ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင်ရှိသေ ာBooks အက်ပ်ထဲမှအသံထွက်စာအုပ်များကိုနားထောင်ခြင်း

သင့် iPhone တွင် အသံထွက်စာအုပ်များကို နားထောင်နိုင်ရန် Books အက်ပ် ကို သုံးပါ။

အသံထွက်စာအုပ်ဖွင့်သည့်ခလုတ်ထိပ်သည် အသံထွက်စာအုပ် အဖုံးကိုထိပ်ပိုင်းအလယ်ဘက်တွင်ပြပါသည်။ အဖုံးအောက်ဘက်သည်လမ်းကြောင်းနံပါတ်၊ အသံထွက်စာအုပ်အမည် နှင့်စာရေးဆရာတို့ဖြစ်သည်။ အသံထွက်စာအုပ်အမည်အောက်သည်သီချင်းရောက်နေသည့်နေရာပြလိုင်းဖြစ်ကာ၊ ဖွင့်ရန်၊ ရပ်ရန်၊ နှင့်ရှေ့နောက်ကျော်ရန်ထိန်းချုပ်မှုများရှိသည်။ အထိန်းခလုတ်များအောက်သည်အသံထိန်းချုပ်ရန်ဆလိုက်ဘားဖြစ်သည်။ ဖန်သားပြင်၏အောက်ခြေဘယ်ဘက်မှညာဘက်တွင်Playback Speed ခလုတ်၊Sleep Timer ခလုတ်၊Playback Destination ခလုတ်နှင့် Track List တို့ရှိပါသည်။ Library ခလုတ်သည် ဘယ်ဘက်ထိပ်ထောင့်တွင်ရှိသည်။

အသံထွက်စာအုပ်တစ်အုပ်ဖွင့်ခြင်း

Reading Now တွင် သို့မဟုတ် သင့်စာကြည့်တိုက်ရှိ Audiobook များစုစည်းမှုရှိစာအုပ်အဖုံးကိုနှိပ်ပါ၊ ထို့နောက်အောက်ပါအနက်တစ်ခုကိုလုပ်ပါ၊

  • ရှေ့သို့ သို့မဟုတ် နောက်သို့ခုန်ခြင်း၊ မြားအဝိုင်းလေးကိုနှိပ်ပြီးဖိထားပါ၊ သို့မဟုတ် စာအုပ်အဖုံးကိုဖိပြီးရွေ့ပါ။ ရှေ့သို့ကျော်ထားသည့် စက္ကန့်အရေအတွက်ကိုပြောင်းရန်၊ Settings  > Books သို့သွားပါ။

  • နှုန်းကိုမြင့်လိုက်ပါ၊ သို့မဟုတ် နှိမ့်လိုက်ပါ၊ မတူညီတဲ့နှုန်းကိုရွေးချယ်ရန်ဘယ်ဘက်အောက်ထောင့်မှ ပြန်ဖွင့်ရန်နှုန်း ကိုနှိပ်ပါ။ 1 x သည်သာမန်နှုန်းဖြစ်ပြီး 0.75 x သည်ပုံမှန်ရဲ့လေးပုံသုံးပုံအဆအစရှိသဖြင့်။

  • sleep timerလုပ်ခြင်း၊ Sleep ခလုတ် ကိုနှိပ်ပါ ပြီးလျှင်အချိန်အတိုင်းအတာကိုရွေးချယ်ပါ။

  • ကဏ္ဍတစ်ခုသို့သွားခြင်း၊ Table of Contents ခလုတ်ကိုနှိပ်ပါ၊ ထို့နောက်ကဏ္ဍတစ်ခုကိုနှိပ်ပါ။

    မှတ်စု အချို့အသံထွက်စာအုပ်များသည်လမ်းကြောင်းများ အဖြစ် ကဏ္ဍများကိုရည်ညွှန်းသည် သို့မဟုတ် ကဏ္ဍများကို အဓိပ္ပာယ်မသတ်မှတ်ရ။

  • သတ်မှတ်အချိန်ကိုသွားခြင်း၊ playheadကိုဆွဲပြီးအောက်မှ အသံထွက်စာအုပ်အဖုံးကိုတိုက်ရိုက်သွားပါ။ သင်စနားထောင်သည့်နေရာကို timeline ပေါ်တွင်မီးခိုရောင်အဝိုင်းဖြင့်မှတ်သားပါသည်။ ထိုနေရာကို ပြန်နောက်ဆုတ်ရန်အဝိုင်းလေးကိုနှိပ်ပါ။

အင်တာနက်ချိတ်ဆက်နိုင်သည့် Wi-Fi ချိတ်ဆက်မှုတစ်ခုမရလျှင် အသံထွက်စာအုပ်များကို သင့်ဖုန်းဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ၏ cellular ကွန်ရက်မှ တစ်ဆင့်ပေးပို့မှာဖြစ်ပြီး ယင်းသည် ထပ်ဆောင်းကုန်ကျမှုကိုဖြစ်စေနိုင်သည်။ 200 MB အထက်အသံထွက်စာအုပ်များကို cellular မှတစ်ဆင့်ဖွင့်၍မရနိုင်ပါ (iOS 13.3 သို့မဟုတ် အစောပိုင်း)။ cellular အင်တာနက်အသုံးပြုပုံကို စီမံလုပ်ဆောင်ရန်၊ iPhone တွင် cellular ချိန်ညှိချက်များကို ကြည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.