ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Books အက်ပ်ထဲမှစာအုပ်များကိုစုစည်းခြင်း

Books အက်ပ် တွင်၊ သင်ဝယ်ထားသောစာအုပ်များနှင့်အသံထွက်စာအုပ်များကို Audiobooks၊ Want to Readနှင့်Finished အစရှိသကဲ့သို့လက်ရွေးစင်များအဖြစ်သို့သင်၏စာကြည့်တိုက်ထဲတွင်သိမ်း၍အလိုအလျောက်အမျိုးအစားခွဲထားသည်။

Books အက်ပ်ရှိ Library ဖန်သားပြင်။ ဖန်သားပြင်ထိပ်ပိုင်းတွင် Collections ခလုတ် နှင့် အမျိုးအစားခွဲသည့်နည်းလမ်းများရှိသည်။ လက်ရှိအမျိုးအစားခွဲထားသည့်နည်းလမ်းကို ရွေးချယ်ထားသည်။ ဖန်သားပြင်အလယ်ပိုင်းသည် စာကြည့်တိုက်ထဲရှိ စာအုပ်မျက်နှာဖုံးပုံများဖြစ်သည်။ ဖန်သားပြင်အောက်ခြေ ဘယ်မှညာဘက်သို့ Reading Now၊ Library၊Book Store၊ Audiobooks နှင့်Searchဘားများ။

စုစည်းမှုတစ်ခုဖန်တီးပြီး၎င်းထဲသို့စာအုပ်များကိုထည့်ခြင်း

သင်၏ကိုယ်ပိုင်စာကြည့်တိုက်ပြုလုပ်ရန်ကိုယ်ပိုင်စုစည်းမှုများကိုဖန်တီးနိုင်သည်။

  1. Library နှိပ်ပါ Collections နှိပ်ပါ။ ထို့နောက်New Collection ကိုနှိပ်ပါ။

  2. Collectionကိုအမည်ပေးပါ၊ ဥပမာ Beach Reads သို့မဟုတ် Book Club၊ ထို့နောက် Doneကိုနှိပ်ပါ။

  3. စာအုပ်တစ်အုပ်ကိုCollectionထဲသို့ထည့်ရန် စာအုပ်အဖုံးအောက်ရှိ More Info ခလုတ် ကိုနှိပ်ပါ (သို့မဟုတ် Book Store မှစာအုပ်အသေးစိတ်စာမျက်နှာများပေါ်ကို)၊ Add to Collection ကိုနှိပ်ပါပြီးလျှင် အဆိုပါရွေးချယ်မှုကို ရွေးပါ။

    အမျိုးမျိုးသောစုစည်းမှုများသို့တူညီသည့်စာအုပ်ကိုထည့်နိုင်သည်။

သင့်စာကြည့်တိုက်တွင်းမှစာအုပ်များကိုမျိုးတူစုခြင်း

သင့်စာကြည့်တိုက်ထဲတွင် စာအုပ်များကို မည်ကဲ့သို့ အမျိုးအစားသတ်မှတ်ဖော်ပြထားမည်ဆိုတာကို ရွေးချယ်ပါ။

  1. Library ကို နှိပ်ပါ၊ ထို့နောက် အောက်သို့ဆွဲချပြီး Sort သို့မဟုတ် Sort By ဘေးတွင်ပေါ်လာသည့် စကားလုံးကို နှိပ်ပါ။

  2. Recent၊ Title၊ Author သို့မဟုတ် Manually ကိုရွေးချယ်ပေးပါ။

    Manually ကို ရွေးထားလျှင် စာအုပ်အဖုံးကိုတစ်ခုကို ထိပြီးထိန်းထားပါ၊ ထို့နောက် သင်လိုချင်သည့် ပုံစံအထိရောက်အောင် ၎င်းကို ဆွဲယူပါ။

  3. စာအုပ်ခေါင်းစီး သို့မဟုတ် အဖုံးကိုကြည့်ရန် Table of Contents ခလုတ် ကိုနှိပ်ပါ။

အကြံပြုချက် ထိုကဲ့သို့စုစည်းနည်းဖြင့် စာအုပ်အမျိုးအစားများအား သတ်မှတ်ထားနိုင်ပါသည်။

စာအုပ်များ၊သီချင်းဖိုင်များနှင့်PDFsများကိုဖယ်ရှားခြင်း

Reading Now နှင့်သင့်၏စာကြည့်တိုက်စုစည်းမှုမှစာအုပ်များ၊အသံထွက်စာအုပ်ဖိုင်များနှင့်PDFsများကိုဖယ်ရှားနိုင်ပါသည်သို့မဟုတ်သင်၏iPhoneတွင်ဝှက်ထားနိုင်ပါသည်။

  1. Libraryကိုနှိပ်ပါ။ ထို့နောက်Editကိုနှိပ်ပါ။

  2. သင်ဖယ်ရှားလိုသောအမျိုးအစားများကိုနှိပ်ပါ။

  3. Trash ခလုတ် ကိုနှိပ်ပြီး နည်းလမ်းတစ်ခုကို ရွေးချယ်ပါ။

သင်ဝှက်ထားသောစာအုပ်များကိုပြန်ဖော်ရန်Reading Nowကိုနှိပ်ပါ၊ သင်၏အကောင့်သင်္ကေတကိုနှိပ်ပါ၊ ထို့နောက် Manage Hidden Purchases ကိုနှိပ်ပါ။

သင်ဝယ်ယူထားသောစာအုပ်များကိုပြန်လည်ဒေါင်းလုတ်လုပ်ရန်၊ Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် App Store၊ iTunes Store၊ နှင့် Apple Books မှအက်ပ်စ်များ၊ ဂီတ၊ ရုပ်ရှင်များ၊ တီဗွီရှိုးများ၊ နှင့်စာအုပ်များကိုပြန်လည်ဒေါင်းလုတ်ဆွဲခြင်း ကို ကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.