ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Siri လုပ်နိုင်သည့်အရာများကို လေ့လာခြင်း

သတင်းအချက်အလက်များ ရယူရန်နှင့် လုပ်ဆောင်မှုများလုပ်စေရန် iPhone တွင် Siri ကိုအသုံးပြုပါ။ Siri နှင့် ၎င်း၏တုံ့ပြန်မှုကို သင်လက်ရှိလုပ်ဆောင်နေသည့်အရာ၏ထိပ်ဆုံးတွင် မြင်တွေ့ရမည်ဖြစ်ပြီး သင့်ကို မျက်နှာပြင်ပေါ်အချက်အလက်များကို တွေ့မြင်ခွင့်ရစေသည်။

Siri သည် အပြန်အလှန်တုံ့ပြန်စေသည်။ Siri ကဝက်ဘ်စာမျက်နှာလင့်ခ်တစ်ခုပြသသည့်အခါ ၎င်းလင့်ခ်ကိုနှိပ်၍ သင့်ပုံသေဝက်ဘ်ရှာဖွေမှုဆိုက်အတွင်းသက်ဆိုင်ရာသတင်းအချက်အလက်များပိုမိုရှာဖွေနိုင်သည်။ ဖန်သားပြင်ပေါ်တွင်ပေါ်နေသည့် Siri တုံ့ပြန်မှုတွင် ခလုတ်များ သို့မဟုတ် ထိန်းချုပ်စနစ်များပါနေလျှင် ၎င်းတို့ကိုနှိပ်၍ ဆက်လက်ဆောင်ရွက်နိုင်သည်။ နောက်မေးခွန်းတစ်ခုမေးရန် သို့မဟုတ် သင့်အတွက် ထပ်ဆောင်းတာဝန်တစ်ခုလုပ်ဆောင်ရန် Siri ကို နောက်တစ်ကြိမ်နှိပ်နိုင်သည်။

အောက်တွင် လုပ်ဆောင်ရန် Siri ကိုသင်တောင်းဆိုနိုင်သည့် ဥပမာတချို့ရှိသည်။ ဤလမ်းညွှန်တစ်ခုလုံးတွင် ထပ်တိုးဥပမာများ ဖော်ပြထားသည်။ Siri ကိုလည်းမေးနိုင်သည်၊ ဥပမာအားဖြင့် “Hey Siri, what can you do?” ဟုပြောပါ။

မေးခွန်းများကိုဖြေရန် Siri ကိုသုံးခြင်း

အချက်အလက်များကိုအမြန်စစ်ဆေးရန်၊ တွက်ချက်မှုများပြုလုပ်ရန် သို့မဟုတ် နောက်ထပ်ဘာသာစကားတစ်ခုသို့ ပုဒ်စုတစ်စုကိုဘာသာပြန်ရန် Siri ကိုသုံးပါ။ ထိုကဲ့သို့တစ်ခုခုပြောပါ၊

  • “Hey Siri, what causes a rainbow?”

  • “Hey Siri, what does a cat sound like?”

  • “Hey Siri, what’s the derivative of cosine x?”

  • “Hey Siri, how do you say Thank You in Mandarin?”

    Siri သည် “thank you” ကို အင်္ဂလိပ်ဘာသာမှ တရုတ်ဘာသာသို့ ဘာသာပြန်ဆိုပြထားသည်။ ဘာသာပြန်ဆိုချက်ကို အသံပြန်လည်ထွက်ဆိုစေရန် ဘာသာပြန်ဆိုချက်၏ ညာဘက်တွင် ခလုတ်တစ်ခုရှိသည်။

အက်ပ်များဖြင့် Siri ကိုသုံးခြင်း

သင်၏အသံဖြင့်အက်ပ်များကို ထိန်းချုပ်ရန် Siri ကိုအသုံးပြုနိုင်သည်။ ထိုကဲ့သို့တစ်ခုခုပြောပါ၊

  • Calendar တွင်ပွဲရက်မှတ်သားမှုဖန်တီးရန် “Hey Siri, set up a meeting with Gordon at 9”

  • Reminders သို့အမျိုးအစားတစ်ခုထည့်ရန် “Hey Siri, add artichokes to my groceries list”

  • သင့်နေရာရှိ ရာသီဥတု၊ သတင်းများ၊ သင်၏သတိပေးချက်များနှင့် ပြက္ခဒိန်ပွဲရက်များအစရှိသည်တို့ကို အကြောင်းကြားချက်အသစ်ရယူရန် “Hey Siri, what’s my update?”

ဥပမာများပိုမိုရရှိရန် အောက်ပါမှတစ်ခုခုကိုကြည့်ပါ၊

အဆက်အသွယ်များနှင့် အချက်အလက်ကိုမျှဝေရန် Siri ကိုသုံးခြင်း

Apple Music သို့မဟုတ် Apple Podcasts၊ Maps locations အစရှိသည်တို့မှ သင့်အဆက်အသွယ်များရှိ လူများနှင့် ဓာတ်ပုံများ၊ ဝက်ဘ်စာမျက်နှာများ၊ အကြောင်းအရာတို့လို ဖန်သားပြင်ရှိအမျိုးအစားများကိုမျှဝေနိုင်သည်။

ဥပမာ၊ သင်၏ Photo library တွင် ဓာတ်ပုံတစ်ပုံကိုကြည့်သည့်အခါ ထိုဓာတ်ပုံနှင့် မက်ဆေ့ချ်အသစ်တစ်စောင်ဖန်တီးရန် “Hey Siri, send this to mom”ကဲ့သို့ တစ်ခုခုပြောပါ။

လူနှစ်ယောက်၏ပုံတစ်ပုံဖြင့် Photos အက်ပ်ဖွင့်ထားသည်။ ပုံ၏ထိပ်ဘက်သည် ထိုပုံတွင်ပါဝင်သည့် Mom သို့လိပ်မူထားသည့် မက်ဆေ့ချ်တစ်စောင်ဖြစ်သည်။ Siri သည်ဖန်သားပြင်အောက်ခြေတွင်ရှိသည်။

Siri နှင့်ပတ်သက်သည့်သင့်အတွေ့အကြုံကို ကိုယ်ပိုင်အမှတ်အသားပြုလုပ်ခြင်း

Siri ကိုသင်အသုံးပြုလေ သင်လိုအပ်သည့်အရာအကြောင်း ပိုမိုသိရလေဖြစ်သည်။ သင့်အကြောင်း Siri ကိုပြောနိုင်ပြီး Siri တုံ့ပြန်ပုံနှင့်တုံ့ပြန်ချိန်ကိုလည်း ပြောင်းနိုင်သည်။ အောက်ပါတစ်ခုခုကို ကြည့်ပါ၊

Siri နှင့် နားလည်ရလွယ်သောအစီအစဉ်များကိုလည်းသုံးနိုင်သည်။

သင်၏သတင်းအချက်အလက်များကို ထိန်းသိမ်းကာကွယ်ပေးရန် Siri ကို တီထွင်ထားသည်ဖြစ်၍ သင်မျှဝေလိုသည့်အရာကို ရွေးချယ်နိုင်သည်။ ပိုမိုသိရှိရန် Ask Siri၊ Dictation & Privacy ဝက်ဘ်ဆိုက်ဒ်ကိုကြည့်ပါ။

ဒါကိုလည်းကြည့်ပါSiri ဝက်ဘ်ဆိုက်
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.