ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် AirPods နှင့် Siri ကိုသုံးခြင်း

မေးခွန်းများမေးမြန်းရန်နှင့် လုပ်ဆောင်ချက်များကိုလုပ်စေရန် သင်၏ AirPods နှင့်အတူ Siri ကို သုံးနိုင်သည်။

သင်၏အသံဖြင့် Siri ကိုဆင့်ခေါ်ပါ။ (AirPods Pro နှင့် AirPods 2nd generation)

AirPods တစ်ခုသို့မဟုတ်နှစ်ခုလုံးတပ်ထားစဉ်တွင်၊ “Hey Siri,” ဟုပြောကာမေးခွန်းတစ်ခု သို့မဟုတ် သင့်အတွက်လုပ်ဆောင်ချက်တစ်ခုကို လုပ်စေရန် Siri အားတောင်းဆိုပါ။

ဥပမာအားဖြင့် “Hey Siri, how’s the weather today?” သို့မဟုတ် “Hey Siri, let’s hear the Acoustic playlist.”ဟုပြောပါ။

မှတ်စု “Hey Siri” ကိုတပ်ဆင်မထားပါက၊ Settings  > Siri & Search သို့သွားပါ၊ ထို့နောက် Listen for “Hey Siri” ကိုဖွင့်ပါ။

ထိ၍ Siri ကိုဆင့်ခေါ်ခြင်း

AirPods Pro တွင် Force Sensorကို နှိပ်ပြီးဖိထားသည့်အခါ Siri ကို ဆင့်ခေါ်နိုင်ပြီး AirPods (2nd generation) တွင်လည်း AirPods ကို နှစ်ကြိမ် ဆက်တိုက်နှိပ်ကာ Siri ကို ဆင့်ခေါ်နိုင်ပါသည်။ ပုံသေအားဖြင့်၊ AirPods (1st generation) တွင် Siri ကို ဆင့်ခေါ်ရန် နှစ်ကြိမ်ဆက်နှိပ်ရသည်၊ (သို့သော် ၎င်းပြုမူပုံကို ပြောင်းနိုင်သည်။)

  1. AirPods ဖိုင်ကိုဖွင့်ပါ။

  2. iPhone တွင် Settings  > Bluetooth သို့သွားပါ။

  3. စက်ပစ္စည်းများစာရင်းရှိသင်၏ AirPods ဘေးရှိ Settings ခလုတ် ကိုနှိပ်ပါ။

  4. ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ ရွေးကာ Siri ကိုရွေးချယ်ပါ။ (သို့မဟုတ် AirPods (1st generation) ၏ ပြုမူပုံကို ပြောင်းလဲရန်၊ မတူညီသည့် စိတ်ကြိုက်အရာတစ်ခုကို ရွေးချယ်ပါ။)

မှတ်စု Siri ကိုမဖွင့်ရသေးပါက၊ Settings > Siri & Search ကိုသွားပါ ထို့နောက် Siri (Face ID ပါသည့် iPhone တစ်လုံးတွင်) အတွက် Press ဘေးခလုတ်ကိုဖွင့်ပါ သို့မဟုတ် Siri အတွက် Home ကိုနှိပ်ပါ(Home ခလုတ်ပါသည့် iPhone တစ်လုံးတွင်)။

မက်ဆေ့ချ်များကို နားဆင်ခြင်းနှင့် စာပြန်ခြင်း (AirPods Pro နှင့် AirPods 2nd generation)

Announce Message ဖြင့် သင်၏မက်ဆေ့ချ်များကို သင်၏ AirPods မှတစ်ဆင့် ကြားနိုင်သည်။ သင်၏ iPhone ကိုလော့ချထားပြီး သင်၏ AirPods နှင့်ချိတ်ဆက်ထားချိန်တွင် မက်ဆေ့ချ်တစ်စောင်ရောက်လာပါက အသံတစ်သံထွက်လာပြီး Siri က မက်ဆေ့ချ်ကို စတင်ရွတ်ဆိုမည်ဖြစ်သည်။ (iOS 13.2 သို့မဟုတ် နောက်ပိုင်းထွက်အမျိုးအစားများ)

Siri ကိုမရွတ်ဆိုစေရန်အတွက် အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊

  • သင့် AirPods တစ်ဖက်ကို ဖယ်ရှားခြင်း။

  • “Stop” သို့မဟုတ် “Cancel” ကဲ့သို့ တစ်ခုခုကိုပြောပါ။

  • သင့် AirPods Pro ၏တစ်ဖက်ဖက်ရှိ Force Sensor ကို နှိပ်ပါ၊ သို့မဟုတ် AirPods (2nd generation) ၏ တစ်ဖက်ဖက်ကို နှစ်ကြိမ်ဆက်နှိပ်ပါ။

မက်ဆေ့ကို စာပြန်ရန် “Reply that’s great news.” ကဲ့သို့ တစ်ခုခုပြောဆိုပါ။

Siri သည် သင်ပြောဆိုလိုက်သည်ကို လိုက်လံပြောဆိုပြီး သင်၏ပြန်စာကို မပေးပိုမီ အတည်ပြုချက်ကို တောင်းဆိုသည်။ အတည်ပြုချက်မတောင်းဆိုဘဲ ပြန်စာများကိုပေးပို့စေရန် Settings  > Siri & Search > Announce Messages သို့သွားကာ Reply without Confirmation ကိုဖွင့်ပါ။

မှတ်စု AirPods တပ်ဆင်သည့်အချိန်တွင် Announce Messages ကိုမဖွင့်ထားပါက Settings  > Siri & Search > Announce Messages သို့သွားကာ Announce Messages with Siri ကိုဖွင့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.