ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင်သင်၏ အသံဖိုင်များမှတ်ပုံတင်စာရင်းသွင်းမှုနှင့် အသံဖိုင်စုစည်းမှုကို စီမံဆောင်ရွက်ခြင်း

Podcasts အက်ပ် တွင် မှတ်ပုံတင်စာရင်းသွင်းမှုများနှင့် သင်၏ အသံဖိုင်စုစည်းမှုထဲမှ အပိုင်းများကို ထည့်သွင်းနိုင်သလို ဖယ်ရှားနိုင်ပါသည်။

သင်၏မှတ်ပုံတင်စာရင်းသွင်းမှုများကို စီမံဆောင်ရွက်ခြင်း

  1. Library ကိုနှိပ်ပါ။

    လတ်တလောအသစ်တင်ထားသော အသံဖိုင်များကို ပြထားသော Library စာမျက်နှာ။
  2. ပွဲအစီအစဉ်နှင့်ဆိုင်သော သတင်းအချက်အလက်စာမျက်နှာကို ကြည့်ရန် ၎င်းကိုနှိပ်ကာ More ခလုတ်ကိုနှိပ်ပြီးနောက် အောက်ပါတို့မှ တစ်ခုခုကိုလုပ်ဆောင်ပါ၊

    • playback လုပ်သည့်အပိုင်း၏အစီအစဉ်ကိုပြောင်းပါ၊ သတိပေးချက်များရပ်ကာ၊ အပိုင်းဒေါင်းလုတ်ရယူမှုများကိုစီမံပါ၊ Settings ကိုနှိပ်ပါ။

    • အပိုင်းအသစ်များဒါင်းလုတ်လုပ်ခြင်းကိုရပ်တန့်ရန်- Unsubscribe ကိုနှိပ်ပါ။

    • အပိုင်းအားလုံးကိုဖယ်ရှားရန်၊ Library မှ Delete ကိုနှိပ်ပါ။

အပိုင်းများနှင့် ဒေါင်းလုတ်များကို စီမံဆောင်ရွက်ခြင်း

  • အပိုင်းတစ်ပိုင်းကို သင်၏အသံဖိုင်စုစည်းမှုထဲသို့ ထည့်သွင်းရန်၊ သင်မှတ်ပုံတင်စာရင်းမသွင်းရသေးသော အသံဖိုင်များအတွက် အပိုင်းတစ်ပိုင်း၏ ကပ်ရက်ရှိ Add to library ခလုတ် ကိုနှိပ်ပါ။ အင်တာနက်နှင့်မချိတ်ဆက်ထားချိန်တွင် ထိုအပိုင်းကိုနားဆင်ရန်နိုင်ရန် အပိုင်းကိုဒေါင်းလုတ်လုပ်ထားရန် Download သင်္ကေတ ကိုနှိပ်ပါ။

  • အပိုင်းတစ်ပိုင်းကိုဖျက်ရန်၊ Library ကိုနှိပ်၍ Episodes ကိုနှိပ်ပါ။ အပိုင်းပေါ်တွင် ဘယ်ဘက်သို့ ပွတ်ဆွဲကာ Delete ကိုနှိပ်ပါ။

  • ဒေါင်းလုတ်လုပ်ထားသည်ကို ဖယ်ရှားရန်၊ Library ကိုနှိပ်၍ Episodes ကိုနှိပ်ပါ။ အပိုင်းပေါ်တွင် ဘယ်ဘက်သို့ ပွတ်ဆွဲကာ Remove ကိုနှိပ်ပါ။

သင်၏ Podcasts settings ကိုပြောင်းလဲခြင်း

Settings  > Podcasts သို့သွားပါ၊ ထို့နောက်အောက်ပါတို့မှနှစ်သက်ရာတစ်ခုကိုလုပ်ဆောင်ပါ။

  • cellular အင်တာနက်သုံးခြင်းမှဒေါင်းလုတ်ရယူခြင်းကိုကာကွယ်ခြင်း၊ Block Downloads Over Cellular ကိုဖွင့်ပါ။

  • Apple ID တစ်ခုတည်းဖြင့် ဝင်ရောက်ထားသော စက်ပစ္စည်းများအားလုံးတွင် သင်၏မှတ်ပုံတင်စာရင်းသွင်းခြင်းများကို အချိန်နှင့်တစ်ပြေးညီ ထိန်းသိမ်းရန်၊ Sync Podcasts ကိုဖွင့်ပါ။

  • သင်၏မှတ်ပုံတင်စာရင်းသွင်းခြင်းများအားလုံးအတွက် ဒေါင်းလုတ်ချိန်ညှိခြင်းများကို ပြောင်းလဲရန်၊ Episode Downloads အောက်ရှိ ချိန်ညှိမှု ကိုပြောင်းလဲပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.