ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Safari ကိုအသုံးပြု၍ ဝက်ဘ်ကို ရှာဖွေခြင်း

Safari အက်ပ်တွင် ဝက်ဘ်ကို ရှာဖွေနိုင်သည်၊ ဝက်ဘ်ဆိုက်များကိုကြည့်နိုင်သည်၊ ဝက်ဘ်ဆိုက်လင့်ခ်များကိုအမြည်းကြည့်နိုင်သည်၊ ဝက်ဘ်စာမျက်နှာများကို ဘာသာပြန်ဆိုနိုင်ပြီး သင်၏ Home ဖန်သားပြင်တွင် ဖယ်ရှားခံရနိုင်သည့် Safari အက်ပ်ကိုပြန်ထည့်နိုင်သည်။ သင်၏စက်အားလုံးရှိ iCloud ကို Apple ID တစ်ခုတည်းဖြင့် အကောင့်ဝင်ရောက်ထားလျှင် အခြားစက်များတွင် ဖွင့်ထားသော စာမျက်နှာများကိုပါ ကြည့်နိုင်ပြီး မှတ်သားထားသောဝက်ဘ်စာမျက်နှာများ၊ ရှာဖွေမှုမှတ်တမ်းနှင့် ဖတ်ရှုစာရင်းတို့သည် ထိုစက်များအားလုံး၌ ထိန်းသိမ်းထားနိုင်မည်။

အောက်ခြေရှိဝက်ဘ်လိပ်စာကွက်လပ်ကိုသုံး၍ Safari တွင်ဝက်ဘ်ဆိုက်စာမျက်နှာတစ်ခုကိုဖွင့်ပါ။ အောက်ခြေရှိ ဝဲမှ ယာတွင် Back၊ Forward၊ Share၊ Bookmarks နှင့် Tabs ခလုတ်တို့ရှိသည်။

Safari ဖြင့် ဝက်ဘ်ဆိုက်များ ကြည့်ရှုခြင်း

အနည်းငယ်ထိနှိပ်ရုံနှင့် ဝက်ဘ်စာမျက်နှာတစ်ခုသို့ အလွယ်တကူသွားနိုင်သည်။

  • ထိပ်သို့ ပြန်သွားရန်၊ ဖန်သားပြင်၏ထိပ်စွန်းကို နှစ်ကြိမ်ဆက်နှိပ်၍ စာမျက်နှာအရှည်တစ်ခု၏ ထိပ်သို့ အမြန်ပြန်သွားနိုင်သည်။

  • စာမျက်နှာကို ကျယ်ကျယ်ပြန့်ပြန့်မြင်ရရန်၊ iPhoneကို အလျားလိုက်လိုသလိုလှည့်ပါ။

  • စာမျက်နှာကို ပြန်လည်သစ်လွင်စေရန်၊ စာမျက်နှာ၏ထိပ်မှ ဆွဲချပါ။

  • လင့်ခ်များကိုမျှဝေရန်၊ စာမျက်နှာ၏အောက်ခြေရှိ Share ခလုတ် ကိုနှိပ်ပါ။

ဝက်ဘ်ဆိုက်လင့်ခ်များကိုအမြည်းကြည့်ခြင်း

ထိုစာမျက်နှာကိုဖွင့်ခြင်းမရှိဘဲ ၎င်းလင့်ခ်ကိုအမြည်းကြည့်ရန် Safari ရှိလင့်ခ်ကိုဖိ၍နှိပ်ထားပါ။ ထိုလင့်ခ်ကိုဖွင့်ရန် နမူနာကိုနှိပ်ပါ သို့မဟုတ် Open ကိုရွေးချယ်ပါ။

နမူနာကြည့်ခြင်းကိုပိတ်ရန်နှင့် လက်ရှိစာမျက်နှာကိုဆက်လက်ထားရှိရန် ထိုနမူနာ၏ပြင်ပရှိ မည်သည့်နေရာကိုမဆိုနှိပ်ပါ။

ဖြစ်နိုင်ခြေရှိသော လုပ်ဆောင်မှုစာရင်းနှင့်အတူပြထားသော ခရီးဆုံး URL ၏ နမူနာတစ်ခု၊ Open၊ Open in New Tab၊ Open in Tab Group၊ Download Linked File၊ Add to Reading List၊ နှင့် Add to Photos။

ဝက်ဘ်စာမျက်နှာတစ်ခုကို ဘာသာပြန်ဆိုခြင်း

အခြားဘာသာစကားဖြင့်ရေးထားသော ဝက်ဘ်စာမျက်နှာတစ်ခုသို့ ရောက်သည့်အခါ ၎င်းစာသားများကိုဘာသာပြန်ဆိုရန် Safari ကိုအသုံးပြုပါ (ဘာသာစကားအားလုံးမရပါ သို့မဟုတ် ဒေသတိုင်းတွင်မရပါ)။

အခြားဘာသာစကားဖြင့်ရေးထားသော ဝက်ဘ်စာမျက်နှာကိုကြ့်သည့်အခါ Page Settings ခလုတ် ကိုနှိပ်ကာ ဘာသာပြန်ဆိုမှုကိုထောက်ပံ့ပေးထားပါက Translate ခလုတ် ကိုနှိပ်ပါ။

Safari ကို သင့် Home ဖန်သားပြင်ကိုထည့်ခြင်း

သင့် Home ဖန်သားပြင်တွင် Safari မတွေ့ပါက App Library တွင်ရှာ၍ ၎င်းကိုပြန်ထည့်နိုင်သည်။

  1. Home ဖန်သားပြင်ပေါ်တွင် App Library ကိုဝင်ရန် ဘယ်ဘက်သို့ပွတ်ဆွဲပါ။

  2. ရှာဖွေမှုကွက်လပ်တွင် “Safari” ကိုရိုက်ထည့်ပါ။

  3. Safari အက်ပ်သင်္ကေတ ကိုဖိပြီးနှိပ်ထားပါ၊ ထို့နောက် Add to Home Screen ကို နှိပ်ပါ။

ဒါကိုလည်းကြည့်ပါ

ဝက်ဘ်ဆိုက်များကို ရှာဖွေခြင်း

ရှာဖွေကွက်လပ်ကိုရွေ့ခြင်း

သင်ဝှက်ထားသည့်အရာကိုရှင်းခြင်း

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.