ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Messages တွင် iMessage အက်ပ်စ်များကိုသုံးခြင်း

Messages အက်ပ် တွင် ပြောဆိုမှုများကိုစတစ်ကာများဖြင့်အလှဆင်ပြီး၊ ညစာနှင့်ရုပ်ရှင်ကိုအစီအစဉ်ရေးဆွဲ၍ ၊သီချင်းတစ်ပုဒ်ကိုမျှဝေခြင်းအစရှိသည်တို့အားလုံးကို Messages ထဲမှမထွက်ဘဲ iMessage အက်ပ်စ်များမှတစ်ဆင့်လုပ်နိုင်သည်။ App Store မှ iMessage အက်ပ်များပိုမိုဒေါင်းလုတ်လုပ်ခြင်းဖြင့်ရွေးချယ်မှုများကိုတိုးချဲ့ပါ။

iMessage App Browser ခလုတ်နှင့် Messages ပြောဆိုမှုတစ်ခုကိုရွေးချယ်ထားသည်။ ဖွင့်ထားသည့်အက်ပ်ထဲတွင်အပြုံးစတစ်ကာများကိုပြသည်။

iMessage အက်ပ်စ်များကိုရှာဖွေ၍ဒေါင်းလုတ်ဆွဲခြင်း

  1. Messages စကားပြောဆိုမှုအတွင်း iMessages App Store ကိုဖွင့်ရန် Store ခလုတ် ကိုနှိပ်ပါ။

  2. အသေးစိတ်နှင့်သုံးသပ်ချက်များထပ်မံကြည့်ရှုလိုပါက အက်ပ်တစ်ခုကိုနှိပ်၍ အက်ပ်ဝယ်ယူရန် စျေးနှုန်းကိုနှိပ်ပါ သို့မဟုတ် အခမဲ့အက်ပ်ကို ဒေါင်းလုတ်ရယူရန် Get ကိုနှိပ်ပါ။

    ဝယ်ယူမှုအားလုံးကိုသင်၏ Apple IDနှင့်ချိတ်ဆက်ထားသောပေးချေမှုစနစ်ဖြင့်ပြုလုပ်ထားသည်။

iMessage အက်ပ်များကိုသုံးခြင်း

  1. စကားပြောဆိုမှုတွင်၊ အက်ပ်အတွင်းရှိ iMessage အက်ပ်ကိုနှိပ်ပါ။

  2. မက်ဆေ့ချ်ပူဖောင်းသို့၎င်းကိုဖြည့်ရန် iMessage အက်ပ်ထဲရှိအမျိုးအစားကိုနှိပ်ပါ။

  3. သင်အလိုရှိပါကထင်မြင်ချက်တစ်ခုဖြည့်ပါ၊ ထို့နောက်မက်ဆေ့ချ်ပို့ရန် Send ခလုတ် ကိုနှိပ်ပါ သို့မဟုတ် ပယ်ဖျက်ရန် Remove ခလုတ် ကိုနှိပ်ပါ။

စတစ်ကာများနှင့်အလှဆင်ခြင်း

App Store မှစတစ်ကာအက်ပ်တစ်ခုကိုဒေါင်းလုတ်လုပ်ပါက၊ Messages တွင် ဓာတ်ပုံများနှင့်ဗီဒီယိုများကို ထိုစတစ်ကာများနှင့်ပိုကောင်းအောင်လုပ်နိုင်သည်။

  1. စကားပြောဆိုမှုတွင်၊ အက်ပ်အတွင်းရှိစတစ်ကာအက်ပ်ကိုနှိပ်ပါ။

  2. စတစ်ကာကိုထိ၍ထိန်းထားပါ၊ ထို့နောက်စကားပြောဆိုမှုထဲရှိမည်သည့်နေရာသို့မဆို၎င်းကိုပွတ်ဆွဲပါ။ ယင်းကိုမပို့မီ၊ အောက်ပါတို့မှနှစ်သက်ရာတစ်ခုကိုလုပ်ဆောင်နိုင်သည်၊

    • ထောင့်ကို ချိန်ညှိခြင်း၊ ယင်းစတစ်ကာကိုပွတ်ဆွဲနေသည့်လက်ချောင်းနားတစ်ဝိုက်တွင်ဒုတိယလက်ချောင်းကိုလှည့်ပါ။

    • အရွယ်အစားကိုညှိခြင်း၊ ၎င်းစတစ်ကာကိုပွတ်ဆွဲနေသည့်လက်ချောင်း၏အနီး သို့မဟုတ် အဝေးရှိဒုတိယလက်ချောင်းကိုရွှေ့ပါ။

    အဆိုပါစတစ်ကာကို အခြားစတစ်ကာထိပ်ပေါ်သို့ တင်နိုင်သည်၊ သို့မဟုတ် ပုံတစ်ပုံပေါ်သို့ တင်နိုင်သည်။

စတစ်ကာတစ်ခုဖြင့်ဖုံးထားသည့်စာသားကိုမြင်ရန်၊ စတစ်ကာကို နှစ်ကြိမ်ဆက်နှိပ်ပါ။

၎င်းစတစ်ကာနှင့်ပတ်သက်သည့်သတင်းအချက်အလက်ကိုပိုမိုမြင်ရရန်၊ ထိုစတစ်ကာကိုထိ၍ထိန်းထားပါ၊ ထို့နောက် Sticker Details ကိုနှိပ်ပါ။ အောက်ပါတို့မှနှစ်သက်ရာတစ်ခုကိုလုပ်နိုင်သည်၊

  • ထိုစတစ်ကာကိုပို့သူကိုကြည့်ပါ။

  • ထိုစတစ်ကာပို့သည့် iMessage အက်ပ်ကိုကြည့်ပါ။

  • ထိုစတစ်ကာကိုဖျက်ပါ၊ ဘယ်သို့ရွှေ့ပါ၊ ထို့နောက် Delete ကိုနှိပ်ပါ။

iMessage အက်ပ်များကိုစီမံခြင်း

  1. အက်ပ်အတွင်းတွင်ပါသော More ခလုတ် ကိုနှိပ်ပါ။

  2. Edit ကိုနှိပ်၍သင်၏ iMessage အက်ပ်စ်များနှင့် အောက်ပါတို့မှတစ်ခုခုကိုနှိပ်ပါ၊

    • အက်ပ်စ်များကိုပြန်လည်စီစဉ်ခြင်း၊ Reorder ခလုတ် ကိုပွတ်ဆွဲပါ။

    • သင့် Favorites ထဲသို့ အက်ပ်တစ်ခု ထပ်ပေါင်းထည့်ခြင်း၊ Add ခလုတ် ကိုနှိပ်ပါ။

    • သင့် Favorites ထဲမှ အက်ပ်တစ်ခုကို ဖယ်ရှားခြင်း၊ Deleteခလုတ် ကိုနှိပ်ပါ။

    • အက်ပ်တစ်ခုကိုဝှက်ခြင်း၊ ယင်းအက်ပ်ကိုပိတ်ပါ။

    • အက်ပ်တစ်ခုကိုဖျက်ခြင်း၊ ယင်းအက်ပ်ပေါ်တွင် ဘယ်ဘက်သို့ရွှေ့ပါ၊ ထို့နောက်Delete နှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.