ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Health တွင် သင့်ဓမ္မတာစက်ဝန်းကို ခြေရာကောက်ခြင်း

Health အက်ပ် တွင် ဓမ္မတာလာရက်နှင့် သားဥကြွေရက် ခန့်မှန်းချက်များသိရှိရန် သင့်ရာသီစက်ဝန်းကို ခြေရာကောက်ပါ။

ဓမ္မတာစက်ဝန်းခြေရာကောက်ခြင်းကို စတင်ပါ

  1. ညာဘက်အောက်နားရှိ Browse ကိုနှိပ်၍ Cycle Tracking ကိုနှိပ်ပါ။

  2. Get Started ကိုနှိပ်ကာ မျက်နှာပြင်ပေါ်ရှိညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

    သင့် ဓမ္မတာလာရက်နှင့်သားဥကြွေရက်အတွက် ခန့်မှန်းချက်များပိုမှန်ကန်စေရန် တောင်းဆိုထားသည့် သင့်၏နောက်ဆုံးဓမ္မတာလာရက်နှင့်ပတ်သက်သည့် အချက်အလက်များကို ထည့်သွင်းပါ။

သင့်ဓမ္မတာစက်ဝန်းအချက်အလက်များကို မှတ်တမ်းသွင်းခြင်း

  1. ညာဘက်အောက်နားရှိ Browse ကိုနှိပ်၍ Cycle Tracking ကိုနှိပ်ပါ။

  2. အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊

    • ဓမ္မတာလာရက်ကို မှတ်တမ်းသွင်းပါ၊ မျက်နှာပြင်အပေါ်ဆုံးရှိ အချိန်မှတ်တမ်းအတွင်း ရက်တစ်ရက်ကို နှိပ်ပါ။ ထိုနေ့အတွက် သွေးဆင်းမှုပမာဏကို မှတ်တမ်းသွင်းရန် Cycle Log အောက်ရှိ Period ကိုနှိပ်၍ ရွေးချယ်စရာတစ်ခုကို ရွေးချယ်ပါ။

      သို့မဟုတ် ညာဘက်အပေါ်ဆုံးရှိ Add Period ကိုနှိပ်ပါ၊ ပြီးလျှင် လစဉ်ပြက္ခဒိန်မှ ရက်များကိုရွေးပါ။

      မှတ်တမ်းသွင်းထားသည့်ရက်များကို အချိန်မှတ်တမ်းတွင် အနီရောင်စက်ဝိုင်းများဖြင့် မှတ်သားထားသည်။ မှတ်တမ်းသွင်းထားသည့်ရက်ကို ဖယ်ရှားလိုပါက ၎င်းကိုနှိပ်ပါ။

    • လက္ခဏာများ မှတ်တမ်းသွင်းခြင်း၊ ရက်ကိုရွေးချယ်ရန် မျက်နှာပြင်အပေါ်ဆုံးရှိ အချိန်မှတ်တမ်းကို ဆွဲယူပါ၊ Symptoms ကိုနှိပ်ပါ၊ ထို့နောက် သက်ဆိုင်သည်များအားလုံးကိုရွေးချယ်ပါ။ ပြီးစီးသွားသည့်အခါ Done ကိုနှိပ်ပါ။ လက္ခဏာရှိသည့်ရက်များကို ခရမ်းရောင်အစက်များဖြင့် ကိုယ်စားပြုသည်။

    • ဓမ္မတာသွေးဆင်းနည်းခြင်းကို မှတ်တမ်းသွင်းခြင်း၊ ရက်တစ်ရက်ကိုရွေးချယ်ရန် အချိန်မှတ်တမ်းကို ဆွဲယူပါ၊ Spotting ကိုနှိပ်ပါ၊ Had Spotting ကိုရွေးပါ၊ ပြီးလျှင် Done ကိုနှိပ်ပါ။

  3. သားဥကြွေခြင်းစစ်ဆေးမှုရလဒ်များနှင့် အနိမ့်ဆုံးကိုယ်အပူချိန်တို့ကဲ့သို့ ကဏ္ဍများထပ်မံထည့်သွင်းရန် Options ကိုနှိပ်ပါ၊ ကဏ္ဍများကို ရွေးချယ်ပါ။

ဓမ္မတာနှင့် သားဥကြွေရက်ခန့်မှန်းချက်များကိုကြည့်ရှုခြင်း

ညာဘက်အောက်နားရှိ Browse ကိုနှိပ်၍ Cycle Tracking ကိုနှိပ်ပါ။

အချိန်ဇယားဖော်ပြချက်တွင် သင့်ယခင်ကထည့်သွင်းထားသည့်အချက်အလက်များဖြင့် သင့်ရာသီစက်ဝန်းအတွက် ကြိုတင်ခန့်မှန်းချက်များဖော်ပြသည်။ အချက်အလက်များကို အောက်ပါပုံစံအတွင်း ဖော်ပြပေးထားသည်၊

  • အနီဖျော့ရောင် စက်ဝိုင်းများ၊ သင့် ဓမ္မတာစက်ဝန်းကိုခန့်မှန်းခြင်း။

    ခန့်မှန်းထားသည့်ရက်များကို ဝှက်ရန် သို့မဟုတ် ဖော်ပြရန် Options ကိုနှိပ်၍ Period Prediction off ကို ဖွင့် သို့မဟုတ် ပိတ်ပါ။

  • အပြာနုရောင်ရက်များ၊ သင့်၏သားဥကြွေရက်ကို ခန့်မှန်းခြင်း။ သားဥကြွေရက်ခန့်မှန်းခြင်းကို သားဆက်ခြားနည်းအသွင်ဖြင့် အသုံးမပြုသင့်ပါ။

    သားဥကြွေရက်ခန့်မှန်းချက်ကို ဖော်ပြရန် သို့မဟုတ် ဝှက်ရန် Options ကိုနှိပ်၍ သားဥကြွေရက်ခန့်မှန်းခြင်းကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ။

  • အနီရောင်စက်ဝိုင်းများ၊ သင့်ဓမ္မတာလာရက်အတွက် မှတ်တမ်းသွင်းထားသည့်ရက်များ။

  • ခရမ်းရောင်အစက်လေးများ၊ လက္ခဏာများရှိသည့်အတွက် သင်မှတ်တမ်းသွင်းထားသည့် ရက်များ။

မတူညီသည့်ရက်များကို ရွေးချယ်ရန် အချိန်မှတ်တမ်းကို ဆွဲရွှေ့ပါ။ သင်မှတ်တမ်းသွင်းခဲ့သည့် ရွေးချယ်ထားသောရက်အတွက် အချက်အလက်များကို Cycle Log အတွင်းရှိ အောက်နားတွင်ဖော်ပြပါသည်။

မှတ်စု သင်၏ဓမ္မတာစက်ဝန်းကိုမှတ်တမ်းသွင်းရန် Apple Watchကိုအသုံးပြုနိုင်သည်။ Health သည် သင့် ဓမ္မတာလာရက်နှင့်သားဥကြွေရက်အတွက် ခန့်မှန်းချက်များပိုမှန်ကန်စေရန် Apple Watch မှ နှလုံးခုန်နှုန်းအချက်အလက်ကိုလည်းအသုံးပြုနိုင်သည်။

ရာသီစက်ဝန်းဆိုင်ရာအချက်များကို စီမံခြင်း

ကိုယ်ဝန်ဆောင်ခြင်း၊ နို့တိုက်ကျွေးခြင်းနှင့် သားဆက်ခြားခြင်းအကြောင်း အချက်အလက်များကို သင်ထည့်သွင်းသည့်အခါ သင့်ရာသီစက်ဝန်းကြိုတင်ခန့်မှန်းချက်များကိုစီမံရန် ထိုအချက်အလက်များကိုအသုံးပြုသည်။

  1. ညာဘက်အောက်နားရှိ Browse ကိုနှိပ်၍ Cycle Tracking ကိုနှိပ်ပါ။

  2. အောက်သို့ရွှေ့ဆင်းပြီး Factors ကို နှိပ်ပါ။

  3. အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊

    • အချက်များကို စီမံခြင်း၊ သင်နှင့်လက်ရှိသက်ဆိုင်သည့် အချက်တစ်ခုခုကို ရွေး၍ Done ကိုနှိပ်ပါ။

    • အချက်တစ်ခုကို ပေါင်းထည့်ခြင်း၊ Add Factor ကိုနှိပ်ပါ၊ အချက်တစ်ခုကိုရွေးပါ၊ စတင်သည့်ရက်ကို ပြောင်းလဲရန်လိုလျှင် Started ကိုနှိပ်ပါ၊ ထို့နောက် Add ကိုနှိပ်ပါ။

    • လက်ရှိအချက်တစ်ခုအတွက် ပြီးဆုံးသည့်ရက်ကို ပြောင်းလဲခြင်း၊ အချက်တစ်ခုကိုနှိပ်ပါ၊ Ended ကိုနှိပ်ပါ၊ ရက်စွဲတစ်ခုကို ရွေးပါ၊ ထို့နောက် Done ကိုနှိပ်ပါ။

    • လက်ရှိအချက်တစ်ခုကို ဖျက်ခြင်း၊ အချက်တစ်ခုကို နှိပ်ပါ၊ ထို့နောက် Delete Factor ကိုနှိပ်ပါ။

    • ယခင်အချက်များစာရင်းကိုကြည့်ရှုခြင်း၊ Show All ကိုနှိပ်ပါ။

ဓမ္မတာလာရက်နှင့်သားဥကြွေခြင်းအသိပေးချက်များနှင့် ဓမ္မတာစက်ဝန်းခြေရာကောက်ခြင်းရွေးချယ်စရာများကို ပြောင်းလဲခြင်း

  1. ညာဘက်အောက်နားရှိ Browse ကိုနှိပ်၍ Cycle Tracking ကိုနှိပ်ပါ။

  2. အောက်သို့ရွှေ့ဆင်းပြီး Options ကို နှိပ်ပါ။

  3. ရွေးချယ်စရာတစ်ခုကို ဖွင့်ရန် သို့မဟုတ် ပိတ်ရက် ၎င်းကိုနှိပ်ပါ။

သင့်ဓမ္မတာစက်ဝန်းနောက်ကြောင်းမှတ်တမ်းနှင့် စာရင်းများကို ကြည့်ရှုခြင်း

  1. ညာဘက်အောက်နားရှိ Browse ကိုနှိပ်၍ Cycle Tracking ကိုနှိပ်ပါ။

  2. နောက်ဆုံးဓမ္မတာလာရက် သုံးကြိမ်၏ သင့်အချိန်မှတ်တမ်းများကို ကြည့်ရှုရန် အောက်သို့ရွှေ့ဆင်းပါ၊ သက်ဆိုင်သည့်စာရင်းများကို ကြည့်ရှုရန် အောက်သို့ထပ်ရွှေ့ပါ။

  3. Cycle History သို့မဟုတ် Statistics များအတွက် ပိုအသေးစိတ်သော သို့မဟုတ် ပိုဟောင်းသော အချက်အလက်များကိုကြည့်ရှုလိုပါက ထိုဖန်သားပြင်အပိုင်းရှိ Details ခလုတ် ကိုနှိပ်ပါ

    အသေးစိတ်ဖော်ပြထားသည့် Cycle History အတွင်း လက္ခဏာတစ်ခု သို့မဟုတ် သွေးဆင်းမှုပမာဏနှင့် ကိုက်ညီသည့်ရက်များကိုသာရှာဖွေရန် ညာဘက်ထိပ်နားရှိ Filters ကိုနှိပ်ပါ၊ ရွေးချယ်စရာတစ်ခုကိုရွေးပါ၊ ပြီးလျှင် Done ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.