ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Files အတွင်းမှ ဖိုင်များနှင့် ဖိုင်တွဲများကို ကြည့်ခြင်းနှင့်ပြုပြင်ခြင်း

Files အက်ပ် တွင် သင့် စာရွက်စာတမ်းများ၊ ဓာတ်ပုံများနှင့် အခြားဖိုင်များကိုကြည့်ခြင်းနှင့်ပြုပြင်ခြင်း။

ဖိုင်နှင့်ဖိုင်တွဲများကို ရှာဖွေရန်၊ ဖွင့်ရန်

  1. ဖန်သားပြင်အောက်ခြေရှိ Browse ကို နှိပ်ပါ၊ ထို့နောက် Browse ဖန်သားပြင်ပေါ်ရှိ အမျိုးအစားတစ်ခုကို နှိပ်ပါ။

    Browse ဖန်သားပြင်ကိုမမြင်ရလျှင် Browse ကိုထပ်နှိပ်ပါ။

    လတ်တလောဖွင့်ထားသည့်ဖိုင်များကိုကြည့်ရန် ဖန်သားပြင်အောက်ခြေရှိ Recents ကိုနှိပ်ပါ။

  2. ဖိုင်တစ်ခု၊ တည်နေရာ သို့မဟုတ် ဖိုင်တွဲကို ကိုဖွင့်ရန် ၎င်းကို နှိပ်ပါ။

    မှတ်စု ဖိုင်တစ်ခုကိုဖန်တီးပေးနိုင်သည့်အက်ပ်ကို မထည့်သွင်းရသေးလျှင် Quick Look တွင် ၎င်းဖိုင်၏နမူနာပုံပေါ်နေမည်။

ဖိုင်တွဲများကို စိတ်ကြိုက်အရာများ သို့မဟုတ် နာမည်အညွှန်းများပေါင်းထည့်ခြင်းအကြောင်း အချက်အလက်များအတွက် iPhone ထဲရှိ ဖိုင်တွဲများအတွင်းက ဖိုင်များနှင့် ဖိုင်တွဲများကိုအစီအစဉ်တကျနေရာချခြင်း ကိုကြည့်ပါ။

စာရွက်စာတမ်းများကို ပြုပြင်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း

ထောက်ပံ့ထားသည့်စာတမ်းဖိုင်ပုံစံရှိဖိုင်တစ်ခုကို ကြည့်သည့်အခါ Files အက်ပ်ကို အသုံးပြု၍ ထိုစာတမ်း၏အကြောင်းအရာများကို ပြုပြင်ပြီး ပြန်လည်စီစဥ်နိုင်သည်။

  1. စာတမ်းတစ်ခုကိုဖွင့်ပါ၊ ထို့နောက်ဘယ်ဘက်ထိပ်ရှိ စာမျက်နှာနံပါတ်ကိုနှိပ်ပါ။

  2. More ခလုတ်ကိုနှိပ်ကာ အောက်ပါတို့မှ တစ်ခုခုကိုရွေးချယ်ပါ

    • ဘယ်ဘက်ကိုလှည့်ခြင်း၊ ဦးစားပေးဖော်ပြထားသောစာမျက်နှာကို ဘယ်ဘက်သို့လှည့်ပါ။

    • ညာဘက်ကိုလှည့်ခြင်း၊ ဦးစားပေးဖော်ပြထားသောစာမျက်နှာကို ညာဘက်သို့လှည့်ပါ။

    • စာမျက်နှာအလွတ်ကို ထည့်သွင်းခြင်း၊ ဦးစားပေးဖော်ပြထားသည့်စာမျက်နှာပြီးနောက် စာမျက်နှာအလွတ်ကိုထည့်သွင်းခြင်း။

    • ဖိုင်မှထည့်သွင်းခြင်း၊ ဦးစားပေးဖော်ပြထားသည့်စာမျက်နှာပြီးနောက် ဖိုင်တစ်ဖိုင်မှစာမျက်နှာများကို ထည့်သွင်းခြင်း။

    • စာမျက်နှာများကို စကင်န်ဖတ်ခြင်း၊ ဦးစားပေးဖော်ပြထားသည့်စာမျက်နှာပြီးနောက် စကင်န်ဖတ်ထားစာဖိုင်များမှစာမျက်နှာများကိုထည့်သွင်းခြင်း။

    • ဖျက်သိမ်းရန်၊ ဦးစားပေးဖော်ပြထားသည့်စာမျက်နှာကို ဖျက်ခြင်း။

    စာတမ်းတစ်ခုကိုပြန်စီစဥ်ရန် ဦးစားပေးဖော်ပြထားသည့်စာမျက်နှာကို ထိပြီးနှိပ်ထား၍ ၎င်းကို နေရာအသစ်ကို ပြောင်းပါ။

    စာတမ်းတစ်ခုကိုပြင်ရန် Show Handwriting Tools ခလုတ်ကိုနှိပ်ပါ။

မှတ်စု စာတမ်းပုံစံများအားလုံးကို Files အက်ပ်ဖြင့် ထောက်ပံ့ထားခြင်းမရှိပါ။

သတ်သတ်မှတ်မှတ်ဖိုင်တစ်ခု သို့မဟုတ် ဖိုင်တွဲတစ်ခုကို ရှာခြင်း

ရှာဖွေမှုနေရာတွင် ဖိုင်အမည်၊ ဖိုင်တွဲအမည်၊ သို့မဟုတ် စာဖိုင်အမျိုးအစားကို ရိုက်ထည့်ပါ။

သင်ရှာဖွေသည့်အခါ ဤရွေးချယ်ခွင့်များရှိသည်၊

  • သင့်ရွေးချယ်မှုများ၏အဓိကနယ်ပယ်ကို အာရုံစိုက်ခြင်း၊ ရှာဖွေမှုကွက်လပ်အောက်တွင် Recents သို့မဟုတ် တည်နေရာ သို့မဟုတ် အညွန်းအမည်ကိုနှိပ်ပါ။

  • စာရိုက်ခလုတ်ခုံကိုဝှက်ရန်နှင့် ဖန်သားပြင်ပေါ်တွင် ရလဒ်များပိုမိုမြင်ရရန်၊ Search ကိုနှိပ်ပါ။

  • ရှာဖွေမှုအသစ်တစ်ခုကို စတင်ရန်၊ ရှာဖွေမှုကွက်လပ်တွင် Clear Text ခလုတ် ကိုနှိပ်ပါ။

  • ရလဒ်တစ်ခုကိုဖွင့်ရန်၊ ၎င်းကို နှိပ်ပါ။

စာရင်းပုံစံ သို့မဟုတ် သင်္ကေတပုံစံပြောင်းလဲပါ။

ဖွင့်ထားသည့်ဖိုင်နေရာတစ်ခု သို့မဟုတ် ဖိုင်တွဲတစ်ခုမှနေ၍ ဖန်သားပြင်၏ အလယ်မှဖိဆွဲချကာ List View ခလုတ်ကိုနှိပ်ပါ။

Photography ဖိုင်များအတွက် iCloud Drive တည်နေရာတစ်ခု။ နာမည်ဖြင့် ဖိုင်များစဉ်ထားပြီး Cottage ဟုခေါ်သည့် ပုံစံသစ်ပြန်တည်ဆောက်နိုင်သည့် ဖိုင်တွဲတစ်ခုနှင့် စာရွက်စာတမ်းခြောက်ခုပါဝင်သည်၊ Desert Stop၊ Karen Blue၊ Lakeside၊ Leafy Shadows၊ Mark Flip၊ နှင့် Susan Green။ စာရင်းနှင့် ပုံစံကြားပြောင်းလဲနိုင်သည့် ခလုတ်သည် ညာဘက်ထိပ်အနီးတွင် ပေါ်လာသည်။

ဖိုင်များနှင့် ဖိုင်တွဲများကို ခွဲခြားထားပုံပြောင်းလဲခြင်း

  1. ဖွင့်ထားသည့်ဖိုင်နေရာတစ်ခု သို့မဟုတ် ဖိုင်တွဲတစ်ခုမှနေ၍ ဖန်သားပြင်၏ အလယ်မှဖိဆွဲချခြင်း။

  2. “Sorted by”ကိုနှိပ်ကာ တစ်ခုကိုရွေးချယ်ပါ၊ Name၊ Date၊ Size၊ Kind သို့မဟုတ် Tags။

Browse ဖန်သားပြင်ကို ပြန်စဉ်ခြင်း

Browse ဖန်သားပြင်ထိပ်ရှိ More ခလုတ် ကို နှိပ်ပါ၊ ထို့နောက် Edit ကို နှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှ တစ်ခုကို လုပ်ဆောင်ပါ၊

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.