ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် email များကို အလံတပ်မှတ်သားစိစစ်ခွဲထုတ်ခြင်း

Mail အက်ပ် တွင် သင့် email များကို အလံတပ်၍ စိစစ်ခွဲထုတ်မှတ်သားနိုင်သည်။

email တစ်စောင်ကိုအလံတပ်ခြင်း

နောက်ပြန်ရှာရလွယ်ကူစေရန် အီးမေးလ်ကို အလံသင်္ကေတတပ်ထားနိုင်သည်။ အလံတပ်ထားသော email သည် သင့် Inbox ထဲတွင် ကျန်ရှိသော်လည်း Flagged စာတိုက်ပုံးထဲတွင်လည်း ပေါ်နေမည်။ Flagged စာတိုက်ပုံးကို ကြည့်ရှုရန် ဘယ်ဘက်ထိပ်ဆုံးရှိ Mailboxes ကိုနှိပ်ပါ ၊ Edit ကိုနှိပ်ကာ Flagged ကိုရွေးချယ်ပါ။

  1. Email အတွင်း နှိပ်ပါ၊ Reply ခလုတ်ကိုနှိပ်ပြီးနောက် Flagကိုနှိပ်ပါ။

  2. အလံအတွက်အရောင်ရွေးချယ်ရန် အရောင်ပါသည့်အစက်တစ်ခုကိုနှိပ်ပါ။

    အလံကို ပြောင်းလဲရန် သို့မဟုတ် ဖယ်ရှားရန် email ကိုဖွင့်ပါ၊ Reply ခလုတ် ကိုနှိပ်၍ အခြားအရောင်ကိုရွေးပါ၊ သို့မဟုတ်Unmark Email ခလုတ်ကိုနှိပ်ပါ။

    စာပြန်မည့် နည်းလမ်းများကို အောက်တွင်ဖော်ပြထားသည့် အီးမေးလ်တစ်စောင်။ အဆိုပါနည်းလမ်းများအောက်တွင် အလံများအတွက် ရွေးချယ်ထားသည့် အရောင်များဖြစ်သည်။

Apple ID တစ်ခုတည်းဖြင့် အကောင့်ဝင်ရောက်ထားသည့် သင့် Apple ပစ္စည်းများအားလုံးတွင် Mail အတွင်း ထို email ပေါ်တွင် email တွင်းသင်ထည့်သွင်းထားသည့်အလံများ ပေါ်လာမည်ဖြစ်သည်။

VIPs မှလာသော email များကိုအလံတပ်ခြင်း

သင့် VIP စာရင်းထဲသို့ အရေးကြီးသည့်လူများထည့်သွင်းထားလျှင် VIP စာတိုက်ပုံးအတွင်း VIP အလံတစ်ဖြင့် သူတို့၏emails များပေါ်လာမည်။

  1. Email တစ်စောင်ကိုကြည့်ရှုနေစဉ် emailတွင်း လူတစ်ဦး၏အမည် သို့မဟုတ် email လိပ်စာကို နှိပ်ပါ။

  2. Add to VIP ကိုနှိပ်ပါ။

email တစ်စောင်ထံ ပြန်စာများ သို့မဟုတ် အပြန်အလှန်ပေးပိုးထားခြင်းများ အတွက် အသိပေးခြင်း

email တစ်စောင်ဖတ်ချိန် သို့မဟုတ် ရေးချိန်တွင် စာရောက်ကြောင်း အသိပေးချက်ကို ဖန်တီးနိုင်သည်။

  • email တစ်စောင်ဖတ်ရှုသည့်အခါ၊ Reply ခလုတ် ကိုနှိပ်ကာ Notify Me ကိုနှိပ်ပါ။

  • email တစ်စောင်ရေးသားသည့်အခါ၊ Subject ကွက်လပ်ကိုနှိပ်၍ Subject ကွက်လပ်တွင်းရှိ Notify Me ခလုတ် ကိုနှိပ်ပြီးနောက် Notify Me ကိုနှိပ်ပါ။

အနှစ်သက်ဆုံးစာတိုက်ပုံးများထဲသို့ email သို့မဟုတ် သင့် VIP ပုဂ္ဂိုလ်များထံမှ email တို့ဝင်လာသည့်အခါသိရှိနိုင်သည့် မေးလ်အသိပေးချက်များကို ဖန်တီးနိုင်သည်။ အသိပေးချက်ပေါ်ပုံကို ပြောင်းလဲရန် Settings  > Notifications > Mail ကိုသွားပါ၊ ထို့နောက် Thread Notifications ကိုဖွင့်ပါ။

Siri ကိုမေးပါ ထိုကဲ့သို့တစ်ခုခုပြောပါ၊ “Any new mail from Nanditha today?” Siri အားတောင်းဆိုပုံကိုလေ့လာခြင်း

Email အကြောင်းကြားချက်များကို အသံပိတ်ခြင်း

အလုပ်ရှုပ်သော emailပေးပို့ချက်များမှ နှောင့်ယှက်မှုလျော့နည်းစေရန် စကားပြောဆိုမှုများအတွင်း မက်ဆေ့ချ်များ၏အကြောင်းကြားချက်ကို အသံပိတ်ထားနိုင်သည်။

  1. စကားပြောဆိုမှုအတွင်းရှိ email တစ်စောင်ကိုဖွင့်ပါ။

  2. Reply ခလုတ်ကိုနှိပ်ပြီးနောက် Mute ကိုနှိပ်ပါ။

သင်အသံပိတ်ထားသည့် emailများနှင့် လုပ်ဆောင်ခဲ့သည်များကို သေချာစွာသတ်မှတ်ရန် Settings  > Mail > Muted Thread Action သို့သွား၍ ရွေးချယ်မှုတစ်ခုပြုလုပ်ပါ။

သေချာစွာသတ်မှတ်ထားသည့် ပေးပို့သူများထံမှ emailကို ပိတ်ဆို့ခြင်း

ပေးပို့သူတစ်ဦးကို ပိတ်ဆို့တားမြစ်ရန် ၎င်း၏ emailလိပ်စာကိုနှိပ်၍ “Block this Contact” ကိုရွေးပါ။

ကြော်ငြာစာများကိုစီမံဆောင်ရွက်ခြင်း

အီးမေးလ်ကို Junk ဖိုင်တွဲသို့ ရွှေ့ရန် ၎င်းကို ဖွင့်ပါ Reply ခလုတ်ကိုနှိပ်ပါ၊ ပြီးလျှင် Move to Junk ကိုနှိပ်ပါ။

အကြံပြုချက် အီးမေးလ်ကို မတော်တဆရွှေ့မိလျှင် လုပ်ဆောင်ချက်ပြန်ဖျက်ရန် လက်သုံးချောင်းဖြင့် ဘယ်ဘက်သို့ချက်ချင်းပွတ်ဆွဲပါ။

email များကိုစိစစ်ခွဲထုတ်ခြင်း

အချို့မက်ဆေ့ချ်များကိုသာ ယာယီဖော်ပြရန် စစ်ထုတ်လုပ်ဆောင်ချက်များအသုံးပြုနိုင်သည်—စစ်ထုတ်စာရင်းအတွင်း သင်ရွေးချယ်ထားသော နယ်ပယ်များအားလုံးနှင့်ကိုက်ညီသည့် မက်ဆေ့ချ်များသာ။ ဥပမာ သင်က “Unread” နှင့်“Only Mail with Attachments” ကိုရွေးချယ်ခဲ့ပါက တွဲချိတ်ဖိုင်များရှိသည့် မဖတ်ရသေးသော emailများကိုသာ သင်မြင်ရမည်ဖြစ်သည်။

  1. စာတိုက်ပုံးစာရင်း၏ဘယ်ဘက်အောက်ခြေထောင့်ရှိ Filter emails ခလုတ် ကိုနှိပ်ပါ။

  2. “Filtered by” ကိုနှိပ်ပါ။

  3. သင်ကြည့်ရှုလိုသည့် emailများအတွက် နယ်ပယ်များကို ရွေးချယ်ပါ သို့မဟုတ် ဖွင့်ထားပါ။

  4. လက်ရှိစစ်ထုတ်မှုများနှင့် မကိုက်ညီသည့်emailများကို ဝှက်ရန် ဘယ်ဘက်အောက်ခြေထောင့်ရှိ Filter emails ခလုတ် ကိုနှိပ်ပါ။ စိစစ်ခွဲထုတ်ခြင်းကိုပြန်ပိတ်ရန် ထပ်မံပြီး နှိပ်ပါ။

လုပ်ဆောင်နေသည့်စစ်ထုတ်မှုကို ပိတ်ရန် ၎င်းကို ရွေးချယ်မှုဖျက်ပါ သို့မဟုတ် ပိတ်ပါ။ စစ်ထုတ်မှုအားလုံးကိုပိတ်ရန် Filter ခလုတ်ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.