ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် သင်၏VoiceOver ချိန်ညှိမှုများကိုပြောင်းခြင်း

အသံရွေးချယ်မှုများ၊ ဘာသာစကား၊ အသံ၊ စကားပြောနှုန်း နှင့် စကားသံရှည်ခြင်းတို့ကဲ့သို့သော VoiceOver အတွက်ချိန်ညှိမှုများကို အထူးပြုလုပ်နိုင်သည်။

VoiceOver အသံနှင့် အခြားအသံရွေးချယ်မှုများကိုချိန်ညှိခြင်း

  • အသံကျယ်ရန် သို့မဟုတ် အသံတိုးရန် iPhone ရှိအသံတိုးကျယ်ခလုတ်များကိုဖိပါ။

  • အခြားအသံရွေးချယ်မှုများကိုပြုလုပ်ရန် Settings  > Accessibility > VoiceOver > Audio သို့သွားပါ၊ထို့နောက်အောက်ပါတို့မှအချို့ကိုပြုလုပ်ပါ၊

    • Mute Sound Effects ကိုဖွင့်ပါ။

    • VoiceOver ကပြောဆိုသည့်အခါ ပြန်ဖွင့်သည့်အသံကို ယာယီတိုးရန် Audio Ducking ကိုဖွင့်ပါ။

    • အသံချဲ့ကိရိယာ သို့မဟုတ် ဒီဂျေ အသံရောစက်ကဲ့သို့သော ထပ်တိုးကိရိယာများကို ချိတ်ဆက်သည့်အခါ အသံလမ်းကြောင်းရွေးချယ်မှုများကိုညှိပါ။

VoiceOver ဘာသာစကားကိုသတ်မှတ်ခြင်း

သင်၏ iPhone အတွက် VoiceOver သည် သင်ရွေးချယ်ထားသော ဘာသာစကားတစ်ခုတည်းကိုသာ အသုံးပြုသည်။ ဘာသာစကားအချို့တွင် VoiceOver မှအသံထွက်ပုံသည် သင်ရွေးချယ်ထားသော Region Format အရအသံထွက်မည်ဖြစ်သည်။

  1. Settings  > General > Language & Region သို့သွားပါ။

  2. iPhone Language ကိုနှိပ်ကာ ဘာသာစကားတစ်ခုကိုရွေးချယ်ပါ။

စကားပြောသံကို ချိန်ညှိခြင်း

Settings  > Accessibility > VoiceOver သို့သွားကာ အောက်ပါတို့မှ တစ်ခုခုကိုလုပ်ဆောင်ပါ၊

  • စကားပြောနှုန်းကို ချိန်ညှိရန်၊ Speaking Rate ဆလိုက်ကိုပွတ်ဆွဲပါ။

  • အသံတစ်သံရွေးချယ်ရန်၊ Speech > Voice ကိုနှိပ်ပြီး အသံတစ်သံရွေးချယ်ပါ။ အဆင့်မြှင့်ထားသည့် အသံတစ်ခုကို ဒေါင်းလုတ်လုပ်ရန် Download ခလုတ် ကို နှိပ်ပါ။

  • အသံအနိမ့်အမြင့်ကိုချိန်ညှိရန်၊ Speech ကိုနှိပ်ကာ ဆလိုက်ကိုပွတ်ဆွဲပါ။ အဖွဲ့တစ်ခု (စာရင်းတစ်ခု သို့မဟုတ် ဇယားတစ်ခု)၏ ပထမဆုံးအမျိုးအစားကို VoiceOver အသံမြှင့်ပြောနိုင်ရန်နှင့် အဖွဲ့တစ်ခု၏ နောက်ဆုံးအမျိုးအစားကို ပြောသည့်အခါ အသံနှိမ့်ပြီးပြောနိုင်ရန်အတွက် Use Pitch Change ကို ဖွင့်ထားနိုင်သည်။

  • အချို့စာလုံးများ၏ အသံထွက်ကိုသတ်မှတ်ရန်၊ Speech > Pronunciations ကိုနှိပ်ပါ၊ Add ခလုတ် ကိုနှိပ်ပါ၊ စကားရပ်တစ်ခုကို ရိုက်သွင်းကာ ထိုစကားရပ်ကို သင်အလိုကျ အသံထွက်ဆိုစေရန် သံယောင်ရွတ်ပြပါ သို့မဟုတ် စာလုံးပေါင်းပြပါ။

    မှတ်စု Settings > General > Keyboards တွင် Enable Dictation ကိုဖွင့်မှသာလျှင် ထိုကဲ့သို့ သံယောင်ရွတ်ပြနိုင်သည်။

VoiceOver သည် သင့်ကို ပြောပြပေးနိုင်သည့် အတိုင်းအတာကို သတ်မှတ်ခြင်း

Settings  > Accessibility > VoiceOver သို့သွားကာ အောက်ပါတို့မှ တစ်ခုခုကိုလုပ်ဆောင်ပါ၊

  • စကားအရှည်ပြောခြင်း၊ VoiceOver အနေဖြင့် အရိပ်အမြွက်များ၊ ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတ၊ စာလုံးကြီးများ၊ ထည့်သွင်းထားသည့်လင့်ခ် နှင့် အစရှိသည်တို့ကို ပြောဆိုစေရန် ရွေးချယ်စရာများကို ရွေးချယ်ပါ။ VoiceOver မှ ရိုတာလုပ်ဆောင်ချက်များကိုပင် အတည်ပြုပေးနိုင်သည်။

    VoiceOver အနေဖြင့် ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတကို ပြောဆိုပုံကိုပြောင်းလဲစေရန် Punctuation ကိုနှိပ်၍ အုပ်စုတစ်ခုကိုရွေးချယ်ပါ။ သင့်အနေဖြင့် အုပ်စုအသစ်များကိုလည် ဖန်တီးနိုင်သည်—ဥပမာ “[” ကို “left brack” အဖြစ်ပြောဆိုသည့် ပရိုဂရမ်ရေးဆွဲပေးသည့်အုပ်စုတစ်ခု။

  • သတိပေးချက်များအား အသံဖြင့် အမြဲဖော်ပြရန်၊ iPhone ကိုပိတ်ထားလျှင်ပင် စာသားမက်ဆေ့ချ်များဝင်လာခြင်း အပါအဝင် အသိပေးချက်များကို VoiceOver ကဖတ်ပါသည်။ iPhone ကိုဖွင့်သည့်အခါ မဖတ်ထားသည့် အသိပေးချက်များကို ထပ်တလဲလဲပြသည်။

လုပ်ဆောင်ချက်တစ်ခုခုအတွက် VoiceOver ချိန်ညှိမှုများကို စိတ်ကြိုက်ချိန်ညှိပါ။

ပရိုဂရမ်ရေးဆွဲခြင်းကဲ့သို့သော လုပ်ဆောင်ချက်တစ်ခုခုအတွက် VoiceOver ချိန်ညှိမှုများ၏အုပ်စုတစ်ခုကို စိတ်ကြိုက်ချိန်ညှိနိုင်သည်။ အက်ပ်တချို့ကို သင်ဖွင့်သည့်အခါ သို့မဟုတ် ရိုတာကိုချိန်ညှိခြင်းဖြင့် အလိုအလျောက် ချိန်ညှိမှုများကို အသုံးပြုနိုင်သည်။

  1. Settings  > Accessibility > VoiceOver > Activities သို့သွားပါ။

  2. ရှိပြီးသားလုပ်ဆောင်ချက်တစ်ခုကိုရွေးချယ်ပါ သို့မဟုတ် Add Activity ကိုနှိပ်ပါ။

  3. စကားပြောဆိုမှု၊ စကားအရှည်ပြောမှုနှင့် မျက်မမြင်စာတို့အတွက် ချိန်ညှိမှုများကို ညှိပါ။

  4. ဤလုပ်ဆောင်ချက်အတွက် အလိုအလျောက်ချိန်ညှိမှုများရစေရန် Apps သို့မဟုတ် Context ကိုရွေးချယ်ပါ။

VoiceOver အသွင်အပြင်များကို ချိန်ညှိခြင်း

Settings  > Accessibility > VoiceOver သို့သွားကာ အောက်ပါတို့မှ တစ်ခုခုကိုလုပ်ဆောင်ပါ၊

  • အညွှန်းမြှားတံအကြီး၊ ရွေးချယ်ထားသောအရာတဝိုက် အနက်ရောင်ဘောင်ခတ်မျဉ်းကိုကြည့်ရာတွင် အခက်အခဲရှိပါက ထိုဘောင်ခတ်မျဉ်းကို ပုံကြီးချဲ့ကာ အရောင်ရင့်စေနိုင်သည်။

  • စာတန်းထိုးအကွက်၊ VoiceOver မှပြောသည့်စာသားကို ဖန်သားပြင်၏အောက်ခြေတွင် ပြသသည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.