ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Mail တွင် email များကိုဖျက်သိမ်းခြင်းနှင့် ပြန်လည်ရယူခြင်း

Mail အက်ပ် တွင် မလိုအပ်တော့သည့် email များကိုဖျက်သိမ်းပါ။

email များဖျက်သိမ်းခြင်း

email များဖျက်သိမ်းရာတွင် နည်းလမ်းများစွာရှိပါသည်။ အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊

  • email တစ်စောင်ကိုကြည့်ရှုနေစဉ်၊ email တစ်စောင်၏ အောက်ခြေရှိ Delete ခလုတ် ကိုနှိပ်ပါ။

  • email စာရင်းကိုကြည့်ရှုနေစဉ်၊ email ကို ဘယ်ဘက်သို့ပွတ်ဆွဲကာ လုပ်ဆောင်မှုစာရင်းထဲမှ Trash ကိုရွေးချယ်ပါ။

    လက်ဟန်တစ်ချက်တည်းနှင့် email ဖျက်လိုလျှင် ၎င်းကို ဘယ်ဘက်အဆုံးထိ ပွတ်ဆွဲပါ။

  • emails များစွာကို တစ်ကြိမ်တည်းဖျက်ခြင်း၊ email စာရင်းကို ကြည့်နေစဉ် Edit ကို နှိပ်ပါ၊ သင်ဖျက်လိုသည့် emails ကိုရွေးပါ၊ ထို့နောက်Trash ကိုနှိပ်ပါ။

    Emails အများအပြားကို မြန်မြန်ရွေးချယ်နိုင်ရန် အမှန်ခြစ်အကွက်များတလျှောက် အောက်သို့ပွတ်ဆွဲနိုင်သည်။

ဖျက်သိမ်းရန် အတည်ပြုချက်တောင်းခြင်းကို ဖွင့်ရန် ပိတ်ရန် Settings  > Mail သို့ သွားပါ၊ ထို့နောက် Ask Before Deleting ကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ။

သင်စိတ်ပြောင်းသွားလျှင် လုပ်ဆောင်ချက်ပြန်ဖျက်ရန် လက်သုံးချောင်းဖြင့် ဘယ်ဘက်သို့ချက်ချင်းပွတ်ဆွဲပါ။

ဖျက်သိမ်းလိုက်သည့် email တစ်စောင်ကို ပြန်လည်ရယူခြင်း

  1. အကောင့်၏ Trash စာတိုက်ပုံးသို့သွားကာ email ကိုဖွင့်ပါ။

  2. More Actions ခလုတ် ကိုနှိပ်ပါ ပြီးလျှင် အခြားစာတိုက်ပုံးသို့ မက်ဆေ့ချ် ကိုရွှေ့ပါ။

သင်စိတ်ပြောင်းသွားလျှင် လုပ်ဆောင်ချက်ပြန်ဖျက်ရန် လက်သုံးချောင်းဖြင့် ဘယ်ဘက်သို့ချက်ချင်းပွတ်ဆွဲပါ။

အကြံပြုချက် အကောင့်များအားလုံးရှိ အီးမေးလ်များကို ဖျက်ရန် ဘယ်ဘက်ထိပ်ရှိ Mailboxes ကိုနှိပ်ပါ၊ စာရင်းထိပ်ဆုံးရှိ Edit ကိုနှိပ်ပါ၊ ပြီးလျှင် All Trash စာတိုက်ပုံးကိုရွေးပါ။

ဖျက်သိမ်းမည့်အစား မှတ်တမ်းသိမ်းနေရာသို့ပို့ခြင်း

email များကို ဖျက်သိမ်းမည့်အစား မှတ်တမ်းစာတိုက်ပုံးထဲသို့ ထည့်သိုထားနိုင်သည်။ (မှတ်တမ်း စာတိုက်ပုံးတစ်ခုဖန်တီးလိုက်သော်လည်း email များကို ဖျက်သိမ်းရနိုင်သေးသည်။)

  1. Settings  > Passwords & Accounts သို့သွားပါ။

  2. သင့် email အကောင့်ကိုနှိပ်၍ (Advanced အောက်မှ) Mail ကိုနှိပ်ပြီးနောက် Advanced ကိုနှိပ်ပါ။

  3. Advanced ချိန်ညှိမှုများ တွင် ဖျက်သိမ်းလိုက်သော email များ၏ စာတိုက်ပုံးလသွားရာကို Archive Mailbox သို့ပြောင်းလဲပါ။

၎င်းရွေးချယ်မှုကို ဖွင့်ပြီးသည့်အခါ email တစ်ခုကို မှတ်တမ်းသွင်းမည့်အစား ဖျက်သိမ်းရန်Archive ခလုတ်ကိုထိ၍ထိန်းထားကာTrash Message ကိုနှိပ်ပါ။

ဖျက်သိမ်းထားသည့် Emails များဆက်ပြီးထားရှိမည့်ကာလကို ဆုံးဖြတ်ခြင်း

ဖျက်သိမ်းထားသော email များကို Trash စာတိုက်ပုံးထဲတွင်ရှိနေစေချင်သည့် ကာလကို သတ်မှတ်နိုင်သည်။

  1. Settings  > Passwords & Accounts သို့သွားပါ။

  2. သင့် email အကောင့်ကိုနှိပ်၍ (Advanced အောက်မှ) Mail ကိုနှိပ်ပြီးနောက် Advanced ကိုနှိပ်ပါ။

  3. Advanced ချိန်ညှိမှုများတွင် Remove ကိုနှိပ်ပြီးနောက် အချိန်ကာလတစ်ခုရွေးချယ်နိုင်သည်။

မှတ်စု သင်၏ရွေးချယ်မှုသည် အချို့သော email ဝန်ဆောင်မှုများကို မသက်ရောက်နိုင်ပါ၊ ဥပမာအားဖြင့် သင်က Never ဟု ရွေးချယ်ထားလျှင်ပင် iCloud သည် ဖျက်သိမ်းထားသော email များကို ရက် 30 ထိသာ ထိန်းသိမ်းထားသည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.