ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ပြက္ခဒိန်များစွာကိုထည့်သွင်းခြင်း

Calendar အက်ပ် တွင်၊ အမျိုးမျိုးသော ပွဲရက်များကို မျက်ခြည်မပြတ်စေရန် ပြက္ခဒိန်များစွာကို ထည့်သွင်းပါ။ သင့်ပွဲရက်များနှင့် ချိန်းဆိုမှုများအားလုံးကို မျက်ခြည်မပြတ်စေရန် တစ်စုတည်းထားရှိနိုင်သော်လည်း မထားလည်းရပါသည်။ အရံပြက္ခဒိန်များသည် ချိန်ညှိထားရှိရန်လွယ်ကူပြီး အစီအစဉ်တကျဆက်လက်ရှိနေစေရန် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။

အမှန်ခြစ်သင်္ကေတများနှင့် ပြက္ခဒိန်များစာရင်းသည် အသုံးပြုလျက်ရှိသော ပြက္ခဒိန်များကို ညွှန်ပြပါသည်။ ထိုစာရင်းပိတ်ရန်အတွက် ညာဘက်ထိပ်ထောင့်တွင် Done ခလုတ်ရှိပါသည်။

ပြက္ခဒိန်များစွာကို တစ်ခါတည်းကြည့်ခြင်း

ပြက္ခဒိန်များစွာကို တစ်ခါတည်းကြည့်ရှုရန် ဖန်သားပြင်အောက်ခြေရှိ Calendars ကိုနှိပ်ကာ အောက်ပါတို့အနက် တစ်ခုခုကိုလုပ်ဆောင်ပါ၊

  • သင်ကြည့်ရှုလိုသော ပြက္ခဒိန်များကို ရွေးချယ်ပါ။

  • သင့်ပွဲရက်များတွင် အစိုးရရုံးပိတ်ရက်များကိုထည့်သွင်းရန် US Holidays ကိုထိနှိပ်ပါ။

  • သင့်ပွဲရက်များတွင် Contacts မှ မွေးနေ့များကိုထည့်သွင်းရန် Birthdays ကိုနှိပ်ပါ။

ပုံသေသုံးပြက္ခဒိန်ကို ရွေးချယ်သတ်မှတ်ခြင်း

သင်၏ပြက္ခဒိန်များအနက် တစ်ခုကို ပုံသေပြက္ခဒိန်အဖြစ် သတ်မှတ်ထားရှိနိုင်သည်။ Siri သို့မဟုတ် အခြားအက်ပ်များကိုအသုံးပြု၍ ပွဲရက်တစ်ခု ထည့်သွင်းသည့်အခါ သင်၏ပုံသေပြက္ခဒိန်အတွင်းသို့ ရောက်ရှိသွားပါမည်။

  1. Settings  > Calendar > Default Calendar သို့သွားပါ။

  2. ပုံသေပြက္ခဒိန်အဖြစ် သင်အသုံးပြုလိုသည့် ပြက္ခဒိန်ကို ရွေးချယ်ပါ။

ပြက္ခဒိန်၏ အရောင်ကို ပြောင်းလဲခြင်း

  1. ဖန်သားပြင်အောက်ခြေရှိ Calendars ကို နှိပ်ပါ။

  2. ပြက္ခဒိန်၏ ဘေးတွင်ရှိသော Info ခလုတ် ကိုနှိပ်၍ အရောင်ရွေးချယ်ပါ။

  3. Done ကိုနှိပ်ပါ။

Google ကဲ့သို့ ပြက္ခဒိန်အကောင့်တချို့အတွက် အရောင်ကို ဆာဗာမှ သတ်မှတ်သည်။

iCloud၊ Google၊ Exchange သို့မဟုတ် Yahoo! ပြက္ခဒိန်များကို ဖွင့်ခြင်း

  1. Settings  > Passwords & Accounts > Add Account > Other သို့သွားပါ။

  2. Add CalDAV Account သို့မဟုတ် Add Subscribed Calendar ကိုနှိပ်ပါ။

  3. ဆာဗာအချက်အလက်များကို ထည့်သွင်းပါ။

ပြက္ခဒိန်ကို စာရင်းသွင်းမှတ်ပုံတင်ခြင်း

  1. Settings  > Passwords & Accounts > Add Account > Other သို့သွားပါ။

  2. Add Subscribed Calendar ကိုနှိပ်ပါ။

  3. စာရင်းသွင်းမှတ်ပုံတင်မည့်.ics ဖိုင်၏ URL နှင့် ဆာဗာနှင့်သက်ဆိုင်သော လိုအပ်သည့်အခြားမည်သည့်အချက်အလက်များကိုမဆို ထည့်သွင်းပါ။

ပြက္ခဒိန်နှင့် ချိတ်ဆက်ထားသော လင့်ကို နှိပ်ခြင်းဖြင့် iCalendar (.ics) ပြက္ခဒိန်တစ်ခုကို စာရင်းသွင်းမှတ်ပုံတင်နိုင်သည်။

CalDAV အကောင့်တစ်ခုထည့်သွင်းခြင်း

  1. Settings  > Passwords & Accounts > Add Account > Other သို့သွားပါ။

  2. Add CalDAV account ကို နှိပ်ပါ။

  3. ဆာဗာအချက်အလက်များကို ထည့်သွင်းပါ။

ပွဲရက်တစ်ခုကို အခြားပြက္ခဒိန်ထဲသို့ ရွှေ့ထည့်ခြင်း

ပွဲရက်ကို ထိနှိပ်၍ Calendar ကိုနှိပ်ပြီးလျှင် ရွှေ့ပြောင်းလိုသော ပြက္ခဒိန်ကို ရွေးချယ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.