ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Books အက်ပ်ထဲမှစာအုပ်များကိုစုစည်းခြင်း

Books အက်ပ်တွင် သင်ဝယ်ထားသောစာအုပ်များနှင့်အသံထွက်စာအုပ်များကို Audiobooks၊ Want to Readနှင့်Finished အစရှိသကဲ့သို့ လက်ရွေးစင်များအဖြစ်သို့ သင်၏စာကြည့်တိုက်ထဲတွင် သိမ်း၍အလိုအလျောက် အမျိုးအစားခွဲထားသည်။

Books အက်ပ်ရှိ Library ဖန်သားပြင်။ ဖန်သားပြင်ထိပ်ပိုင်းတွင် Collections ခလုတ်ရှိသည်။ ဖန်သားပြင်အလယ်ပိုင်းသည် စာအုပ်မျက်နှာဖုံးပုံများဖြစ်သည်။ ဖန်သားပြ်အောက်ခြေတွင်၊ Home၊ Library၊ Book Store၊ Audiobooks နှင့်Search တက်ဘ်များသည် ဘယ်မှညာဘက်သို့ ရှိနေသည်။ Library တက်ဘ်ကို ရွေးချယ်ထားသည်။

စုဆောင်းမှုတစ်ခု ဖန်တီးခြင်း

သင်၏ကိုယ်ပိုင်စာကြည့်တိုက်ပြုလုပ်ရန်နှင့် စီစဥ်ရန် ကိုယ်ပိုင်စုစည်းမှုများကိုဖန်တီးနိုင်သည်။

  1. သင့် iPhone တွင် Books အက်ပ် ကိုသွားပါ။

  2. Library နှိပ်ပါ Collections နှိပ်ပါ။ ထို့နောက်New Collection ကိုနှိပ်ပါ။

  3. Collection ကိုအမည်ပေးပါ၊ ဥပမာ Beach Reads သို့မဟုတ် Book Club၊ ထို့နောက် Doneကိုနှိပ်ပါ။

စုဆောင်းမှုတစ်ခုတွင် စာအုပ်တစ်အုပ်ထည့်သွင်းခြင်း

သင်၏ စာကြည့်တိုက်မှ သို့မဟုတ် Book Store မှ စာအုပ်တစ်အုပ်ကို သင်ဖန်တီးထားသည့် စုစည်းမှုတွင် ထည့်နိုင်သည်။

  1. သင့် iPhone တွင် Books အက်ပ် ကိုသွားပါ။

  2. သင် ဖယ်ရှားလိုသည့် စာအုပ်ကို ပြပါ၊ ထို့နောက် စာအုပ်ဖုံးအောက်ရှိ More Info ခလုတ် ကိုနှိပ်ပါ။

    Add to Collection ကိုနှိပ်ပါ၊ ထို့နောက် ၎င်းကို သင်ထည့်သွင်းချင်သည့် စုစည်းမှုကိုနှိပ်ပါ။

အကြံပြုချက် အမျိုးမျိုးသောစုစည်းမှုများသို့တူညီသည့်စာအုပ်ကိုထည့်နိုင်သည်။

သင်၏ စာအုပ်များကိုစုစည်းခြင်း

သင့်စာကြည့်တိုက်ရှိ စာအုပ်များ သို့မဟုတ် စုစည်းမှုတစ်ခုအား ပြသပုံနှင့် အမျိုးအစားခွဲပုံကို ပြောင်းလဲနိုင်သည်။

  1. သင့် iPhone တွင် Books အက်ပ် ကိုသွားပါ။

  2. Library ကို နှိပ်ပါ သို့မဟုတ် စုဆောင်းမှုတစ်ခုကိုသွားပါ။

  3. More ခလုတ်ကို နှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှ တစ်ခုခုကို လုပ်ဆောင်ပါ၊

    • စာအုပ်ခင်းကျင်းပုံကို ပြောင်းလဲခြင်း၊ Grid သို့မဟုတ် List ကိုနှိပ်ပါ။

    • စာအုပ်အစီအစဉ်များကို ပြောင်းလဲခြင်း၊ Recent၊ Title၊ Author သို့မဟုတ် Manual ကိုနှိပ်ပါ။

      Manual ကို ရွေးထားလျှင် စာအုပ်အဖုံးကိုတစ်ခုကို ထိပြီးထိန်းထားပါ၊ ထို့နောက် ၎င်းကို နေရာအသစ်သို့ ဆွဲယူပါ။

စာအုပ်များ၊ သီချင်းဖိုင်များနှင့် PDFs များကိုဖယ်ရှားခြင်း

Home နှင့် သင့်၏စာကြည့်တိုက်စုစည်းမှုမှ စာအုပ်များ၊အသံထွက်စာအုပ်ဖိုင်များနှင့်PDF များကို ဖယ်ရှားနိုင်ပါသည် သို့မဟုတ် ဝှက်ထားနိုင်ပါသည်။

  1. သင့် iPhone တွင် Books အက်ပ် ကိုသွားပါ။

  2. သင် ဖယ်ရှားလိုသည့် စာအုပ် သို့မဟုတ် အသံဖိုင်စာအုပ်ကို ပြပါ၊ ထို့နောက် စာအုပ်ဖုံးအောက်ရှိ More Info ခလုတ် ကိုနှိပ်ပါ။

  3. Remove ကိုနှိပ်၍ ရွေးချယ်စရာတစ်ခုကိုရွေးချယ်ပါ။

    မှတ်စု Remove Download ကို ရွေးချယ်လျှင် ခေါင်းစဉ်နှင့် ဆက်စပ်နေသော အကြောင်းအရာနှင့် အချက်အလက်များကို သင့် iPhone တွင် သိမ်းဆည်းတော့မည် မဟုတ်ပါ။ ခေါင်းစဉ်ကို ပြန်လည် ဒေါင်းလုတ်လုပ်ရန် More Info ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Download ကိုနှိပ်ပါ။ Hide Book ကိုရွေးချယ်လျှင် စာအုပ်သည် သင်၏ စာကြည့်တိုက် သို့မဟုတ် သင်၏ စုစည်းမှုတွင် ပေါ်မည်မဟုတ်ပါ။ စာအုပ်များနှင့် အသံဖိုင်စာအုပ်များကို ပြန်ဖော်ရန်၊ အိမ် ကိုနှိပ်ပါ၊ သင်၏အကောင့်သင်္ကေတကိုနှိပ်ပါ၊ ထို့နောက် Manage Hidden Purchases ကိုနှိပ်ပါ။

စာအုပ်တစ်အုပ်ပြီးသွားပါက သင်၏ iPhone မှ ဒေါင်းလုတ်များကို အလိုအလျောက် ဖယ်ရှားနိုင်သည်။ Library ကိုနှိပ်ပါ၊ ထို့နောက် ဖန်သားပြင် ညာဘက်ထိပ်ပေါ်ရှိ More ခလုတ် ကိုနှိပ်ပါ။ Remove Downloads ကိုနှိပ်ပါ၊ ထို့နောက် Automatically When Finished ကိုနှိပ်ပါ။

စုစည်းမှုတစ်ခုကို ဖျက်ခြင်း

  1. သင့် iPhone တွင် Books အက်ပ် ကိုသွားပါ။

  2. Library ကိုနှိပ်ပါ၊ ထို့နောက် Collections ကိုနှိပ်ပါ။

  3. သင်ဖယ်ရှားလိုသည့် စုဆောင်းမှုကို ဘယ်ဘက်သို့ဖိဆွဲကာ Delete ကိုနှိပ်ပါ။

    မှတ်စု စုစည်းမှုတစ်ခုကို ဖျက်ခြင်းသည် စုစည်းမှုအတွင်းရှိ စာအုပ်များ သို့မဟုတ် အသံထွက်စာအုပ်များကို ဖျက်သွားမည်မဟုတ်ဘဲ- ၎င်းတို့သည် သင်၏ စုဆောင်းမှုထဲတွင် ဆက်ရှိနေမည်ဖြစ်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.