ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ကြိုတင်မှန်းဆထားသည့် စာသားကို အသုံးပြုခြင်း

iPhone စာရိုက်ခလုတ်ခုံတွင် သင်စာရိုက်နေသည့်အခါ Siri သည် သင်နောက်ရိုက်မည့်စာလုံးအား ကြိုတင်မှန်းဆပေးခြင်း၊ သင့်စာလုံးနေရာတွင် ထည့်သွင်းနိုင်မည့် emoji ကိုအကြံပြုပေးခြင်း၊ သင့်လတ်တလော လှုပ်ရှားမှုနှင့် အက်ပ်စ်များမှရသည့် သတင်းအချက်အလက်များပေါ်မူတည်၍ အခြားအကြံပြုချက်များကိုလည်း ပြုလုပ်ပေးသည်။(ဘာသာစကားအားလုံးအတွက် မရနိုင်ပါ)။ Messages တွင် ဥပမာ ထိုကဲ့သို့ သင်စာရိုက်သည့်အခါ၊

  • “I’m at” နောက်တွင် space တစ်ချက်နှိပ်လိုက်သည့်အခါ သင့်လက်ရှိတည်နေရာ သည် ရွေးစရာနည်းလမ်းတစ်ခုအဖြစ် ပေါ်လာသည်။

  • “My number is” နောက်တွင် space တစ်ချက်နှိပ်လိုက်သည့်အခါ သင့်ဖုန်းနံပါတ်သည် ရွေးစရာနည်းလမ်းတစ်ခုအဖြစ် ပေါ်လာသည်။

ကြိုတင်မှန်းဆထားသည့် စာသားအကြံပြုချက်များကို လက်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်း

သင်စာရိုက်နေစဉ်တွင် အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်နိုင်သည်၊

  • အကြံပြုထားသည့် စာလုံး သို့မဟုတ် emoji ကို နှိပ်ပြီး ၎င်းတို့ကို လက်ခံနိုင်သည်၊ နေရာလွတ်တစ်ခုထားခြင်း သို့မဟုတ် ပုဒ်ဖြတ်ပုဒ်ရပ်ထည့်ပြီး အသားပေးဖော်ပြထားသည့် အကြံပြုချက်တစ်ရပ်အား လက်ခံနိုင်သည်။

    အကြံပြုထားသည့် စာလုံးတစ်လုံးကို သင်နှိပ်လိုက်သည့်အခါ ၎င်း စာလုံးနောက်တွင် နေရာလွတ်တစ်ခုပေါ်လာမည်။ သင်သည် ကော်မာတစ်ခု၊ ဖူးစတော့ သို့မဟုတ် အခြားပုဒ်ရပ်တစ်ခုကို ရိုက်နှိပ်ထားလျှင် ၎င်းနေရာလွတ်သည် ပျက်သွားမည်။

  • သင့်မူလစာလုံးကို နှိပ်ပြီးတော့လည်း အကြံပြုချက်များကို ငြင်းပယ်ခြင်း (မျက်တောင်အဖွင့်အပိတ်ဖြင့် ကြိုတင်မှန်းဆထားသည့်စာသားရွေးချယ်မှု နည်းလမ်းအဖြစ် ပြသထားသည်)။

    မက်ဆေ့ချ်အသစ်တစ်စောင်၏ ပထမဆုံးစာလုံးအနည်းငယ်ဖော်ပြထားပြီး နောက်စာလုံးအား ခန့်မှန်းဖော်ပြပေးထားသည့် Mail မက်ဆေ့ချ်တစ်ခု။

ကြိုတင်မှန်းဆထားသည့်စာသားအား ပိတ်ထားခြင်း

  1. စာသားကိုပြင်ဆင်နေစဉ်တွင် Next Keyboard Emoji ခလုတ် သို့မဟုတ် Switch Keyboard ခလုတ် ကိုထိ၍ထိန်းထားပါ။

  2. Keyboard Settings ကို နှိပ်ပါ၊ ထို့နောက် Predictive ကိုပိတ်ပါ။

ကြိုတင်မှန်းဆထားသည့် စာသားကိုပိတ်သည့်အခါ၊ iPhone သည် စာလုံးပေါင်းအမှားများအတွက် အမှားပြင်ဆင်ချက်များအား အကြံပြုပေးဦးမည် ဖြစ်သည်။ အမှားပြင်ဆင်ချက်တစ်ရပ်ကို လက်ခံရန် နေရာလွတ်တစ်နေရာခြားခြင်း သို့မဟုတ် ပုဒ်ရပ်တစ်ခု ရိုက်ထည့်ခြင်း သို့မဟုတ် ပြန်သွားရန်ကို နှိပ်ခြင်း တို့လုပ်ပါ။ အမှားပြင်ဆင်ချက်ကို ငြင်းပယ်ရန် “x” ကိုနှိပ်ပါ။ သင်သည် ၎င်းအကြံပြုချက်တစ်ခုတည်းကိုပဲ အချိန်အနည်းငယ်ကြာသည်အထိ ငြင်းပယ်လျှင် iPhone သည် ၎င်းအားအကြံပြုတော့မဟုတ်ပေ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.