ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

အားသွင်းကြိုးကိုသုံး၍ iPhone နှင့် သင်၏ကွန်ပျူတာကို ချိတ်ဆက်ခြင်း

USB ကြိုး သို့မဟုတ် ကြားခံပလတ်ခေါင်းကို အသုံးပြုကာ iPhone နှင့် Mac သို့မဟုတ် Windows PC တို့ကို တိုက်ရိုက်ချိတ်ဆက်နိုင်သည်။

  1. အောက်ပါတို့မှတစ်ခုရှိမရှိသေချာအောင်လုပ်ပါ၊

    • USB port ပါသည့် Mac နှင့် OS X 10.9 သို့မဟုတ်နောက်ပိုင်း

    • USB port ပါသည့် PC နှင့် Windows 7 သို့မဟုတ်နောက်ပိုင်း

  2. သင်၏iPhone အတွက် အားသွင်းကြိုးကိုအသုံးပြု၍ iPhone ကို သင်၏ကွန်ပျူတာနှင့်ချိတ်ဆက်ပါ။ အားသွင်းကြိုးသည် သင့်ကွန်ပျူတာရှိအပေါက်နှင့် တွဲဖက်အသုံးမပြုနိုင်လျှင် အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • သင်၏ iPhone သည် USB ကြိုးသို့ Lightning ချိတ်ဆက်ပါရှိပြီး သင်၏ကွန်ပျူတာတွင် USB-C port ပါရှိပါက၊ ကြိုးအဆုံးရှိ USB ခေါင်းကို USB-C မှ USB ပလတ်ခေါင်း (သီးသန့်ရောင်းချသည်) နှင့်ချိတ်ဆက်ပါ သို့မဟုတ် USB-C မှ Lightning ကြိုးတစ်ခုကို အသုံးပြုပါ (သီးသန့်ရောင်းချသည်)။

    • သင်၏ iPhone သည် USB ကြိုးသို့ Lightning ချိတ်ဆက်ပါရှိ၍ သင်၏ကွန်ပျူတာတွင် USB-C port ပါရှိပါက Lightning မှ USB ကြိုးတစ်ခုကို (သီးသန့်ရောင်းချသည်) ကိုအသုံးပြုပါ။

  3. အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊

iPhone ကို သင်၏ကွန်ပျူတာနှင့်ချိတ်ဆက်ပြီး သင်၏ကွန်ပျူတာသည်လည်း အားသွင်းထားသည့်အခါ iPhone ဘက်ထရီအားဝင်နေမည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.