ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Voice Memos တွင်အသံသွင်းယူမှုကိုဖွင့်ခြင်း

Voice Memos အက်ပ်တွင် အသံသွင်းယူမှုတစ်ခုကိုနှိပ်၍ယင်းကိုနားဆင်ရန် playback ထိန်းချုပ်မှုများကိုကိုသုံးပါ။

ထိပ်တွင် ရွေးချယ်ထားသည့်အသံသွင်းယူမှုတစ်ခုနှင့် Voice Memos စာရင်းဖန်သားပြင်။ အသံဖမ်းသည့်အချိန်ပိုင်းတွင် နေရာပြလိုင်းတစ်ခုရှီပြီး အသံဖမ်းဖိုင်၏ တိတိကျကျတစ်နေရာသို့ ဖိဆွဲသွားနိုင်သည်။ အချိန်ပြအစွန်းနှစ်ဖက်တွင် စတင်ချိန်နှင့် အဆုံးသတ်ချိန်ဟူ၍ရှိသည်။ အချိန်ပြမျဉ်းအထက်တွင် More Actions ခလုတ်ရှိပြီး အသံဖိုင်တစ်ခုကို မိတ္တူပွားခြင်း၊ မျှဝေခြင်း၊ တည်းဖြတ်ခြင်း သို့မဟုတ် ပုံတူပွားခြင်း စသည်တို့လုပ်ဆောင်နိုင်ပါသည်။ ထိုအချိန်များအောက်တွင် playback ရွေးချယ်ချက်များကို မူလအတိုင်းပြင်ရန်အသုံးပြုနိုင်သော Playback Settings ခလုတ်၊ 15 စက္ကန့်နောက်ဆုတ်သောခလုတ်၊ ဖွင့်ခလုတ်၊ 15 စက္ကန့်ကျော်ခလုတ်နှင့်ဖျက်သည့်ခလုတ်များရှိသည်။ ထိုထိန်းချုပ်မှုများအောက်တွင် တစ်ချက်နှိပ်၍ ဖွင့်နိုင်သည့် အသံသွင်းယူမှုစာရင်းဖြစ်သည်။

ထိန်းချုပ်ခြင်း

ဖော်ပြချက်

Play ခလုတ်။

ဖွင့်ခြင်း

Pause ခလုတ်။

ခေတ္တရပ်ခြင်း

Rewind Fifteen Seconds ခလုတ်။

နောက်ကို15 စက္ကန့်ဆုတ်ခြင်း

Fast Forward Fifteen Seconds ခလုတ်။

ရှေ့သို့ 15 စက္ကန့်ကျော်ခြင်း

အကြံပြုချက် အသံသွင်းယူမှုကို ဖွင့်ထားစဉ် ယင်းကိုပြန်လည်အမည်ပေးရန် ၎င်း၏အမည်ကိုနှိပ်နိုင်သည်။

Playback ဖွင့်နှုန်းကို ပြောင်းလဲခြင်း

အသံဖိုင်တစ်ခုကို ပို၍မြန်မြန် သို့မဟုတ် ပို၍နှေးနှေး ဖွင့်နိုင်သည်။

  1. အသံသွင်းဖိုင်များစာရင်းတွင် သင်ဖွင့်လိုသော အသံဖိုင်ကိုနှိပ်ပါ။

  2. ပို၍နှေးနှေးဖွင့်ရန် Playback Settings ခလုတ်ကိုနှိပ်ကာ ဆလိုက်ကို လိပ်ကလေး ရှိရာဖိဆွဲပါ သို့မဟုတ် ပို၍မြန်မြန်ဖွင့်ရန် ယုန်ကလေး ရှိရာဖိဆွဲပါ။

  3. အသံဖိုင်ကိုဖွင့်ရန် Close ခလုတ်ကိုနှိပ်ကာ Play ခလုတ် ကိုနှိပ်ပါ။

မှတ်စု Playback အရှိန်နှုန်းကိုပြောင်းလဲခြင်းအားဖြင့် အသံဖိုင်၏မူလအရှိန်ပြောင်းလဲမည်မဟုတ်ဘဲ ဖွင့်ထားသည်အရှိန်သာပြောင်းလဲသည်။

အသံသွင်းဖိုင်တစ်ခုကို မွမ်းမံခြင်း

အသံဖိုင်တစ်ခုကိုဖွင့်ထားသည့်အခါ နောက်ခံဆူညံသံနှင့် ပဲ့တင်သံများကို လျှော့ချရန် မွမ်းမံနိုင်သည်။

  1. အသံသွင်းဖိုင်များစာရင်းတွင် သင်မွမ်းမံလိုသော အသံဖိုင်ကိုနှိပ်ပါ။

  2. Playback Settings ခလုတ်ကိုနှိပ်ကာ Enhance Recording ကိုဖွင့်ပါ။

  3. အသံဖိုင်ကိုဖွင့်ရန် Close ခလုတ်ကိုနှိပ်ကာ Play ခလုတ် ကိုနှိပ်ပါ။

မှတ်စု Enhance Recording ကိုဖွင့်ထားခြင်းဖြင့် အသံဖိုင်ကို ပြောင်းလဲစေမည်မဟုတ်ဘဲ ၎င်းကိုဖွင့်ထားစဉ် ကြားရသည့်အသံသာ ပြောင်းလဲသွားမည်။

အသံဖိုင်တစ်ခုကို ဖွင့်ထားသည့်အခါ အသံတိတ်နေသည့်ကြားအချိန်များကို ကျော်စေခြင်း

Voice Memos သည် သင်၏အသံဖိုင်ကို ဆန်းစစ်ကာ ဖွင့်နေစဉ် အသံတိတ်နေသည့်ကြားအချိန်များကို အလိုအလျောက်ကျော်ပေးသည်။

  1. သင်ဖွင့်လိုသော အသံဖိုင်ကိုနှိပ်ပါ။

  2. Playback Settings ခလုတ်ကိုနှိပ်ကာ Skip Silence ကိုဖွင့်ပါ။

  3. အသံဖိုင်ကိုဖွင့်ရန် Close ခလုတ်ကိုနှိပ်ကာ Play ခလုတ် ကိုနှိပ်ပါ။

မှတ်စု Skip Silence ကိုဖွင့်ထားခြင်းဖြင့် အသံဖိုင်ကို ပြောင်းလဲစေမည်မဟုတ်ဘဲ ၎င်းကိုဖွင့်ထားစဉ် ကြားရသည့်အသံသာ ပြောင်းလဲသွားမည်။

Playback ရွေးချယ်စရာများကိုပိတ်ခြင်း

Playback ရွေးချယ်စရာများကို မူလအတိုင်းပြန်လည်ထားရှိရန် Playback Settings ခလုတ်ကိုနှိပ်၍ Reset ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.