ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ကင်မရာချိန်ညှိမှုများကို အသုံးပြုရန်

သင့် iPhone တွင် Camera ချိန်ညှိမှုများအသုံးပြုပုံကို လေ့လာပါ။

ရိုက်ကူးသည့်ပုံများကို ညီအောင်ညှိရန်

ရိုက်ကူးသည့်ပုံများကို ဖြောင့်တန်းညီညာအောင် ညှိပေးမည့် ကင်မရာဖန်သားပြင်ပေါ်မှ အကွက်လေးများပေါ်လာစေရန် Settings  > Camera သို့ဝင်ပြီး Grid ကိုဖွင့်ပါ။

ဓာတ်ပုံတစ်ပုံရိုက်ပြီးသည့်နောက်၊ ပုံများကိုညှိရန်နှင့်အလျားလိုက်နှင့်ဒေါင်လိုက်မြင်ကွင်းကိုညှိရန် Photos အက်ပ်ထဲရှိတည်းဖြတ်ကိရိယာများကိုသုံးနိုင်သည်။ မြင်ကွင်းကိုဖြောင့်တန်းခြင်းနှင့်ချိန်ညှိ ခြင်း ကိုကြည့်ပါ။

ကင်မရာချိန်ညှိမှုများကို မပျက်အောင်ထိန်းသိမ်းထားနိုင်ရန်

နောက်တစ်ကြိမ် Camera ဖွင့်သည့်အခါ အစကပြန်မလုပ်ရစေဖို့ သင်အရင်အသုံးပြုခဲ့သည့် ကင်မရာစနစ်၊filter ၊ အလင်းရောင်ချိန်ညှိမှု၊ ထင်ရှားမှုနှင့် Live Photo ရိုက်ကူးချိန်ညှိချက်များကို မပျက်အောင်ထိန်းသိမ်းထားနိုင်သည်။

  1. Settings  > Camera > Preserve Settings သို့ ဝင်ပါ။

  2. အောက်ပါတို့မှတစ်ခုကိုဖွင့်ပါ၊

ဓာတ်ပုံရိုက်ကူးမှုအသံ အတိုးအလျော့ချိန်ညှိရန်

iPhone ဘေးရှိအသံအနိမ့်အမြင့်ခလုတ်များကိုသုံး၍ဓာတ်ပုံရိုက်ကူးမှုအသံ အတိုးအလျော့ချိန်ညှိပါ။ သို့မဟုတ် Camera ပွင့်နေသည့်အခါ၊ Control Center ကိုဖွင့်ရန်ဖန်သားပြင်ညာဘက်ထိပ်ထောင့်မှအောက်သို့ပွတ်ဆွဲပါ၊ ထို့နောက် အသံအတိုးအကျယ်ဆလိုက် ကိုဖိဆွဲပါ။

iPhone ဘေးဘက်ရှိ Ring/Silent အဖွင့်အပိတ်ခလုတ်ကိုသုံး၍ အသံကိုပိတ်ပါ။ (အချို့နိုင်ငံများ သို့မဟုတ် ဒေသများတွင် အသံပိတ်ထားခြင်းကို ပြုလုပ်မရနိုင်ပါ။)

မှတ်စု Live Photo သင်္ကေတ ဖွင့်ထားသည့်အခါ Live Photo ရိုက်ကူးနေချိန်တွင် ကင်မရာရိုက်ကူးသည့်အသံမထွက်ပါ။

iPhone တွင်အသံတိုး၊ကျယ်ညှိခြင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.