ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Calendar တွင် ပွဲရက်မှတ်သားမှုများ ဖန်တီးရန်နှင့် ဖြည့်စွက်ပြင်ဆင်ရန်

ပွဲရက်များ၊ ချိန်းဆိုမှုများ နှင့် အစည်းအဝေးရက်များ ဖန်တီးရန်နှင့် ဖြည့်စွက်ပြင်ဆင်ရန် Calendar အက်ပ် ကို အသုံးပြုပါ။

ပြက္ခဒိန်အတွင်း ရက်ပြသည့်နေရာတွင် ထိုတစ်နေ့တာ၏ ပွဲရက်မှတ်သားမှုများကို ဖော်ပြသည်။ ပြက္ခဒိန်ပါအကြောင်းအရာများကို ပြောင်းလဲရန် ဖန်သားပြင်အောက်နားရှိ Calendars ခလုတ်ကိုနှိပ်ပါ။ ဖိတ်ကြားစာများကိုကြည့်ရန် ညာဘက်အောက်ခြေရှိ Inbox ခလုတ်ကို နှိပ်ပါ။

Siri ကိုမေးပါ ထိုကဲ့သို့တစ်ခုခုပြောပါ၊

  • “ Set up a meeting with Gordon at 9”

  • “Do I have a meeting at 10?”

  • သို့မဟုတ် “Where is my 3:30 meeting?”

Siri အားတောင်းဆိုပုံကိုလေ့လာခြင်း

ပွဲရက်တစ်ခုကိုထည့်သွင်းခြင်း

  1. ရက်ပြသည့်နေရာ၏ ညာဘက်ထိပ်တွင်ရှိသော Add ခလုတ် ကိုနှိပ်ပါ။

  2. ပွဲရက်အသေးစိတ်များကိုဖြည့်ခြင်း။

    ပွဲ၏ ခေါင်းစီးနှင့် တည်နေရာ၊ စတင်ချိန်နှင့်ပြီးဆုံးချိန်၊ ကျင်းပသည့်အကြိမ်ရေ၊ စသည်တို့ကို ထည့်သွင်းပါ၊

  3. ညာဘက်ထိပ်တွင်ရှိသော Add ခလုတ်ကိုနှိပ်ပါ။

သတိပေးချက်တစ်ခု ထည့်သွင်းခြင်း

ပွဲရက်အချိန်ကို ကြိုတင်သတိပေးရန် သတိပေးချက်တစ်ခု သတ်မှတ်ထည့်သွင်းနိုင်သည်။

  1. ပွဲရက်မှတ်သားမှုကို နှိပ်ပြီး ညာဘက်ထိပ်နားရှိ Edit ကိုနှိပ်ပါ။

  2. ပွဲရက်အသေးစိတ်များတွင် Alert ကိုနှိပ်ပါ။

  3. သတိပေးစေလိုသည့် အချိန်ကို ရွေးချယ်ပါ။

    ဥပမာ “At time of event,” “5 minutes before” သို့မဟုတ် တခြားရွေးချယ်မှုကိုရွေးချယ်ပါ။

    မှတ်စု ပွဲရက်၏တည်နေရာလိပ်စာကိုထည့်သွင်းလိုလျှင် ထွက်ခွာရမည့်အချိန်ရောက်သည့်အခါ သင့်အားပြောပြရန်အတွက် တည်နေရာများ၊ ယာဉ်လမ်းကြောအခြေအနေများနှင့် ဂိတ်ရွေးချယ်စရာများကို ကြည့်ရှုရန် Calendar က Apple Maps ကိုသုံးသည်။

တွဲဆက်ဖိုင်တစ်ခု ထည့်သွင်းခြင်း

ဖိတ်ကြားထားသူများကို မျှဝေပေးရန် Calendar ပွဲရက်သို့ တွဲဆက်ဖိုင်တစ်ခုထည့်သွင်းနိုင်သည်။

  1. ပွဲရက်မှတ်သားမှုကို နှိပ်ပြီး ညာဘက်ထိပ်နားရှိ Edit ကိုနှိပ်ပါ။

  2. ပွဲရက်အသေးစိတ်များတွင်Add attachment ကိုနှိပ်ပါ။

    The Files အက်ပ်ပွင့်လာသည့်အခါ မကြာသေးမီကသင်ဖွင့်ခဲ့သည့်ဖိုင်များကိုဖော်ပြသည်။

  3. သင်တွဲဆက်လိုသည့်ဖိုင်၏တည်နေရာကိုရှာဖွေပါ။

    ဖိုင်ကိုရှာဖွေရန် အပေါ်အောက်ရွှေ့ကြည့်နိုင်ပြီး ၎င်းတို့ကိုဖွင့်ရန် ဖိုင်တွဲများကိုနှိပ်ပါ၊ အခြားတည်နေရာများ(iCloud Drive ကဲ့သို့သော) တွင် ရှာဖွေရန် Browse ကိုနှိပ်ပါ၊ ရှာဖွေမှုနေရာအတွင်းရှိ ဖိုင်အမည်ကိုရိုက်ထည့်ပါ၊ စသည်။ iPhone ရှိ Files အတွင်းမှ ဖိုင်များနှင့် ဖိုင်တွဲများကို ကြည့်ရန် ကိုကြည့်ပါ။

  4. Done ကိုနှိပ်ပါ။

တွဲဆက်ဖိုင်ကိုဖယ်ရှားရန် ပွဲရက်ကိုနှိပ်ပါ၊ ညာဘက်ထိပ်ရှိ Edit ကိုနှိပ်ပါ၊ တွဲဆက်ဖိုင်အပေါ်မှဘယ်ဘက်သို့ပွတ်ဆွဲပါ၊ ပြီးလျှင် Remove ကိုနှိပ်ပါ။

အခြားအက်ပ်စ်များတွင် ပွဲတော်များရှာခြင်း

Mail၊ Messages နှင့် Safari တွင်တွေ့ရသော ပွဲရက်များ—လေယာဉ်လက်မှတ်ကြိုတင်ဝယ်ယူခြင်းနှင့် ဟိုတယ်နေရာကြိုတင်မှာယူခြင်းတို့ကဲ့သို့—ကို Siri ကအကြံပြုနိုင်သည့်အတွက် ၎င်းတို့ကို Calendar အတွင်း လွယ်ကူစွာထည့်သွင်းနိုင်သည်။

  1. Settings  > Calendar > Siri & Search သို့သွားပါ။

  2. အခြားအက်ပ်များအတွင်း တွေ့ရသောပွဲရက်များကို Siri မှအကြံပြုခွင့်ရစေရန် App အတွင်းရှိ Show Siri Suggestions ကိုဖွင့်ပါ။

Calendar ကိုသင်အသုံးပြုပုံကိုမူတည်၍ အခြားအက်ပ်များအတွင်း Siri ကအကြံပြုခွင့်ရစေရန် Learn from this App ကိုဖွင့်ပါ။

ပွဲရက်တစ်ခုကို ပြင်ဆင်ခြင်း

သင့်အနေဖြင့် ပွဲတစ်ခု၏အချိန်နှင့် အခြားမည်သည့်အသေးစိတ်အချက်အလက်ကိုမဆို ပြောင်းလဲနိုင်သည်။

  • အချိန်ပြောင်းလဲရန်၊ ရက်ပြသည့်နေရာတွင် ပွဲရက်ကို ထိပြီးထိန်းထားကာ အချိန်ထည့်သွင်းမှုအသစ်ဆီကို ဆွဲယူပါ သို့မဟုတ် ဆွဲယူမှတ်ကို ချိန်ညှိပါ။

  • ပွဲရက်အသေးစိတ်အကြောင်းအရာများကို ပြောင်းလဲရန်၊ ပွဲရက်မှတ်သားမှုကို နှိပ်ကာ ညာဘက်ထိပ်ရှိ Edit ကိုနှိပ်ပြီးနောက် ပွဲရက်မှတ်သားမှုအသေးစိတ်အချက်အလက်များတွင် ပြောင်းလဲရန် ချိန်ညှိမှုတစ်ခုကို နှိပ်ပါ သို့မဟုတ် အချက်အလက်အသစ်ကို ရိုက်ထည့်ရန် ကွက်လပ်တစ်ခုကိုနှိပ်ပါ။

ပွဲရက်မှတ်သားမှုကို ဖျက်ခြင်း

ရက်ပြသည့်နေရာတွင် ပွဲရက်မှတ်သားမှုကို နှိပ်ပြီးနောက် ဖန်သားပြင်၏ အောက်ခြေရှိ Delete Event ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.