ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ဓာတ်ပုံများနှင့် ဗီဒီယိုများကို တည်းဖြတ်ပြုပြင်ခြင်း

ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုရိုက်ကူးပြီးသည့်အခါ သင်၏ iPhone တွင် ၎င်းတို့ကိုတည်းဖြတ်ပြုပြင်ရန် Photos အက်ပ် ရှိကိရိယာများကိုအသုံးပြုပါ။ အလင်းအားနှင့် အရောင်အသွေး၊ ဖြတ်တောက်ခြင်း၊ လှည့်ခြင်း၊ အရာင်တင်ပြုပြင်ခြင်း စသည်တို့ကို ပြုပြင်နိုင်သည်။ သင်ပြုပြင်လိုက်သော အနေအထားကိုမကြိုက်နှစ်သက်ပါက မူလအနေအထားပြန်ဖြစ်စေရန် Cancel ကိုနှိပ်ပါ။

iCloud Photosကို သင်အသုံးပြုသည့်အခါ ဓာတ်ပုံများနှင့် ဗီဒီယိုများတွင် သင်တည်းဖြတ်ပြုပြင်ထားသမျှအား သင်၏စက်ပစ္စည်းများအားလုံး၌ သိမ်းဆည်းပေးထားသည်။

အလင်းနှင့်အရောင်အား ချိန်ညှိခြင်း

  1. Photos တွင် ဖန်သားပြင်အပြည့်ကြည့်ချင်သည့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုအသေးစားအား နှိပ်ပါ။

  2. Edit ကိုနှိပ်ကာ Exposure၊ Brilliance၊ Highlights နှင့် Shadows ကဲ့သို့အထူးပြုလုပ်ချက်တစ်ခုစီအတွက် ပြင်ဆင်မှုများကိုကြည့်ရန် ထိုဓာတ်ပုံအောက် ဘယ်ဘက်သို့ပွတ်ဆွဲပါ။

  3. သင်ပြုပြင်လိုသော အထူးပြုလုပ်ချက်ကိုနှိပ်ကာ တိကျသောချိန်ညှိမှုများဖန်တီးရန် ဆလိုက်ဒါကို ဖိဆွဲပါ။

    အထူးပြုလုပ်ချက်တစ်ခုစီအတွက် သင်ပြုလုပ်သည့်ချိန်ညှိမှုအဆင့်ကို ထိုခလုတ်နားတစ်ဝိုက်ပုံကြမ်းဖြင့် ညွှပြထားသောကြောင့် အဆိုပါအထူးပြုလုပ်ချက်များတိုးခြင်း သို့မဟုတ် လျှော့ခြင်းကိုဖျတ်ခနဲကြည့်နိုင်သည်။ ပြင်ဆင်ထားသည့်အထူးပြုလုပ်ချက်နှင့်မူရင်းကြားပြောင်းရန် အထူးပြုလုပ်ချက်ခလုတ်ကိုနှိပ်ပါ။

    အလယ်ရှိဓာတ်ပုံတစ်ပုံနှင့် Edit ဖန်သားပြင်။ ဓာတ်ပုံအောက်ရှိ ပြုပြင်ရန်ခလုတ်များသည် Enhancement၊ Exposure၊ Brilliance နှင့် Highlights အတွက်ဖြစ်သည်။ ဖန်သားပြင်အလင်းကိုရွေးချယ်ထားသည်။ ပြင်ဆင်သည့်ခလုတ်များအောက်ဘက်သည် ဖန်သားပြင်အလင်းအဆင့်များကို ချိန်ညှိရန်ဆလိုက်ဘားတစ်ခုဖြစ်သည်။ ဘယ်မှ ညာဘက်ဆလိုက်ဘား၏အောက်တွင် Adjust၊ Filters၊ Crop၊ နှင့် Done ခလုတ်များဖြစ်သည်။ Mark Up ခလုတ်သည် ညာဘက်ထိပ်ထောင့်တွင်ရှိသည်။
  4. သင်ပြင်ဆင်ထားသည်များကိုသိမ်းဆည်းရန် Done ကိုနှိပ်ပါ၊ သို့မဟုတ် သင်ပြင်ဆင်ထားသမျှကို မနှစ်သက်ပါက Cancel ကိုနှိပ်ပြီးနောက် Discard Changes ကိုနှိပ်ပါ။

အကြံပြုချက် သင့် ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများကို အထူးပြုလုပ်ချက်များဖြင့် အလိုအလျောက်တည်းဖြတ်နိုင်ရန် Enhance ခလုတ် ကို နှိပ်ပါ။

ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို ဖြတ်တောက်ခြင်း၊ လှည့်ခြင်း သို့မဟုတ် လှန်ခြင်း

  1. Photos တွင် ဖန်သားပြင်အပြည့်ကြည့်ချင်သည့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုအသေးစားအား နှိပ်ပါ။

  2. Edit ကိုနှိပ်ပါ၊ ကိုနှိပ်ပါ၊ ထို့နောက်အောက်ပါတို့မှတစ်ခုခုကိုနှိပ်ပါ၊

    • ကိုယ်တိုင်ဖြင့်ဖြတ်တောက်ခြင်း၊ ထိုဓာတ်ပုံထဲတွင်သင်သိမ်းလိုသည့်နေရာကိုထည့်ရန်ထောင့်မှန်စတုဂံထောင့်များကိုဆွဲယူပါ၊ သို့မဟုတ်ထိုဓာတ်ပုံဖွင့်ရန်သို့မဟုတ်ပိတ်ရန်လက်နှစ်ချောင်းဖြင့်လုပ်နိုင်သည်။

    • ကြိုတင်စံသတ်မှတ်ထားသည့်အချိုးအစားအတိုင်းဖြတ်တောက်ခြင်း၊ Aspect Ratio Freeform ခလုတ်ကိုနှိပ်ကာ အရွယ်အစားစတုရန်း 16:9 သို့မဟုတ် 5:4 ကဲ့သို့ တစ်ခုကိုရွေးချယ်ပါ။

    • လှည့်ခြင်း၊ ဓာတ်ပုံကို 90 ဒီဂရီလှည့်ရန် Rotate ခလုတ် ကိုနှိပ်ပါ။

    • ဟိုဘက် ဒီဘက်လှန်ခြင်း၊ ထိုပုံကိုအလျားလိုက်လှန်ရန်Flip ခလုတ် ကိုနှိပ်ပါ။

    ဖြတ်တောက်ခြင်းနှင့် လှည့်ခြင်းဖန်သားပြင်။
  3. သင်ပြင်ဆင်ထားသည်များကိုသိမ်းဆည်းရန် Done ကိုနှိပ်ပါ၊ သို့မဟုတ် သင်ပြင်ဆင်ထားသမျှကို မနှစ်သက်ပါက Cancel ကိုနှိပ်ပြီးနောက် Discard Changes ကိုနှိပ်ပါ။

မြင်ကွင်းကိုဖြောင့်တန်းခြင်းနှင့်ချိန်ညှိ ခြင်း

  1. Photos တွင် ဖန်သားပြင်အပြည့်ကြည့်ချင်သည့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုအသေးစားအား နှိပ်ပါ။

  2. Edit ကို နှိပ်ပါ၊ ထို့နောက် ကို နှိပ်ပါ။

  3. သင်ပြုပြင်နိုင်သော အထူးပြုလုပ်ချက်များကိုကြည့်ရှုရန် ဓာတ်ပုံအောက်တွင် ဘယ်သို့ပွတ်ဆွဲပါ၊ Straighten၊ Vertical သို့မဟုတ် Horizontal။

  4. သင်ပြုပြင်လိုသော အထူးပြုလုပ်ချက်ကိုနှိပ်ကာ တိကျသောချိန်ညှိမှုများဖန်တီးရန် ဆလိုက်ဒါကို ဖိဆွဲပါ။

    အထူးပြုလုပ်ချက်တစ်ခုစီအတွက်သင်ပြုလုပ်သည့်ချိန်ညှိမှုအဆင့်ကိုထိုခလုတ်နားတစ်ဝိုက်ပုံကြမ်းဖြင့်ပြထားသည်၊ ထို့ကြောင့်အဆိုပါအထူးပြုလုပ်ချက်များတိုးခြင်းသို့မဟုတ်လျော့ခြင်းကိုဖျတ်ခနဲကြည့်နိုင်သည်။ ပြင်ဆင်ထားသည့်အထူးပြုလုပ်ချက်နှင့်မူရင်းကြားပြောင်းရန်ထိုခလုတ်ကိုနှိပ်ပါ။

  5. သင်ပြင်ဆင်ထားသည်များကိုသိမ်းဆည်းရန် Done ကိုနှိပ်ပါ၊ သို့မဟုတ် သင်ပြင်ဆင်ထားသမျှကို မနှစ်သက်ပါက Cancel ကိုနှိပ်ပြီးနောက် Discard Changes ကိုနှိပ်ပါ။

စစ်ထုတ်သည့်အထူးပြုလုပ်ချက်များသုံးခြင်း

  1. Photos တွင် ဖန်သားပြင်အပြည့်ကြည့်ချင်သည့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုအသေးစားအား နှိပ်ပါ။

  2. Edit ကိုနှိပ်ပါ၊ Vivid၊ Dramatic သို့မဟုတ် Silvertone တို့ကဲ့သို့ ဓာတ်ပုံကိုအမျိုးမျိုးပြင်ဆင်နိုင်သည့် ဓာတ်ပုံအရောင်စစ်ခြင်းကိုအသုံးပြုရန် Filters ခလုတ် ကိုနှိပ်ပါ။

  3. စိစစ်မှုခလုတ်တစ်ခုကိုနှိပ်ပါ၊ ထို့နောက်ထိုအထူးပြုလုပ်ချက်ကိုချိန်ညှိရန်ထိုဆလိုက်ကိုပွတ်ဆွဲပါ။

    မူရင်းနှင့်ပြင်ဆင်ထားသည့်ဓာတ်ပုံကိုနှိုင်းယှဉ်ရန်၊ ထိုဓာတ်ပုံကိုနှိပ်ပါ။

  4. သင်ပြင်ဆင်ထားသည်များကိုသိမ်းဆည်းရန် Done ကိုနှိပ်ပါ၊ သို့မဟုတ် သင်ပြင်ဆင်ထားသမျှကို မနှစ်သက်ပါက Cancel ကိုနှိပ်ပြီးနောက် Discard Changes ကိုနှိပ်ပါ။

တည်းဖြတ်ပြင်ဆင်ပြီးသော ဓာတ်ပုံတစ်ပုံကို မူလအတိုင်းပြန်ပြောင်းခြင်း

ဓာတ်ပုံတစ်ပုံကို ပြင်ဆင်ပြီး၍ ပြင်ဆင်သမျှကို သိမ်းဆည်းပြီးသည့်အခါ မူရင်းဓာတ်ပုံသို့ ပြန်ပြောင်းနိုင်သည်။

  1. ပြင်ဆင်ထားသည့်ပုံကိုဖွင့်ပါ၊ Edit ကိုနှိပ်ပါ၊ ထို့နောက် Revert ကိုနှိပ်ပါ။

  2. Revert to Original ကိုနှိပ်ပါ။

ဓာတ်ပုံတစ်ပုံပေါ်တွင် စာရေးသားခြင်း သို့မဟုတ် ပုံရေးဆွဲခြင်း

  1. Photos တွင် ဖန်သားပြင်အပြည့်ကြည့်ချင်သည့် ဓာတ်ပုံတစ်ပုံကိုနှိပ်ပါ။

  2. Edit ကိုနှိပ်ကာ Mark Up ခလုတ်ကို နှိပ်ပါ။

  3. မတူညီသည့်ပုံဆွဲကိရိယာများနှင့်အရောင်များကိုသုံးကာထိုဓာတ်ပုံကိုမှတ်ချက်ပြုပါ။ ပုံချဲ့ရန် သို့မဟုတ် ပုံစာ၊ စာသား၊ ပုံသဏ္ဌာန် သို့မဟုတ် သင်၏လက်မှတ်ကိုပါ ထည့်သွင်းရန် Add Annotations ခလုတ် ကိုနှိပ်ပါ။

  4. သင်ပြင်ဆင်ထားသည်များကိုသိမ်းဆည်းရန် Done ကိုနှိပ်ပါ သို့မဟုတ် သင်ပြင်ဆင်ထားသမျှကို မနှစ်သက်ပါက Cancel ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.