ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် တည်နေရာဖြင့် ဓာတ်ပုံများကို ရှာဖွေခြင်း

Photos အက်ပ် သည် သင်ရိုက်ကူးထားသည့် ဓာတ်ပုံများနှင့်ဗီဒီယိုများအား ရိုက်ကူးခဲ့သည့်နေရာပေါ်လိုက်၍ Places အယ်လ်ဘမ်တွင် အမှတ်တရစုစည်းထားမှုများအဖြစ် ဖန်တီးပေးသည်။ သီးခြားသတ်မှတ်နေရာတစ်ခုတွင် ရိုက်ကူးထားသော ဓာတ်ပုံများကို ကြည့်ခြင်း သို့မဟုတ် ထိုအနီးအနား၌ ရိုက်ကူးထားသော ဓာတ်ပုံများကိုရှာဖွေခြင်း။ မြေပုံတစ်ခုပေါ်တွင် သင်ရောက်ခဲ့သော နေရာအားလုံးအားအမှတ်တရ စုစည်းထားမှုတစ်ခုအား ကြည့်ခြင်း သို့မဟုတ် အချို့နေရာ၏ Memory ရုပ်ရှင်တစ်ကားကို ကြည့်ခြင်း။

တည်နေရာဖြင့် ဓာတ်ပုံများကို ရှာဖွေခြင်း

  1. Albums စာမျက်နှာကိုနှိပ်ကာ Places အယ်လ်ဘမ်ကိုနှိပ်ပါ။

  2. Map သို့မဟုတ် Grid မြင်ကွင်းတို့ကို ရွေးချယ်ပါ။

    တည်နေရာအချက်အလက်များ (GPS အချက်အလက်) တစ်ဆက်တည်း တွဲထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများသာ ပါဝင်သည်။

    အကြံပြုချက် ပိုမိုတိကျသည့်တည်နေရာများကို ကြည့်ရန် မြေပုံကိုချဲ့၍ ဖိဆွဲပါ။

ဓာတ်ပုံရိုက်ကူးခဲ့သော နေရာကိုကြည့်ခြင်း

  1. ဓာတ်ပုံတစ်ပုံကို ဖွင့်ပြီးနောက် ဓာတ်ပုံ၏အချက်အလက်အစုံကို မြင်ရရန် အပေါ်သို့ပွတ်ဆွဲပါ။

  2. အသေးစိတ်ပိုမိုမြင်ရရန်ထိုမြေပုံ သို့မဟုတ် လိပ်စာလင့်ခ်ကိုနှိပ်ပါ။

ထိုအနီးအနားတွင်ရိုက်ကူးခဲ့သော ဓာတ်ပုံများရှာဖွေခြင်း

  1. မျာက်နှာပြင်အပြည့်ကြည့်ရန် ဓာတ်ပုံတစ်ပုံကိုနှိပ်ပါ။ (ဓာတ်ပုံတွင် တည်နေရာအချက်အလက်များပါရှိရမည်။)

  2. အပေါ်သို့ရွှေ့ပါ၊ ထို့နောက် Show Nearby Photos ကိုနှိပ်ပါ။

တည်နေရာကိုအခြေခံထားသော Memory ရုပ်ရှင်တစ်ခုကိုကြည့်ခြင်း

  1. Albums စာမျက်နှာတွင်၊ Places အယ်လ်ဘမ်ကိုနှိပ်ပါ၊ ထို့နောက် Grid ကိုနှိပ်ပါ။

  2. များစွာသောပုံများနှင့်တည်နေရာကိုရှာပါ၊ ထို့နောက်တည်နေရာခေါင်းစီးကိုနှိပ်ပါ။

  3. Play ခလုတ် ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.