ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Home တွင် ရောက်တာတစ်ခု သီးသန့်စီစဉ်ခြင်း

iOS 13.2 သို့မဟုတ် နောက်ပိုင်းထွက်အမျိုးအစားများနှင့်ဆိုလျှင် သင့်အိမ်ရှိ Wi-Fiကွန်ရက်နှင့် အင်တာနက်တို့တွင် သင့် HomeKit ဆက်စပ်ပစ္စည်းများ ဆက်သွယ်နိုင်အောင်ဝန်ဆောင်မှုပေးသည့် တွဲဖက်ညီရောက်တာတစ်ခုဖြင့် သင့်အိမ်ပိုမိုလုံခြုံစိတ်ချစေရန်Home အက်ပ် ကိုအသုံးပြုနိုင်သည်။ HomeKit အသုံးပြုနိုင်သည့် ရောက်တာများအတွက် သင့်တွင် အိမ်ဗဟိုချက်အဖြစ်စီမံရန် အတွက် HomePod၊ Apple TV၊ သို့မဟုတ် iPad တစ်ခုရှိရန် လိုအပ်သည်။ လိုက်ဖက်ညီသောရောက်တာများအတွက် အိမ်နှင့်ဆက်စပ်ပစ္စည်းများဝက်ဘ်ဆိုက် ကိုကြည့်ပါ။

ရောက်တာချိန်ညှိမှုများကို သီးသန့်ပြုလုပ်ရန်၊ အောက်ပါအချက်များကို လိုက်နာပါ၊

  1. iOS device တစ်ခုပေါ်တွင် ထုတ်လုပ်သူ၏အက်ပ်နှင့်အတူ ရောက်တာကို စီမံလုပ်ဆောင်ပါ။

  2. Home အက်ပ်ကို ဖွင့်ပါ၊ Home ဘားကိုနှိပ်ပါ၊ ထို့နောက် Add and Edit Home ခလုတ် ကို နှိပ်ပါ။

  3. Wi-Fi Network & Routers ကို နှိပ်ပါ။

  4. ဆက်စပ်ပစ္စည်းတစ်ခုကို နှိပ်ပါ၊ ထို့နောက် အောက်ပါချိန်ညှိမှုများမှ တစ်ခုကိုရွေးပါ၊

    • ကန့်သတ်ချက်မထားရန်၊ ရောက်တာသည် ၎င်းဆက်စပ်ပစ္စည်းကို အင်တာနက်ဝန်ဆောင်မှုတစ်ခုခု သို့မဟုတ် ပရင်တာစသည်တို့ဖြင့် ချိတ်ဆက်ခွင့်ပေးသည်။

      ၎င်းကြောင့် လုံခြုံရေးအဆင့်အားနည်းသွားစေနိုင်သည်။

    • အလိုအလျောက်၊ ရောက်တာသည် အသိအမှတ်ပြုအင်တာနက်ဝန်ဆောင်မှုများနှင့် ပရင်တာ စသည့်ပစ္စည်းများမှတစ်ဆင့် အလိုအလျောက်အဆင့်မြှင့်တင်ထားသော ထုတ်လုပ်သူစာရင်းကို ချိတ်ဆက်ခွင့်ပြုသည်။

    • Home သို့ ကန့်သတ်ထားခြင်း၊ ရောက်တာသည် ဆက်စပ်ပစ္စည်းကို သင့်အိမ်ပင်မစက်နှင့် ချိတ်ဆက်ခွင့်ပြုသည်။

      ၎င်းနည်းလမ်းသည် firmware အဆင့်မြှင့်တင်မှုများ သို့မဟုတ် အခြားဝန်ဆောင်မှုများကို ကာကွယ်တားဆီးပေးနိုင်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.