ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် စာသားကို Select၊ cut၊ copy နှင့် paste လုပ်ခြင်း

iPhone ရှိ အက်ပ်များတွင် စာသားဖြည့်ကွက်လပ်၌ စာသားကိုရွေးချယ်ခြင်းနှင့် တည်းဖြတ်ခြင်းတို့လုပ်နိုင်ရန် ဖန်သားပြင်ရှိစာရိုက်ခလုတ်ခုံကိုအသုံးပြုနိုင်သည်။ ပြင်ပစာရိုက်ခလုတ်ခုံတစ်ခု သို့မဟုတ် နှုတ်တိုက်ရွတ်ပေးခြင်း တို့ကိုလည်း အသုံးပြုနိုင်သည်။

စာသားကိုရွေးချယ်ခြင်းနှင့် တည်းဖြတ်ခြင်း

  1. စာသားကိုရွေးချယ်ရန် အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • စာလုံးတစ်လုံးကိုရွေးချယ်ခြင်း၊ လက်ချောင်းတစ်ချောင်းဖြင့် နှစ်ကြိမ်ဆက်နှိပ်ပါ။

    • စာပိုဒ်ကိုရွေးချယ်ခြင်း၊ လက်တစ်ချောင်းဖြင့် သုံးကြိမ်ဆက်နှိပ်ပါ။

    • စာပိုဒ်ကြီးတစ်ခုကိုရွေးချယ်ခြင်း၊ စာပိုဒ်ကြီးအတွင်းမှ ပထမဆုံးစာလုံးကို နှစ်ချက်နှိပ်ပြီး ဖိထားပါ၊ ထို့နောက် နောက်ဆုံးစာလုံးဆီသို့ ဆွဲရွှေ့ပါ။

  2. သင်ပြင်ဆင်လိုသည့်စာသားကိုရွေးချယ်ပြီးသည့်နောက် စာရိုက်နိုင်သည် သို့မဟုတ် တည်းဖြတ်ခြင်းဆိုင်ရာရွေးချယ်စရာများကိုတွေ့ရရန် ရွေးချယ်မှုကိုနှိပ်ပါ။

    • ဖြတ်တောက်ခြင်း၊ Cut ကိုနှိပ်ပါ သို့မဟုတ် လက်ချောင်းသုံးချောင်းဖြင့်နှစ်ကြိမ်ဖိညှပ်ပါ။

    • ကူးယူခြင်း၊ Copy ကိုနှိပ်ပါ သို့မဟုတ် လက်ချောင်းသုံးချောင်းဖြင့်ဖိညှပ်ပါ။

    • ကူးယူထည့်သွင်းခြင်း၊ Paste ကိုနှိပ်ပါ သို့မဟုတ် လက်ချောင်းသုံးချောင်းဖြင့် ညှပ်ချဲ့ပါ။

    • အစားထိုးခြင်း၊ အကြံပြုထားသည့် အစားထိုးထည့်ရန်စာသားများကို ကြည့်ပါ သို့မဟုတ် Siri အကြံပြုထားသည့် အစားထိုးစာသားများကို ရယူပါ။

    • B/I/U၊ ရွေးချယ်ထားသည့်စာသားကို ပုံစံချပါ။

    • Show More ခလုတ်ထပ်မံရွေးချယ်စရာများကိုကြည့်ရှုပါ။

      ရွေးချယ်ထားသည့်စာသားအချို့နှင့်နမူနာ email မက်ဆေ့ချ်။ Cut၊ Copy၊ Paste နှင့် Replace ခလုတ်များသည် ရွေးချယ်ထားသည့်နေရာ အထက်တွင်ရှိသည်။ အဆုံးနှစ်ဘက်တွင် လက်ကိုင်များပါပြီး ရွေးချယ်ထားသည့် စာသားကို အသားပေးဖော်ပြထားသည်။

စာရိုက်ခြင်းဖြင့် စာသားကို ထည့်သွင်းခြင်း သို့မဟုတ် ပြင်ဆင်ခြင်း

  1. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ခြင်းဖြင့် သင်စာသားထည့်သွင်းလိုသည့် သို့မဟုတ် ပြင်ဆင်လိုသည့်နေရာကို စာထည့်ညွှန်းတံကို ထားပါ၊

    • သင်စာသားထည့်သွင်းလိုသည့် နေရာ သို့မဟုတ် ပြင်ချင်သည့်နေရာကို နှိပ်ပါ။

    • စာလုံးကိုချဲ့ကြည့်ရန် ထိပြီးထိန်းထားပါ၊ ထို့နောက် ၎င်းကိုဆွဲပြီး ထည့်သွင်းခြင်းအမှတ်ကိုရွှေ့ပါ။

    စာသားဖြည့်သွင်းမည့်နေရာ သို့မဟုတ် ပြင်ဆင်မည့်နေရာတွင် နေရာချထားသည့် စာထည့်ညွှန်းတံကိုဖော်ပြသည့် အီးမေးလ်မူကြမ်း။ စာထည့်သွင်းမည့်ညွှန်းတံကို အလွယ်တကူထားနိုင်ရန် ပတ်ပတ်လည်စာသားကို အနီးကပ်ချဲ့ထားသည်။

    မှတ်စု စာဖိုင်ရှည်တစ်ခုကို ရှာဖွေရန် စာဖိုင်၏ညာဘက်စွန်းကို ထိ၍ထိန်းထားပြီး သင်ပြင်ဆင်လိုသည့်စာသားကို တည်နေရာပြရန် ရွှေ့ဆင်းခလုတ်ကိုဆွဲရွှေ့ပါ။

  2. သင်ထည့်သွင်းလိုသော စာသားကိုရိုက်ထည့်ပါ။

    စာဖိုင်၏အခြားနေရာမှ သင်ဖြတ်တောက်ခဲ့သော သို့မဟုတ် ကူးယူခဲ့သော စာသားကိုလည်း ထည့်သွင်းနိုင်သည်။ စာသားကိုရွေးချယ်ခြင်းနှင့် တည်းဖြတ်ခြင်း ကိုကြည့်ပါ။

Universal Clipboard ဖြင့် Apple စက်ပစ္စည်းတစ်ခုပေါ်ရှိ တစ်စုံတစ်ခုအား ဖြတ်တောက်ခြင်း သို့မဟုတ် မိတ္တူကူးယူခြင်းများပြုလုပ်ပြီး အခြားတစ်ခုတွင် ပြန်လည်ထားရှိနိုင်သည်။ အက်ပ်တစ်ခုအတွင်းရှိ ရွေးချယ်ထားသော စာသားကို လည်းရွှေ့နိုင်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.