရွေးချယ်သည့်အခါ သူတို့၏ပြိုင်ပွဲများသည် Continue Watching တွင် အလိုအလျှောက်ပေါ်သည်။

Key Plays ဖြင့် အမီလိုက်ခြင်း

တိုက်ရိုက်ဘောလုံးပွဲတစ်ပွဲကို သင်က ကြားဖြတ်ဝင်ကြည့်သည့်အခါ သင် မကြည့်လိုက်ရသည့် အပိုင်းများအတွက် key plays ကိုကြည့်ခြင်းဖြင့် အမီလိုက်နိုင်သည်။ ထို့အပြင် ပွဲစဥ်အတွင်း သင်သည် အချိန်မရွေး key plays ကို လေ့လာပြီး ကြည့်နိုင်ပါသည်။

  1. သင်၏ iPhone ရှိ Apple TV အက်ပ် ကိုသွားပါ။

  2. Search ကိုနှိပ်ပါ၊ ထို့နောက် MLS Season Pass ကိုနှိပ်ပါ။

  3. အောက်ပါတို့အနက် တစ်ခုခုကိုလုပ်ပါ၊

    • ပြသနေသည့် ပွဲတစ်ပွဲကို အမီလိုက်ခြင်း၊ ပွဲတစ်ပွဲကို နှိပ်ပါ၊ ထို့နောက် Catch Up ကိုနှိပ်ပါ။

    • ပွဲတစ်ပွဲအတွင်း key plays သို့သွားပါ၊ ပွဲတစ်ပွဲကို ကြည့်နေစဥ်အတွင်း playback ခလုတ်များကို ပြရန် ဖန်သားပြင်ကို နှိပ်ပါ၊ Key Plays ကို နှိပ်ပါ၊ ထို့နောက် စုဆောင်းအတန်းမှ key play တစ်ခုကို ရွေးပါ။

      Key plays သည် ထိုပွဲ၏ အစမှ ပြန်၍စတင်ကာ သင်မီသည့်အထိ ပြပေးသွားမှာဖြစ်သည်၊ သို့မဟုတ် Key Play စာရင်းတွင် သင်ရွေးလိုက်သည့် key play မှစတင်ပြီး ပြသသွားမှာဖြစ်သည်။

  4. Key plays များကိုကြည့်နေစဥ် သင်သည် အောက်ပါတို့မှတစ်ခုခုကိုလုပ်နိုင်သည်၊

    • စုဆောင်းမှုကို ရှာဖွေရန်၊ ဘယ် သို့မဟုတ် ညာ သို့ဆွဲပါ။

    • ပွဲသို့ ပြန်သွားခြင်း၊ ဖန်သားပြင်၏ ဘယ်ဘက်အောက်ခြေရှိ Jump to Live ကို နှိပ်ပါ၊ သို့မဟုတ် သင်နောက်ဆုံးကြည့်သည့်နေရာမှ ပြန်ပြီးကြည့်ရန် Back ခလုတ်ကိုနှိပ်ပါ။

Apple TV+ (ယင်းတွင် နိုင်ငံအချို့ နှင့်ဒေသအချို့၌ Friday Night Baseball အစီအစဉ်၊ Sunday Night Soccer အစီအစဉ် သို့မဟုတ် နှစ်ခုစလုံးကြည့်နိုင်) နှင့် MLS Season Pass (ယင်းတွင် Sunday Night Soccer ပါဝင်) တို့ကို အသုံးပြုနိုင်ရန် စာရင်းသွင်းထားဖို့လိုပါသည်။ MLS Season Pass၊ Sunday Night Soccer နှင့် Friday Night Baseball တို့ကိုကြည့်နိုင်ရန် iOS 16.2 သို့မဟုတ် နောက်ပိုင်းအမျိုးအစား လိုအပ်ပါသည်။ အစီအစဉ်များအားလုံးနှင့် ပါရှိအကြောင်းအရာအားလုံးကို ဒေသအားလုံးတွင် သို့မဟုတ် နိုင်ငံအားလုံးတွင် မရနိုင်ပါ။
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.