ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ကို Magic Keyboard ဖြင့် အသုံးပြုခြင်း

iPhone ပေါ်တွင်စာရိုက်ရန် Magic Keyboard (သီခြားရရှိနိုင်သည်) ကိုအသုံးပြုနိုင်သည်။

မှတ်စု ဖန်သားပြင်စာရိုက်ခလုတ်ခုံနှင့် တွဲသုံး၍ရသည့် အစီအစဥ်များအားလုံးကို Magic Keyboard က မပံ့ပိုးပါ။ ဥပမာ၊ Magic Keyboard နှင့် သတ်ပုံလိုက်၍ရေးခြင်းကို မဖွင့်နိုင်ပါ။

Apple Wireless Keyboard နှင့် ပြင်ပ Bluetooth စာရိုက်ခုံများကို တွဲဖက်သုံးနိုင်သည့် သတင်းအချက်အလက်များအတွက် Apple Support ဆောင်းပါး iOS စက်များဖြင့် တွဲဖက်သုံးနိုင်သည့် Apple Wireless Keyboard နှင့် Magic Keyboard ကိုကြည့်ပါ။

Magic Keyboard ကို iPhone ဖြင့် ချိတ်ဆက်ခြင်း

အဆိုပါ စာရိုက်ခလုတ်ခုံသည် Bluetooth အသုံးပြု၍ iPhone ဖြင့် ချိတ်ဆက်ထားသောကြောင့် ၄င်းနှစ်ခုကို သင်ချိတ်ဆက်ထားရန် လိုသည်။

  1. စာရိုက်ခလုတ်ခုံကို ပါဝါဖွင့်ပြီး သေချာအားသွင်းထားပါ။

    အကြံပြုချက် စာရိုက်ခလုတ်ခုံအားသွင်းမှုကို စောင့်ကြည့်ရန် Battery အလွယ်သုံးပုံစံကို အသုံးပြုနိုင်ပါသည်။

  2. iPhone တွင် Settings  > Bluetooth သို့သွားပါ၊ထို့နောက်Bluetooth ကိုဖွင့်ပါ။

  3. Other Devices စာရင်းတွင် ၄င်းကိုတွေ့ရသည့်အခါ Magic Keyboard ကို နှိပ်လိုက်ပါ။

စာရိုက်ခလုတ်ခုံ၏ နောက်ဘက်ရှိ ခလုတ်ကို Off သို့ နှိပ်လိုက်သည့်အခါ သို့မဟုတ် စာရိုက်ခလုတ်ခုံကို ရွှေ့လိုက်သည့်အခါ သို့မဟုတ် iPhone သည် Bluetooth မိသည့် အကွာအဝေးပြင်ပ- 33 ပေခန့်အကွာ သို့ရောက်သွားလျှင် Magic Keyboard သည် အဆက်အသွယ်ပြတ်သွားမည်။ ပြန်လည်ချိတ်ဆက်ရန် အဆိုပါခလုတ်ကို On သို့ ပြောင်းပါ သို့မဟုတ် စာရိုက်ခလုတ်ခုံနှင့် iPhone ကို အချိတ်အဆက်မိသည့် အကွာအဝေးတွင်း ပြန်ယူလာပြီး ကြိုက်သည့်ခလုတ်ခုံကို နှိပ်ပါ။ Magic Keyboard ကို ချိတ်ဆက်သည့်အခါ ဖန်သားပြင်ပေါ်ရှိ စာရိုက်ခုံသည် ပေါ်လာမည်မဟုတ်ချေ။

Magic Keyboard ကို ပြန်ဖြုတ်ရန် Bluetooth စက်တစ်ခုကိုချိတ်ဆက်မှု ဖြတ်တောက်ခြင်း ကိုကြည့်ပါ။

မှတ်စု အကယ်၍ Magic Keyboard အခြားစက်ပစ္စည်းနှင့် ချိတ်ထားပြီးဆိုလျှင် အဆိုပါ Magic Keyboard ကို iPhone ဖြင့်မချိတ်ဆက်ခင် အဆိုပါ စက်ပစ္စည်းနှစ်ခုကို အချိတ်အဆက်ဖြုတ်ထားပါ။ Mac တွင် Apple menu  > System Preferences > Bluetooth ကို ရွေးပါ၊ အဆိုပါ စက်ပစ္စည်းကို ရွေးပါ၊ ထို့နောက် အဆိုပါစက်ပစ္စည်းနာမည်ကို Control-click ပါ။ iPhone၊ iPad၊ သို့မဟုတ် iPod touch အတွက် Bluetooth စက်တစ်ခုကိုချိတ်ဆက်မှု ဖြတ်တောက်ခြင်းကို ကြည့်ပါ။

Magic Keyboard ကို အသုံးပြု၍ Search ကို ဖွင့်ခြင်း

Command-Space ကိုနှိပ်ပါ။

စာရိုက်ခုံများကိုဖွင့်ပါ

စာရိုက်ခလုတ်ခုံများကို ကူးပြောင်းနိုင်သည်၊ ဥပမာ English ဘာသာ၊ Emoji နှင့် ဘာသာစကားမျိုးမျိုးရိုက်ရန် သင်ထည့်သွင်းထားသည့်မည်သည့်ခလုတ်ခုံမဆို ကူးပြောင်းနိုင်သည်။

  1. Magic Keyboard ပေါ်တွင် Shift-Control ကိုနှိပ်ပြီးဖိထားပါ။

  2. ဘာသာစကားများမှတစ်ဆင့်လည်ပတ်ရန် Space bar ကိုနှိပ်ပါ။

အကြံပြုချက် တရုတ်ဘာသာစကား၊ ကိုရီးယားဘာသာစကား၊ ဂျပန်ဘာသာစကား၊ သို့မဟုတ် ဟီဘရူးဘာသာစကားသုံး စာရိုက်ခလုတ်ခုံကို ပေါင်းထည့်လျှင်၊ လက်တင်အက္ခရာနှင့် သင်အသုံးပြုနေသည့် အခြားစာရိုက်ခလုတ်ခုံများကြား Caps Lock ခလုတ်ကို အသုံးပြုကာ အလျင်အမြန်ပြောင်းလဲနိုင်ပါသည်။

Magic Keyboard နှင့် ဖန်သားပြင်ပေါ်ရှိ စာရိုက်ခလုတ်ခုံများအကြား ပြောင်းလဲခြင်း

ဖန်သားပြင်ပေါ်ရှိ စာရိုက်ခလုတ်ခုံကို အသုံးပြုရန်၊ Magic Keyboard ပေါ်ရှိ Eject ခလုတ် ကိုနှိပ်ပါ။ Magic Keyboard ကိုအသုံးပြုရန်၊ Eject ခလုတ် ကို တစ်ဖန်ထပ်နှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.