ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Siri လုပ်နိုင်သည့်အရာများကို လေ့လာခြင်း

သတင်းအချက်အလက်များ ရယူရန်နှင့် လုပ်ဆောင်မှုများလုပ်စေရန် iPhone တွင် Siri ကိုအသုံးပြုပါ။ Siri ကဝက်ဘ်စာမျက်နှာလင့်ခ်တစ်ခုပြသသည့်အခါ ၎င်းလင့်ခ်ကိုနှိပ်၍ Safari တွင် သက်ဆိုင်ရာသတင်းအချက်အလက်များပိုမိုသိရှိနိုင်သည်။ ဖန်သားပြင်ပေါ်တွင်ပေါ်နေသည့် Siri တုံ့ပြန်မှုတွင် ခလုတ်များ သို့မဟုတ် ထိန်းချုပ်စနစ်များပါနေလျှင် ၎င်းတို့ကိုနှိပ်၍ ဆက်လက်ဆောင်ရွက်နိုင်သည်။

  • သင်၏မေးခွန်းများအတွက် အဖြေရယူရန်၊ ဝက်ဘ်စာမျက်နှာမှ သတင်းအချက်အလက်များ၊ အားကစားပြိုင်ပွဲရမှတ်များ၊သင်္ချာပုစ္ဆာအဖြေများနှင့် စသည်တို့ကို ရှာဖွေရယူပါ။ ဥပမာအားဖြင့် “Hey Siri, what causes a rainbow” “Hey Siri, what was the score of the Orioles game yesterday” သို့မဟုတ် “Hey Siri, what’s the derivative of cosine x?” ဟုပြောဆိုပါ။

    “What’s the derivative of cosine x?” ဆိုသည့် မေးခွန်းအတွက် အဖြေတုံ့ပြန်ခြင်း ဖန်သားပြင် အပေါ်မှအောက်သို့ ညီမျှခြင်းတစ်ခု၊ ဂရပ်နှစ်ခု နှင့် ထပ်ဆောင်းသတင်းအချက်အလက်များ ဖော်ပြထားသည်။
  • iPhone ရှိ အက်ပ်များနှင့် လုပ်ဆောင်ချက်များ ဆောင်ရွက်ခြင်း၊ သင်၏အသံဖြင့် အက်ပ်များကို ထိန်းချုပ်ရန် Siri ကိုအသုံးပြုပါ။ ဥပမာအားဖြင့် Calendar တွင် ပွဲတစ်ခုဖန်တီးရန် “Hey Siri, set up a meeting with Gordon at 9” ဟုပြောဆိုပါ သို့မဟုတ် Reminders လုပ်စရာစာရင်းသစ်ထည့်ရန် “Hey Siri, add artichokes to my groceries list” ဟုပြောဆိုပါ။

  • ဘာသာစကားများကို ဘာသာပြန်စေခြင်း၊ ဥပမာအားဖြင့် “Hey Siri, how do you say Thank You in Mandarin?” သို့မဟုတ် “Hey Siri, what languages can you translate?”ဟုပြောဆိုပါ။

    “How do you say thank you in Mandarin?” ဆိုသည့်မေးခွန်း၏ အဖြေတွင် Siri မှ thank you ဆိုသည့်အင်္ဂလိပ်ဘာသာစာစုကို တရုတ်ဘာသာပြန်၍ ပြသထားသည်။ ဘာသာပြန်ဆိုချက်ကို အသံပြန်လည်ထွက်ဆိုစေရန် ဘာသာပြန်ဆိုချက်၏ ညာဘက်တွင် ခလုတ်တစ်ခုရှိသည်။
  • ရေဒီယိုလိုင်းတစ်ခုဖွင့်ခြင်း၊ ဥပမာအားဖြင့် “Hey Siri, play Wild 94.9” သို့မဟုတ် “Hey Siri, tune into ESPN Radio” ဟုပြောပါ။

  • AirPods ကိုအသုံးပြု၍ မက်ဆေ့ချ်များကို နားထောင်ပြီး တုံ့ပြန်ခြင်း၊ (AirPods Pro နှင့် AirPods 2nd generation၊ iOS 13.2 သို့မဟုတ် နောက်ပိုင်းထွက်အမျိုးအစားများ) သင့် iPhone ကို သော့ပိတ်ထားသောအခါ သင့် AirPods မှာ ချိတ်ဆက်ထားလျှင် Siri မှ မက်ဆေ့ချ်ကို သင့်အားဖတ်ပြပေမည်။ Siri ကိုမည်သို့တုံ့ပြန်ရမည်ကိုပင် ပြောပေးနိုင်သည်။

  • Siri ကိုဥပမာများနှင့်တကွ ပြသစေခြင်း၊ ဥပမာအားဖြင့် “Hey Siri, what can you do?”ဟုပြောပါ။Siri ကိုဆင့်ခေါ်ပြီးနောက် Help ခလုတ် ကိုနှိပ်နိုင်သည်။

ထိုလမ်းညွှန်ချက်တစ်လျှောက် ထပ်မံဖြည့်စွက်ထားသည့် ဥပမာများပေါ်လာမည်။ Siri အကြောင်း ပိုမိုသိရှိလိုပါက Siri ဝက်ဘ်ဆိုက် သို့သွားပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.