ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ဗီဒီယိုကြာချိန်ကို ဖြတ်တောက်၍ အနှေးရိုက်ကွက်အဖြစ် ချိန်ညှိခြင်း

Photos အက်ပ် တွင် သင်၏ iPhone ဖြင့်ရိုက်ကူးသော ဗီဒီယိုတစ်ခုကို ဖြတ်တောက်၍ စချိန်နှင့် ဆုံးချိန်ကို ပြောင်းလဲနိုင်သည်။ Slo-mo မုဒ်ဖြင့် ရိုက်ကူးထားသည့်အခါ အနှေးရိုက်ကွက်ဖြစ်နေသော ဗီဒီယိုအစိတ်အပိုင်းကိုလည်း ချိန်ညှိပြုပြင်နိုင်ပါသည်။

ဗီဒီယိုတစ်ခုကိုဖြတ်တောက်ခြင်း

  1. Photos ရှိ ဗီဒီယိုကိုဖွင့်ကာ Edit ကိုနှိပ်ပါ။

  2. စချိန်နှင့် ဆုံးချိန်တို့ကို ပြုပြင်ရန် ဗီဒီယိုအောက်ရှိ ဘောင်ပြအကွက်ကိရိယာ၏ အဆုံးတစ်ဖက်ကို ဖိဆွဲကာ Done ကိုနှိပ်ပါ။

  3. ဖြတ်တောက်ထားသည့် ဗီဒီယိုကိုသာ သိမ်းဆည်းရန် Save Video ကို နှိပ်ပါ၊ သို့မဟုတ် ၎င်းဗီဒီယို၏ ဗားရှင်းနှစ်ခုလုံးကို သိမ်းဆည်းရန် Save Video as New Clip ကို နှိပ်ပါ။

    တည်းဖြတ်ဖန်သားပြင်ရှိ ဗီဒီယိုတစ်ခု။ ဖန်သားပြင်အောက်ခြေတစ်လျှောက်တွင် ဘောင်ပြအကွက်ကိရိယာရှိသည်။ အထက်ပိုင်းဘယ်ဘက်တွင် Cancel နှင့် Sound ခလုတ်များရှိပြီး အထက်ပိုင်းညာဘက်တွင် Expand နှင့် Done ခလုတ်တို့ရှိသည်။ ဖန်သားပြင်ညာခြမ်း၊ အထက်မှ အောက်ခြေတစ်လျှောက် ဓာတ်ပုံတည်းဖြတ်ကိရိယာများရှိသည်၊ Video၊ Adjust color၊ Filter နှင့် Crop တို့ဖြစ်သည်။

သိမ်းဆည်းပြီးနောက် ထိုဖြတ်တောက်မှုကိုပြန်လည်ပယ်ဖျက်ရန်၊ဗီဒီယိုကိုဖွင့်ပါ၊ Edit ကိုနှိပ်ပါ၊ ထို့နောက် Revert ကိုနှိပ်ပါ။

မှတ်စု အပိုင်းအသစ်အဖြစ် သိမ်းဆည်းထားသည့် ဗီဒီယိုတစ်ဖိုင်ကို မူလဖိုင်အဖြစ် ပြန်ပြောင်း၍မရပါ။

ဗီဒီယိုရိုက်ကူးမှုတစ်ခုတွင် အနှေးပြကွက်အပိုင်းကိုပြောင်းရန် Slo-mo မုဒ်ကိုသုံးပါ။

  1. Slo-mo မုဒ်တွင် ဗီဒီယိုတစ်ခုကိုဖွင့်ပြီးနောက် Edit ကိုနှိပ်ပါ။

  2. ဗီဒီယိုကို အနှေးပြကွက်နှင့် ဖွင့်ရန် ဘောင်ပြအကွက်ကိရိယာ၏ အောက်ရှိ အဖြူရောင်ဒေါင်လိုက်ဘားများကို ဖိဆွဲပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.