ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ cellular ဝန်ဆောင်မှုကို စီမံလုပ်ဆောင်ခြင်း

သင်၏ iPhone ရှိ cellular ဆက်သွယ်မှုသည် ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီမှ SIM ကတ်တစ်ကတ်လိုအပ်သည်။ cellular အစီအစဉ်တစ်ရပ် စီမံလုပ်ဆောင်ရန် ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီကို ဆက်သွယ်ပါ။

ဆင်းမ်ကတ်အသေးကိုသုံး၍ သင့်ဖုန်းဝန်ဆောင်မှုပေးသည့်ကုမ္ပဏီ၏ကွန်ရက်သို့ သင်၏iPhone ကိုချိတ်ဆက်နိုင်သည်။ ဆင်းမ်ကတ်နှစ်မျိုးထည့်၍ရသည့် iPhone တွင်၊ ဆင်းမ်ကတ်အသေးနှင့်အီးဆင်းမ်ကတ် သုံးနိုင်သည် (နိုင်ငံများ သို့မဟုတ် ဒေသများအားလုံးတွင်မရနိုင်ပါ)။

အောက်ပါတို့သည် ဆင်းမ်ကတ်နှစ်ကတ်အသုံးပြုနိုင်သည့် နည်းလမ်းများစွာမှ အချို့ဖြစ်ပါသည်၊

  • လုပ်ငန်းသုံးအတွက် ဖုန်းနံပါတ်တစ်ခုနှင့် ကိုယ်ရေးကိုယ်တာ ဖုန်းခေါ်ဆိုမှုများအတွက် အခြားနံပါတ်တစ်ခုကို အသုံးပြုပါ။

  • သင်သည် အခြားဒေသသို့ခရီးသွားသည့်အခါ ပြည်တွင်းသုံး အင်တာနက်အစီအစဉ်တစ်ရပ်ကို ထည့်သွင်းပါ။

  • အသံခေါ်ဆိုမှုနှင့် အင်တာနက်သုံးစွဲမှုအစီအစဉ်ဟူ၍ ခွဲခြားထားပါ။

မှတ်စု မတူညီသည့် ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီနှစ်ခုကို အသုံးပြုရန် သင်၏ iPhone သည် သော့ဖြည်ပြီးသားဖြစ်ရမည်။

ဆင်းမ်ကတ်အသေးကိုတပ်ဆင်ခြင်း

  1. ဆင်းမ်ကတ်ထည့်အကန့်၏ အပေါက်လေးထဲသို့ စာရွက်ညှပ်ကလစ် သို့မဟုတ် ဆင်းမ်ကတ်ထုတ်ကိရိယာတို့ကို ထည့်သွင်း၍ အကန့်ကိုထုတ်ရန် iPhone ဘက်သို့ထိုးထည့်ပါ။

    စာရွက်ညှပ်ကလစ် (သို့မဟုတ်) ဆင်းမ်ကဒ်ထုတ်ကိရိယာကို iPhone ၏ညာဘက်ရှိဆင်းမ်ကဒ်ဗန်း၏အပေါက်လေးထဲသို့ထည့်သွင်းပြီးဗန်းကိုဆွဲထုတ်ပါ။

    မှတ်စု ဆင်းမ်ကတ်အကန့်၏ပုံစံနှင့် ထားရှိရမည့်တည်နေရာသည် iPhone မော်ဒယ်နှင့် သင်အသုံးပြုရာနေရာဒေသပေါ်မူတည်သည်။

  2. iPhone မှ အကန့်ကိုဆွဲထုတ်ပါ။

  3. အကန့်ထဲတွင် ဆင်းမ်ကတ်အသေးကိုနေရာချပါ။ ထောင့်ချိုးအရ ထည့်သွင်းမှုမှန်မမှန်ကို သိရမည်။

    iPhone ရှိ အကန့်အတွင်းသို့ ထည့်သွင်းထားသည့် ဆင်းမ်ကတ်အသေးတစ်ကတ်၊ ထောင့်ချိုးထားသည့်ထောင့်သည် လက်ယာအပေါ်ဘက်တွင်ဖြစ်သည်။
  4. iPhone ထဲသို့အကန့်ကိုပြန်သွင်းပါ။

  5. အကယ်၍ သင်သည် ယင်းဆင်းမ်ကတ်အသေးပေါ်တွင် PIN (စိစစ်ရေးနံပါတ်) ထည့်သွင်းပြီးသားဖြစ်လျှင် အကွက်ပေါ်လာလျှင် ယင်း PIN ကိုဂရုစိုက်၍ ချက်ချင်းဖြည့်သွင်းပါ။

    သတိပေးချက် ဆင်းမ်ကတ် PIN (စိစစ်ရေးနံပါတ်) ကိုအမှန်းနှင့်ထည့်ခြင်းမျိုး လုံးဝမပြုလုပ်ပါနှင့်။ မမှန်မကန်ခန့်မှန်းမှုသည် သင်၏ဆင်းမ်ကတ်ကို အစဉ်သော့ခတ်သွားစေနိုင်ပြီး ဆင်းမ်ကတ်အသစ်ရရှိသည်အထိ ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီမှတစ်ဆင့် ဖုန်းခေါ်ဆိုမှုများကိုမပြုလုပ်နိုင်သလို၊ cellular အချက်အလက်များကို အသုံးပြုနိုင်မည်မဟုတ်ပါ။ Apple အထောက်အကူပြုဆောင်းပါးရှိ သင်၏ iPhone သို့မဟုတ် iPad အတွက် ဆင်းမ်ကတ် PIN (စိစစ်ရေးနံပါတ်) တစ်ခုအသုံးပြုခြင်းကိုဖတ်ရှုပါ။

အရေးကြီးသော GSM ကွန်ရက်များနှင့် အချို့သော CDMA ကွန်ရက်များသို့ ချိတ်ဆက်သည့်အခါ cellular ဝန်ဆောင်မှုများကို အသုံးပြုရန် ဆင်းမ်ကဒ်အသေးကိုလိုအပ်လာနိုင်သည်။ CDMA ကြိုးမဲ့ကွန်ရက်ဖြင့် စတင်ဖွင့်ထားသည့် iPhone သည် အဓိကအားဖြင့် နိုင်ငံတကာကွန်ရက်များထိ ဝင်ရောက်အသုံးပြုရန်အတွက် GSM ကွန်ရက်တစ်ခုဖြင့်ချိတ်ဆက်ရန် ဆင်းမ်ကတ်အသေးကို အသုံးပြုနိုင်သည်။ သင်၏ iPhone သည် ဝန်ဆောင်မှုပေးသူနဲ့ အနည်းဆုံးပေးရမည့် ဝန်ဆောင်မှုဆိုင်ရာ သဘောတူစာချုပ်အပြီးသတ်ပြီးနောက်ပိုင်းတွင်ပင် အင်တာနက်ဝန်ဆောင်မှုများ ပြောင်းလဲအသုံးပြုခြင်းနှင့် ကွန်ရက်များဝင်ရောက်သုံးစွဲခြင်းတို့ကို ကန့်သတ်ချက်များ ပါဝင်နိုင်သည့် ကြိုးမဲ့အင်တာနက်ဝန်ဆောင်မှုပေးသူ၏ မူဝါဒများအရသာ အလုပ်လုပ်ဆောင်မည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက သင့်၏ကြိုးမဲ့အင်တာနက်ဝန်ဆောင်မှုပေးသူကို ဆက်သွယ်ပါ။ Cellular လိုင်းစွမ်းဆောင်ရည်များရရှိနိုင်မှုသည် ယင်းကြိုးမဲ့ကွန်ရက်၊ သင်၏ iPhone မော်ဒယ်နှင့် သင်အသုံးပြုရာနေရာဒေသပေါ်တွင် မူတည်သည်။

အီးဆင်းမ်ကတ်ဖြင့် သင်၏ cellular ဝန်ဆောင်မှုကို စီမံလုပ်ဆောင်ခြင်း

အီးဆင်းမ်ကတ်ထည့်သွင်းနိုင်သည့်မော်ဒယ်များတွင် သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီမှပေးထားသည့် အီးဆင်းမ်ကတ်ကို iPhone တွင် ဒီဂျစ်တယ်နည်းဖြင့် သိမ်းဆည်းပေးထားသည်။

  1. Settings  > Cellular သို့သွားပြီးနောက် Add Cellular Plan ကိုနှိပ်ပါ။

  2. သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီမှ ပံ့ပိုးပေးထားသည့် QR ကုဒ်ကို ဘောင်အတွင်း အံကျဖြစ်စေရန် iPhone ကိုနေရာမှန်ထားပါ သို့မဟုတ် အသေးစိတ်အချက်အလက်များကို ကိုယ်တိုင်ရိုက်ထည့်ပါ။ သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီမှ ပံ့ပိုးပေးထားသည့် အတည်ပြုကုဒ်တစ်ခုကို ရိုက်ထည့်ရန် တောင်းဆိုလာနိုင်ပါသည်။

  3. Add Cellular Plan ကို နှိပ်ပါ။

  4. ယင်းအစီအစဉ်အသစ်သည် သင့်၏ဒုတိယလိုင်းဖြစ်ပါက အစီအစဉ်များကို သင်အလိုရှိသကဲ့သို့ အတူတကွလုပ်ဆောင်နိုင်မည့်နည်းလမ်းကို ဆောင်ရွက်ရန် ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

တစ်နည်းအားဖြင့် သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီ၏ အက်ပ် (အထောက်အပံ့ပေးထားလျှင်) မှတစ်ဆင့် သင်၏ cellular အစီအစဉ်ကိုစတင်ဖွင့်လှစ်နိုင်သည်။ App Store သို့သွားကာ၊ သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီ၏အက်ပ်ကို ဒေါင်းလုတ်ဆွဲပါ၊ ထို့နောက် cellular အစီအစဉ်ကိုဖွင့်ရန်ယင်းအက်ပ်ကိုသုံးပါ။

သင်၏ iPhone တွင် အီးဆင်းမ်ကတ်များကို တစ်ခုထက်ပိုသိမ်းထားနိုင်သော်လည်း အီးဆင်းမ်ကတ်များကို တစ်ကြိမ်တွင် တစ်ကတ်သာသုံးနိုင်သည်။ အီးဆင်းမ်ကတ်ပြောင်းလဲသုံးရန် Settings > Cellular သို့သွား၍ အသုံးပြုလိုသည့် အစီအစဉ်ကိုနှိပ်ပြီးနောက် Turn On This Line ကိုနှိပ်ပါ။

သင့်တွင် ဆင်းမ်ကတ်အသေးတစ်ကတ်ရှိပါက သင်၏ဒုတိယလိုင်းအဖြစ် ၎င်းကို အသုံးပြုနိုင်သည်။ Apple အထောက်အကူပြုဆောင်းပါးရှိ အီးဆင်းမ်ကတ် နှင့်အတူ ဆင်းမ်ကတ်နှစ်မျိုးသုံးခြင်းကိုဖတ်ရှုပါ။

သင်၏ cellular အစီအစဉ်များကို စီစဉ်ဆောင်ရွက်ခြင်း

ဆင်းမ်ကတ်နှစ်မျိုးအသုံးပြုနိုင်သည့် မော်ဒယ်များတွင်အစပျိုးလုပ်ဆောင်နေစဉ်အတွင်း၊ iPhone ၏ လိုင်းတစ်ခုချင်းစီအသုံးပြုပုံကို သင်ရွေးချယ်နိုင်သည်။ ချိန်ညှိမှုများကိုနောက်ပိုင်းတွင်ပြောင်းရန်၊ အောက်ပါတို့ကိုလုပ်ဆောင်ပါ၊

  1. Settings  > Cellular သို့သွားပါ။

  2. အောက်ပါတို့ကိုလုပ်ဆောင်ပါ၊

    • Cellular Data ကိုနှိပ်ပါ၊ ထို့နောက်ပုံသေလိုင်းတစ်လိုင်းကိုရွေးချယ်ပါ။ သတင်းပေးပို့ချက်နှင့်ရရှိနိုင်မှုပေါ်မှုတည်သည့်အခြားလိုင်းကို iPhone မှသုံးခွင့်ရရန် Allow Cellular Data Switching ကိုဖွင့်ပါ။

      Data Roaming ဖွင့်ထားပြီး သင်သည် ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီ၏ ကွန်ရက်မိသည့် ဧရိယာပြင်ပသို့ ရောက်ရှိနေလျှင် ကွန်ရက်ကူးပြောင်းသုံးစွဲခြင်းအတွက် အခကြေးငွေကုန်ကျနိုင်သည်။

    • Default Voice Line ကိုနှိပ်၍ လိုင်းတစ်လိုင်းကိုရွေးချယ်ပါ။

    • Cellular အစီအစဉ်များအောက်ရှိ လိုင်းတစ်လိုင်းကို နှိပ်ပြီးနောက် Cellular Plan Lable၊ Wi-Fi Calling၊ (သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီမှရနိုင်ပါက) ၊ Calls on Other စက်၊ သို့မဟုတ် SIM PIN ကဲ့သို့သော ချိန်ညှိမှုများကို ပြောင်းလဲချိန်ညှိပါ။ ၎င်းအညွှန်းသည် Phone၊ Messages နှင့် Contacts တို့တွင်ပေါ်လာမည်။

ဆင်းမ်ကတ်နှစ်မျိုးသုံးသည့်အခါ အောက်ပါတို့ကိုမှတ်သားထားပါ၊

  • အခြားလိုင်းကိုဖုန်းခေါ်ဆိုမှုအတွက်သုံးနေစဉ်တွင်ဖုန်းခေါ်မှုများလက်ခံရရှိရန်ထိုလိုင်းကိုလုပ်ဆောင်စေမည့်လိုင်းတစ်လိုင်းအတွက် Wi-Fi Calling ကိုဖွင့်ရမည်ဖြစ်သည်။ ဖုန်းပြောဆိုနေစဉ်လိုင်းတစ်လိုင်းတည်းမှဒုတိယဖုန်းခေါ်ဆိုမှုလက်ခံရရှိပြီး၊ Wi-Fi ချိတ်ဆက်ထားမှုမရှိပါက၊ အခြားလိုင်းခေါ်ဆိုမှုလက်ခံရန်ခေါ်ဆိုမှုအတွက်အဆိုပါဖုန်းလိုင်း၏cellular အင်တာနက်ကို iPhone မှသုံးနိုင်သည်။ အခကြေးငွေများကုန်ကျနိုင်သည်။ ထိုခေါ်ဆိုမှုအတွက်သုံးထားသည့်ယင်းလိုင်းသည်အခြားလိုင်း၏ခေါ်ဆိုမှုကိုလက်ခံရရှိရန် သင်၏Cellular Data ချိန်ညှိမှုများတွင်အင်တာနက်အသုံးပြုရန်အတွက်ခွင့်ပြုထားမည်ဖြစ်သည် (ပုံသေလိုင်းအဖြစ်၊ သို့မဟုတ် ဖွင့်ထားသည့် Allow Cellular Data Switching နှင့်အတူပုံသေမဟုတ်သည့်လိုင်းအဖြစ်)။

  • သင်ဖုန်းခေါ်သည့်အခါသင်၏အခြားလိုင်းသို့ဝင်လာသည့်မည်သည့်ဖုန်း‌ခေါ်ဆိုမှုများမဆို (အရေး‌ပေါ်ဝန်ဆောင်မှုများမှဖုန်းခေါ်ဆိုမှုများအပါအဝင်) voicemail သို့တိုက်ရိုက်ဝင်သည် (သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီမှပံ့ပိုးပေးထားလျှင်) ၊ လွတ်သွားသည့်ဖုန်းခေါ်ဆိုမှုသတိပေးချက်များကိုလက်ခံရရှိမည်မဟုတ်ပါ။

    လိုင်းတစ်လိုင်းသည်မအားပါက သို့မဟုတ် ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါက အခြေအနေအရအခြားဖုန်းလိုင်းသို့ လွှဲပြောင်းပေးသည့် လုပ်ဆောင်မှုကို (သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီမှ ပံ့ပိုးပေးထားလျှင်) ရယူနိုင်သလို ၎င်းခေါ်ဆိုမှုများသည် voicemail ထဲသို့မဝင်ပါ။ ရယူမှုဆိုင်ရာ သတင်းအချက်အလက်များကို သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီသို့ ဆက်သွယ်ပါ။

  • သင်၏ဆင်းမ်ကတ်နှစ်ခုပါ iPhone မှထပ်ဆင့်လိုင်းလွှင့်၍ Mac ကဲ့သို့အခြားစက်ပစ္စည်းတစ်ခုဖြင့် ဖုန်းခေါ်ဆိုမှုလုပ်လျှင် ၎င်းဖုန်းခါ်ဆိုမှုကို ပုံသေရွေးချယ်ထားသော voice line ကိုသာ အသုံးပြုမည်ဖြစ်သည်။

  • သင်သည် လိုင်းတစ်လိုင်းကိုသုံးပြီး SMS/MMS မက်ဆေ့ချ်များပေးပို့သည်ဆိုပါက ထိုကဲ့သို့ အခြားလိုင်းသို့ပြောင်းလဲအသုံးပြုကာ မက်ဆေ့ချ်ပေးပို့မရပါ။ သင့်အနေဖြင့် ထိုအပြန်အလှန်ပြောဆိုမှုကိုဖျက်၍ အခြားလိုင်းသုံးကာ အပြန်အလှန်ပြောဆိုမှုအသစ်တွင် စတင်ပေးပို့ရမည်။ ထို့အပြင် သင်၏ cellular အင်တာနက်မဟုတ်သည့်လိုင်းဖြင့် SMS/MMS များ ဖိုင်များတွဲဆက်ပေးပို့ပါက အခကြေးငွေများ ထပ်ဆောင်းကျသင့်နိုင်သည်။

  • Instant HotSpot နှင့် Personal Hotspot တို့သည် cellular အင်တာနက်အတွက် ရွေးချယ်ထားသော လိုင်းကိုသာအသုံးပြုသည်။

သင်၏cellular အစီအစဉ်များကိုစီမံသည့်အခါ၊ သက်ဆိုင်ရာအချက်အလက်၊ အသံ၊ နှင့်ကွန်ရက်ကူးပြောင်းသုံးစွဲခြင်းကိုစဉ်းစားပါ၊ အထူးသဖြင့် iPhone နှင့်ခရီးထွက်သည့်အခါတွင်ဖြစ်သည်။ iPhone တွင် cellular ချိန်ညှိချက်များကို ကြည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ကိုကြည့်ပါ။

အချို့သော ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီများသည် အခြားဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီကို သုံးစွဲနိုင်ရန်အတွက် iPhone ကို သော့ဖြည်ပေးသည် (အခကြေးငွေများထပ်ဆောင်ပေးဆောင်ရနိုင်သည်) ခွင့်ပြုချက်တောင်းခံခြင်းနှင့် စီမံလုပ်ဆောင်မှုအချက်အလက်များအတွက် သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီကို ဆက်သွယ်ပါ။ Apple အထောက်အကူပြုဆောင်းပါးရှိ မတူညီသည့် ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီကို အသုံးပြုရန်အတွက် သင်၏ iPhone ကိုသော့ဖြည်နည်းကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.