ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Safari တွင် Hide My Email ကိုအသုံးပြုခြင်း

iCloud+ သို့မှတ်ပုံတင်စာရင်းသွင်း သည့်အခါ၊ သင့်ကိုယ်ပိုင်အီးမေးလ်လိပ်စာကိုသီးသန့်သိမ်းရန် Hide My Email ကိုသုံးနိုင်သည်။ Hide My Email နှင့် သင့်ကိုယ်ပိုင်အီးမေးလ်လိပ်စာသို့ပေးပို့သည့် သီးခြားကြုံရာ အီးမေးလ်လိပ်စာများကိုဖန်တီးနိုင်သည်၊ ထို့ကြောင့် ဝက်ဘ်ဆိုက်ဒ်တွင် ဖောင်များဖြည့်သည့်အခါ သို့မဟုတ်သတင်းလွှာများအတွက် စာရင်းသွင်းသည့်အခါ သင့်ကိုယ်ပိုင်အီးမေးလ်လိပ်စာကိုမျှဝေရန်မလိုပါ။

ဖန်သားပြင်အောက်ခြေတစ်ဝက်သည် iCloud+ အတွက် Hide My Email ရွေးစရာဖြစ်သည်။ လိပ်စာ၊ အညွှန်းတစ်ခု၊ နှင့်မှတ်စုတစ်ခုကိုပေးပို့မည့် ကျပန်းဖန်တီးထားသည့်အီးမေးလ်ကိုစာရင်းလုပ်သည်။ ဖန်သားပြင်အောက်ခြေသည် Use ခလုတ်တစ်ခု နှင့် iCloud ချိန်ညှိမှုများသို့ လင့်ခ်တစ်ခုဖြစ်သည်။
  1. ဝက်ဘ်ဆိုက်တစ်ခုတွင် သင်၏အီးမေးလ်လိပ်စာကို မေးလာသည့်အခါ အီးမေးလ်ကွက်လပ်ကိုနှိပ်ပါ။

  2. စာရိုက်ခလုတ်ခုံအထက်ရှိ Hide My Email ကိုနှိပ်ပါ။

    Hide My Email ဖန်သားပြင်သည် ကျပန်းဖန်တီးထားသော Hide My Email လိပ်စာသစ်တစ်ခုကို အကြံပြုသည်။

  3. အကြံပြုသောလိပ်စာကိုအသုံးမပြုချင်ပါက Refresh ခလုတ် ကိုနှိပ်၍ ကျပန်းဖန်တီးသော အီးမေးလ်လိပ်စာသစ်တစ်ခုကို ရယူနိုင်သည်။

  4. အကြံပြုသောလိပ်စာကိုအသုံးပြုရန် Continue ကိုနှိပ်ပါ။

Hide My Email လိပ်စာကို အချိန်မရွေးဖျက်နိုင်ပါသည်။ Settings တွင် Hide My Emailကို ဖန်တီးခြင်းနှင့်စီမံခြင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.