ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Health တွင် သင့်လမ်းလျှောက်မှန်မှုကိုစောင့်ကြည့်ခြင်း

သင့် iPhone ကို သင့်အိတ်ထဲတွင် သို့မဟုတ် ခါးတွင်ပစ္စည်းထည့်အိတ်နှင့်သယ်ဆောင်သွားသည့်အခါ Health အက်ပ်သည် သင့်ဟန်ချက်၊ ခွန်အားနှင့် ခြေလှမ်းကိုအကဲဖြတ်ပေးသည့် အထူးအယ်လဂိုရစ်သမ်ကိုအသုံးပြုသည်။ သင့်ပုံမှန်ဆောင်ရွက်မှုသည်ကျလာလျှင် သို့မဟုတ် နိမ့်နေလျှင် အကြောင်းကြားချက်တစ်ခု ရရှိနိုင်သည် ပြီးလျှင်ထိုအကြောင်းကြားချက်ကို သင်ရင်းနှီးသည့်သူနှင့် အလိုအလျောက်မျှဝေနိုင်သည်။ Health သည် သင့်လမ်းလျှေက်မှန်မှုကို ပိုတိုးတက်အောင်ကူညီရန်လေ့ကျင့်ခန်းကိုလည်း ပြပေးသည်။ (iPhone 8 နှင့်နောက်ပိုင်းထွက်အမျိုးအစားများ။)

Low Walking Steadiness အကြောင်းကြားချက်တစ်ခုနှင့် သော့ပိတ်ထားသည့်ဖန်သားပြင်။

သင့်ပုံမှန်လှုပ်ရှားမှုသည်နိမ့်နေသည့်အခါ သို့မဟုတ် အရမ်းနိမ့်နေသည့်အခါအကြောင်းကြားချက်များကိုလက်ခံခြင်း

  1. ညာဘက်ထိပ်ရှိ သင့်ပရိုဖိုင်ဓာတ်ပုံ သို့မဟုတ် နာမည်အစများကို နှိပ်ပါ။

    သင့်ပရိုဖိုင်ပုံ သို့မဟုတ် နာမည်အစများကို မတွေ့ပါက ဖန်သားပြင်အောက်ခြေရှိ Summary သို့မဟုတ် Browse ကိုနှိပ်၍ ဖန်သားပြင်ထိပ်ဆုံးသို့ ရွှေ့ဆွဲပါ။

  2. Health Checklist ကိုနှိပ်ပါ။

  3. Walking Steadiness Notifications အတွက် Set Up ကိုနှိပ်ပါ၊ ထို့နောက်ဖန်သားပြင်ညွှန်ကြားချက်များအတိုင်းပြုလုပ်ပါ။

သင့်အကြောင်းကြားချက်များကို နမူနာကြည့်ရန် ညာဘက်အောက်ခြတွေင် Browse ကိုနှိပ်ပါ၊ Mobility ကိုနှိပ်ပါ၊ အောက်သို့ဆွဲချပါ၊ ထို့နောက် Walking Steadiness Notifications ကိုနှိပ်ပါ။

သင့်လမ်းလျှောက်မှန်မှုအကြောင်းကြားချက်များကို သင်ရင်နှီးသည့်တစ်စုံတစ်ယောက်နှင့် အလိုအလျောက်မျှဝေရန် iPhone ရှိ Health တွင် သင်၏အချက်အလက်ကိုမျှဝေခြင်းကိုကြည့်ပါ။

သင့်လမ်းလျှောက်မှန်မှုအချက်အလက်ကိုကြည့်ခြင်း

  1. ညာဘက်အောက်နားရှိ Browse ကိုနှိပ်၍ Mobility ကိုနှိပ်ပါ။

  2. Walking Steadiness ကိုနှိပ်ပါ (အောက်သို့ဆွဲချရန်လိုအပ်သည်)။

  3. ပုံမှန်လှုပ်ရှားမှုအဆင့်သုံးခု (OK၊ Low နှင့် Very Low) ကိုလေ့လာရန် Show Information ခလုတ်ကိုနှိပ်ပါ။

သင့်လမ်းလျှောက်မှန်မှုကိုတိုးတက်ရန်နည်းကို လေ့လာခြင်း

  1. ညာဘက်အောက်နားရှိ Browse ကိုနှိပ်၍ Mobility ကိုနှိပ်ပါ။

  2. အောက်သို့ဆွဲချပါ၊ ထို့နောက် Exercises that May Improve Walking Steadiness ကိုနှိပ်ခြင်း

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.