ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Safari တွင်ဝက်ဘ်စာမျက်နှာများကို အမှတ်အသားပြုလုပ်ခြင်း

Safari အက်ပ်တွင် ဝက်ဘ်ဆိုက်များကို မှတ်သားကာ နောင်တစ်ချိန်အလွယ်တကူပြန်ဖတ်ရှုနိုင်ရန် Favorites ထဲသို့ထည့်သွင်းနိုင်သည် သို့မဟုတ် ဝက်ဘ်ဆိုက်သင်္ကေတကို Home ဖန်သားပြင်သို့ပေါင်းထည့်ပါ။

လက်ရှိစာမျက်နှာကို မှတ်သားခြင်း

Share ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Add Bookmark ကိုနှိပ်ပါ။

သင်မှတ်သားထားသော စာမျက်နှာများကို ကြည့်ရှုခြင်းနှင့် အစီအစဉ်တကျ စုစည်းခြင်း

  1. Show Bookmarks ခလုတ်ကိုနှိပ်ပါ။

  2. Edit ကိုနှိပ်၍ အောက်ပါတို့မှတစ်ခုခုကိုနှိပ်ပါ၊

    • ဖိုင်တွဲသစ်တစ်ခုကို ဖန်တီးခြင်း

    • မှတ်သားထားသည်များကို ဖျက်သိမ်းခြင်း

    • မှတ်သားထားသည်များကို အမည်ပြင်ဆင်ခြင်း

    • မှတ်သားထားသည်များကို ပြန်လည်စဉ်ခြင်း

အနှစ်သက်ဆုံးများကို ကြည့်ရှုရန်ရွေးချယ်စရာများနှင့် မှတ်သားထားသော စာမျက်နှာများနှင့်အတူ ရှာဖွေထားသည့်မှတ်တမ်းတို့ကို ပြထားသော Bookmarks စာမျက်နှာ။

iPhone တွင် Mac မှမှတ်သားထားသောစာမျက်နှာများကို ကြည့်ခြင်း

Settings  > [your name] > iCloud သို့သွားကာ Safari ကိုဖွင့်ပါ။

မှတ်စု သင့် Mac ပေါ်ရှိ iCloud ဦးစားပေးလိုရာများတွင်ရွေးချယ်ထားသော Safari ရှိရမှာဖြစ်ပြီး Apple ID တစ်ခုတည်းနှင့်ဝင်ရောက်ရမည်ဖြစ်သည်။ iCloud သုံးစွဲသူလမ်းညွှန်တွင် သင်၏စက်ပစ္စည်းအားလုံးရှိ Safari အက်ပ်အတွက် iCloud ဝင်ရောက်ခြင်းကိုကြည့်ပါ။

သင်အနှစ်သက်ဆုံးများထဲသို့ ဝက်ဘ်စာမျက်နှာတစ်ခုထည့်သွင်းခြင်း

စာမျက်နှာကိုဖွင့်၍ Share ခလုတ်ကိုနှိပ်ကာ Add to Favorites ကိုဆက်နှိပ်ပါ။

သင်၏စိတ်ကြိုက်များကိုပြင်ဆင်ခြင်း

  1. Show Bookmarks ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Favorites ကိုနှိပ်ပါ။

  2. သင့်စိတ်ကြိုက်များကို ဖျက်ရန်၊ အမည်ပြန်ပေးရန် သို့မဟုတ် ပြန်စီစဥ်ရန် Edit ကိုနှိပ်ပါ။

သင်၏ Home ဖန်သားပြင်သို့ ဝက်ဘ်ဆိုက်သင်္ကေတတစ်ခုတည့်သွင်းခြင်း

ထိုဝက်ဘ်ဆိုက်သို့လျှင်မြန်စွာဝင်ရောက်ရန်အတွက် iPhone ၏ Home ဖန်သားပြင်သို့ ဝက်ဘ်ဆိုက်သင်္ကေတတစ်ခုကို ထည့်သွင်းနိုင်သည်။

ထိုဝက်ဘ်ဆိုက်မှ၊ Share ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Add to Home Screen ကိုနှိပ်ပါ။

ထိုသင်္ကေတသည် သင်ထည့်သွင်းလိုက်သော စက်ထဲတွင်သာပေါ်မည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.