ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် အင်တာနက်မှအသံဖိုင်များကိုရှာဖွေခြင်း

သိပ္ပံပညာ၊ သတင်း၊ နိုင်ငံရေး၊ ဟာသဇာတ်မြူးများ အစရှိတို့အကြာင်းဖြစ်သော ရေဒီယိုအစီအစဉ် သို့မဟုတ် ရုပ်သံအစီအစဉ်တို့ကဲ့သို့ အလားတူအခမဲ့ဂီတပွဲများကို ရှာဖွေကြည့်ရှုရန် Podcasts အက်ပ် ကိုအသုံးပြုပါ။ ပွဲအစီအစဉ်တစ်ခုကို မှတ်ပုံတင်စာရင်းသွင်းထားလျှင် iPhone က အပိုင်းသစ်များထွက်သည်နှင့် အလိုအလျောက် ဒေါင်းလုတ်လုပ်ပေးသည်။

Siri ကိုမေးပါ ထိုကဲ့သို့တစ်ခုခုပြောပါ၊ “Find Voyage To The Stars podcast” Siri အားတောင်းဆိုပုံကိုလေ့လာခြင်း

ပွဲအစီအစဉ်ကို ရှာဖွေခြင်းနှင့် မှတ်ပုံတင်စာရင်းသွင်းခြင်း

  • ပွဲအစီအစဉ်များကို ရှာဖွေရန်၊ Featured shows သို့မဟုတ် Top Charts ကိုကြည့်ရန် Browse ကိုနှိပ်ပါ။ အမျိုးအစားများအလိုက် သို့မဟုတ် အကြောင်းအရာအလိုက် ရှာဖွေနိုင်သည်။

  • ခေါင်းစဉ်၊ လူပုဂ္ဂိုလ် သို့မဟုတ် အကြောင်းအရာဖြင့် ရှာဖွေရန်၊ Search ကိုနှိပ်ကာ သင်ရှာဖွေနေသည်ကို ရိုက်ထည့်ပါ။

  • ပွဲအစီအစဉ်တစ်ခုကို မှတ်ပုံတင်စာရင်းသွင်းရန်၊ ၎င်း၏သတင်းအချက်အလက်စာမျက်နှာကိုမြင်တွေ့ရန်ထိုပြပွဲကိုနှိပ်ပါ၊ ထို့နောက် Subscribe ကိုနှိပ်ပါ။

သင်မှတ်ပုံတင်စာရင်းသွင်းထားသော ပွဲအစီအစဉ်များကို နားဆင်ခြင်း

  1. Listen Now ကိုနှိပ်ပါ။

    လောလောလတ်လတ်အသစ်တင်ထားသော အပိုင်းများကို ပြထားသည့် Listen Now စာမျက်နှာ။
  2. အင်တာနက်မချိတ်ထားသည့်အချိန်တွင် နားဆင်ရန်အတွက် အပိုင်းတစ်ခုကို ဒေါင်းလုတ်လုပ်ရန် Download သင်္ကေတ ကိုနှိပ်ပါ။ Download သင်္ကေတ ကို မတွေ့လျှင် ဤအပိုင်းသည် ဒေါင်းလုတ်လုပ်ပြီး၍ဖြစ်သည်။

    အပိုင်းအသစ်ကိုရရှိသည့်အချိန်တိုင်း အသိပေးချက်များရရှိရန် Notification Settings ခလုတ် ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.