ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Wallet တွင် Apple Pay ကိုစတင်စီမံခြင်း

Apple Pay ကိုအသုံးပြုခြင်းသည် လက်ဝယ်သုံးကတ်တစ်ကတ်ကို အသုံးပြုခြင်းထက် ပိုမိုရိုးရှင်းကာ ပိုမိုစိတ်ချရသည်။ Wallet အက်ပ်  တွင်ထည့်သွင်းထားသော ကတ်များနှင့်အတူ စတိုးဆိုင်များ၊ ခရီးသွားလာစရိတ်၊ အက်ပ်များနှင့် Apple Pay ထောက်ပံ့ပေးထားသော ဝက်ဘ်ဆိုက်များတွင် ဘေးကင်းလုံခြုံစွာ ပေးချေရန် Apple Pay ကိုအသုံးပြုနိုင်သည်။ Messages တွင် Apple Pay ကိုအသုံးပြု၍ သူငယ်ချင်းများမိသားစုဝင်များနှင့် ငွေလွှဲခြင်းလက်ခံခြင်း လုပ်နိုင်သလို စီးပွားရေးလုပ်ငန်းသဘောအားဖြင့် ဝယ်ရောင်းပြုလုပ်နိုင်သည်။

Apple Pay ကိုစတင်စီမံရန် သင်၏ငွေပေးချေကတ်၊ ကြွေးဝယ်ကတ်နှင့် ကြိုတင်ပေးချေကတ်တို့ကို Wallet ထဲသို့ထည့်သွင်းပါ။

အကြွေးဝယ်နှင့် ငွေပေးချေကတ်များစွာကို ပြထားသော Wallet ဖန်သားပြင်၏ ထိပ်ပိုင်းတစ်ဝက်။ Add ခလုတ်သည် ညာဘက်ထိပ်ထောင့်တွင်ရှိသည်။
(Apple Card နှင့် Apple Cash ကတ်များသည် အမေရိကန်ပြည်ထောင်စုတွင်သာရရှိနိုင်သည်။)

အကြွေးဝယ်ကတ် သို့မဟုတ် ငွေပေးချေကတ် ထည့်သွင်းခြင်း

  1. Wallet တွင် Add Card ခလုတ် ကိုနှိပ်ပါ။ သင်၏ Apple ID နှင့် မှတ်ပုံတင်စာရင်းသွင်းရန်တောင်းဆိုခံရနိုင်သည်။

  2. အောက်ပါတို့မှ နှစ်သက်ရာကို ရွေးချယ်နိုင်သည်၊

    • ယခင်ကတ်များ၊ Apple ID နှင့်ဆက်နွယ်နေသော ကတ်၊ အခြားစက်များတွင် Apple Pay နှင့်သုံးထားသော ကတ်များ သို့မဟုတ် ဖယ်ရှားခဲ့သောကတ်များကို ရွေးပါ။ Continue ကိုနှိပ်ကာ ကတ်တစ်ခုစီ၏ CVV နံပါတ်တစ်ခုရိုက်ထည့်ပါ။

    • အကြွေးဝယ်ကတ် သို့မဟုတ် ငွေပေးချေကတ်၊ သင်၏ကတ်ကို ဘောင်အတွင်းပေါ်စေရန် iPhone ကို နေရာမှန်ချထားပါ သို့မဟုတ် ကတ်အကြောင်း အသေးစိတ်ကို လူကိုယ်တိုင်ထည့်သွင်းပါ။

တစ်နည်းအားဖြင့် ဘဏ် သို့မဟုတ် ကတ်ထုတ်လုပ်သူ၏ အက်ပ်မှ ကတ်ကို ထည့်သွင်း၍ ရကောင်းရနိုင်သည်။

သင်၏ကတ်သည် Apple Pay အတွက် သုံးခွင့်ရမရကို ကတ်ထုတ်လုပ်သူက ဆုံးဖြတ်မှာဖြစ်ပြီး အတည်ပြုသည့်လုပ်ငန်းစဉ်ပြီးမြောက်စေရန် သတင်းအချက်အလက်များကို ထပ်လောင်းထည့်သွင်းစေနိုင်သည်။

ပုံသေကတ်ကိုရွေးချယ်သတ်မှတ်ခြင်းနှင့် ကတ်များကို ပြန်စဉ်ခြင်း

Wallet ထဲသို့ ဦးဆုံးထည့်သွင်းသည့် ကတ်သည် ပေးချေမှုများအတွက် ပုံသေကတ်ဖြစ်လာမည်။ ပုံသေကတ်ကို အခြားကတ်သတ်မှတ်ရန် အစဉ်လိုက်၏ ရှေ့ဆုံးသို့ရွှေ့ပြောင်းပါ။

  1. Wallet တွင် သင်၏ပုံသေကတ်ကိုရွေးချယ်ပါ။

  2. ကတ်ကိုထိ၍ထိန်းထားကာ ကတ်အစဉ်လိုက်၏ ထိပ်ဆုံးသို့ ဖိဆွဲပါ။

  3. အခြားကတ်ကို နေရာပြန်ချထားရန် ၎င်းကတ်ကို ထိ၍ထိန်းထားကာ နေရာသစ်တစ်ခုသို့ ဖိဆွဲပါ။

မှတ်စု Apple Pay ရရှိနိုင်မှုနှင့် ၎င်း၏အင်္ဂါရပ်များသည် နိုင်ငံ သို့မဟုတ် ဒေသအလိုက် ကွဲပြားသွားနိုင်သည်။ Apple အထောက်အကူပြုဆောင်းပါးရှိ Apple Pay ရရှိနိုင်သော နိုင်ငံများနှင့် နယ်ဒေသများ ကို ကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.