ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Home တွင် HomePod စတင်စီမံခြင်း

HomePod ရှိသတိပေးချက်များကိုဖြည့်၍ပြင်ဆင်ရန်နှင့်ယင်း၏ချိန်ညှိမှုများစွာကိုထိန်းချုပ်ရန် Home အက်ပ် ကိုသုံးနိုင်သည်။

HomePod သတိပေးချက်များကို ထပ်ပေါင်းရန်နှင့် ပြင်ဆင်ရန်အတွက် Home ကို အသုံးပြုခြင်း

Home အက်ပ်တွင် HomePod ခလုတ်ကို ထိပြီးထိန်းထားကာ အပေါ်သို့ဆွဲပါ သို့မဟုတ် Settings ခလုတ်ကို နှိပ်ပြီးလျှင် Alarms ကိုနှိပ်၍ အောက်ပါတို့အနက်တစ်ခုခုကိုလုပ်ပါ၊

  • သတိပေးသံတစ်ခုဖြည့်ခြင်း၊ Add ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် သတိပေးသံတစ်ခုဖန်တီးပါ၊ ထို့နောက် Save ကို နှိပ်ပါ။

  • သတိပေးသံတစ်ခုကိုပြင်ဆင်ခြင်း၊ Edit ကိုနှိပ်ပါ၊ သတိပေးသံအချိန်ကိုနှိပ်ပါ၊ အချိန်ကိုပြောင်းပါ၊ ထို့နောက် Save ကိုနှိပ်ပါ။

  • သတိပေးသံများကိုဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း၊ သတိပေးသံဘေးရှိခလုတ်ကိုနှိပ်ပါ။

  • သတိပေးသံတစ်ခုကို ဖျက်ခြင်း၊ Edit ကိုနှိပ်ပါ၊ သတိပေးသံခလုတ်ဘေးရှိ Delete ခလုတ် ကိုနှိပ်ပါ၊ Delete ကိုနှိပ်ပါ။

HomePod ချိန်ညှိမှုများကိုပြောင်းခြင်း

  1. Home အက်ပ်အတွင်း HomePod ခလုတ်ကို ထိပြီးထိန်းထားပါ။

  2. ဖန်သားပြင်တွင် အပေါ်ဘက်သို့ဆွဲပါ သို့မဟုတ် Settings ခလုတ်ကိုနှိပ်ပါ၊ ပြီးလျှင် HomePod ချိန်ညှိမှုများကို စီမံပါ။

    မတူညီသည့်အခန်းတစ်ခန်းသို့ HomePod ကိုသတ်မှတ်နိုင်သည်၊ ထိုအခန်းထဲတွင် HomePod စပီကာနှစ်ခုနှင့်စတီရီယိုချိတ်ဆက်မှုကိုဖန်တီးပါ၊ HomePod ကိုပြန်လည်အမည်ပေးပါ၊ နားလည်လွယ်သည့်အစီအစဉ်များအစရှိသည်တို့ကိုဖွင့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.