ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Books တွင် PDF စာရွက်များကိုဖတ်ခြင်း

Books အက်ပ် တွင် Mail၊ Messages နှင့်အခြားအက်ပ်များတွင်လက်ခံရရှိသောPDFs ကိုဖွင့်ပြီး သိမ်းဆည်းနိုင်ပါသည်။

Books တွင် PDF များ ကိုဖွင့်ပါ။

PDF attachment ကိုဖွင့်ရန် ၎င်းကိုနှိပ်ပါ၊ Share ခလုတ် ကိုနှိပ်ပြီးနောက် Books ကို နှိပ်ပါ။

PDF စာတမ်းတစ်ခုကို မျှဝေပါ သို့မဟုတ် ပရင့်ထုတ်ပါ။

PDF စာရွက်စာတမ်းဖိုင်ကိုဖွင့်၍ Share ခလုတ်ကိုနှိပ်ကာ AirDrop၊ Mail၊ သို့မဟုတ် Messages ကိုနှိပ်ပါ သို့မဟုတ် Print ကိုနှိပ်ပါ။

Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့်AirPrintအကြောင်း ကိုကြည့်ပါ။

PDF ကိုပြင်ခြင်း

PDF ကိုဖွင့်ပါ ရေးဆွဲခြင်းနှင့်မှတ်ချက်ရေးသွင်းခြင်းပြုသည့်ပစ္စည်းများကိုအသုံးပြုရန်Markup ခလုတ် ကိုနှိပ်ပါ (Markup ခလုတ်ကို မတွေ့လျှင်စာမျက်နှာအလယ်နားကိုနှိပ်ပါ)။

iPhone တွင် Markup ဖြင့် အက်ပ်များအတွင်းပုံဆွဲခြင်း ကိုကြည့်ပါ။

စက်များပေါ်မှ PDFs ကို ကြည့်ခြင်း

တူညီသော Apple ID ဖြင့်ဝင်ရောက်ခဲ့သော သင့်iPhone၊ iPad၊ iPod touch နှင့် Mac ပေါ်ရှိ Book Store မဟုတ်သောစာအုပ်များနှင့်PDFs များကိုကြည့်နိုင်သည်။

Settings  > [your name] > iCloudသို့သွားပါ၊ iCloud Drive ကိုဖွင့်ပါ၊ ထို့နောက် Books ကိုဖွင့်ပါ။ ထို့နောက် Settings > Books သို့သွားပါ၊ ထို့နောက် iCloud Drive ကိုဖွင့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.