ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ကင်မရာဖြင့် ProRes ဗီဒီယိုများရိုက်ကူးခြင်း

iPhone 13 Pro နှင့် iPhone 13 Pro Max တွင် အရောင်မှန်ကန်မှုမြင့်မားပြီး ပုံကျုံ့ခြင်းလျော့နည်းစေသည့် ProRes ဖြင့် ဗီဒီယိုများကိုရိုက်ကူးပြင်ဆင်ရန် Camera ကိုသုံးနိုင်သည် (iOS 15.1 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများ)။

ProRes ကို ရှေ့ကင်မရာ အပါအဝင် ကင်မရာအားလုံးတွင် အသုံးပြုနိုင်သည်။ ProRes သည် Cinematic၊ Time-lapse၊ သို့မဟုတ် Slo-Mo မုဒ်များမရပါ။

မှတ်စု ProRes ဗွီဒီယိုများသည် ဖိုင်အရွယ်အစားပိုကြီးသည်။ ProRes သည် 1080p အရည်အသွေးမြင့်အမြန်ပြကွက်ဗွီဒီယိုကို 30 fps နှုန်းဖြင့်သာရိုက်ကူးသည့် 128GB ရှိသည့် iPhone မော်ဒယ်များမှလွဲ၍၊ 4K ရုပ်ထွက်အားဖြင့် တစ်စက္ကန့် ရိုက်ကွက် 30 fps နှုန်းအထိရိုက်ကူး၍ရနိုင်သည်။

ProRes ကိုသတ်မှတ်ခြင်း

ProRes ကို စတင်စီမံရန် Settings > Camera > Formats သို့သွား၍ Apple ProRes ကို ဖွင့်ပါ။

ProRes ဖြင့်ဗွီဒီယိုတစ်ဖိုင်ရိုက်ကူးခြင်း

  1. Camera ကိုဖွင့်ပါ၊ Video မုဒ်ကိုရွေးပါ၊ ထို့နောက် ProRes ကိုဖွင့်ရန် ProRes Off ခလုတ် ကိုနှိပ်ပါ။

  2. ရိုက်ကူးမှုစတင်ရန် Record ခလုတ်ကိုနှိပ်ပါ သို့မဟုတ် အသံခလုတ်ကို နှိပ်ပါ။

    နောက်ကင်မရာဖြင့်ရိုက်ကူးနေစဉ်တွင်၊ ချုံ့ရန် သို့မဟုတ် ချဲ့ရန်၊ လက်နှစ်ဖက်ဖြင့်ဖိဆွဲနိုင်ပြီး၊မှန်ဘီလူးများကြား ရွှေ့ရန် 5x၊ 1x နှင့် 3x ကိုနှိပ်ပါ၊ သို့မဟုတ် မှန်ဘီလူးရွေးချယ်ကိရိယာကိုဖိနှိပ်ထားပါ၊ ထို့နောက် ပုံအချုံ့အချဲ့ ကိုပို၍တိကျအောင်ထိန်းချုပ်ရန် ထိုဒိုင်ခွက်ကိုရွှေ့ပါ။

  3. ရိုက်ကူးမှုကို ရပ်ရန် Record ခလုတ် သို့မဟုတ် အသံအတိုးအလျော့ခလုတ်တစ်ခုခုကိုနှိပ်ပါ။

  4. ProRes ကိုပိတ်လိုသည့်အခါProRes On ခလုတ်ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.