ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် သင်နှင့် မျှဝေသော ဓာတ်ပုံများနှင့် ဗီဒီယိုများကိုကြည့်ရှုခြင်း

သူငယ်ချင်းတစ်ဦးက Messages အက်ပ်ကိုသုံး၍ သင်နှင့်အတူ ဓာတ်ပုံများနှင့် ဗီဒီယိုများကိုမျှဝေသည့်အခါ ၎င်းကို Photos အက်ပ် ရှိ Shared with You တွင် လွယ်ကူစွာ ရှာတွေ့နိုင်သည်။ (Automatic Sharing နှင့် Photos ကို Settings  > Messages > Shared with You တွင် ဖွင့်ထားရမည်ဖြစ်ပြီး သင့်သူငယ်ချင်းက သင်၏ Contacts တ္ငင်ရှိနေရမည်။)

Photos အက်ပ်အတွင်း Shared with You ဓာတ်ပုံစုဆောင်းမှုများကို ပြသသည့် For You ဖန်သားပြင်။ စုဆောင်းမှုတစ်ခုချင်းစီအောက်တွင် ဓာတ်ပုံများကို မျှဝေသူ၏အမည်နှင့် ထိုအဆက်အသွယ်သို့ စာပြန်ရန် ခလုတ်တစ်ခု ရှိသည်။
  1. For You ကိုနှိပ်ကာ Shared with You ရောက်သည်ထိဆွဲချပါ။

  2. အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊

    • ဓာတ်ပုံတစ်ပုံကို မျက်နှာပြင်ပြည့်ကြည့်ရန် ၎င်းကိုနှိပ်ကာ သင်၏စုစည်းမှုတွင် သိမ်းဆည်းပါ၊ မျှဝေပါ သို့မဟုတ် ဖျက်ပါ။

    • သင်၏မျှဝေသော ဓာတ်ပုံများအားလုံးကိုကြည့်ရန် See All ကိုကြည့်ပါ။

    • Messages အက်ပ်ကိုသုံး၍ စာပြန်နိုင်ရန် ထိုဓာတ်ပုံကိုမျှဝေပေးသည့် လူ၏အမည်ကိုထိနှိပ်ပါ။

Library ကိုလည်းနှိပ်နိုင်သည်၊ ထို့နောက် Messages တွင် သင်နှင့်မျှဝေထားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများကိုကြည့်ရန် All Photos ကိုနှိပ်ပါ။ ဓာတ်ပုံအသေးစုစည်းမှု၏ အောက်ဘက် ဘယ်ထောင့်ရှိ အပြန်အလှန်ပြောဆိုမှုအကွက်တစ်ခုဖြင့် ၎င်းဓာတ်ပုံများနှင့် ဗီဒီယိုများရှိသည်။ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကိုမျှဝေရန် ထိုအသေးစားစုစည်းမှုကိုနှိပ်ပါ၊ ၎င်းကိုသင့်စုစည်းမှုတွင်သိမ်းပါ သို့မဟုတ် ဖျက်ပါ။ Messages တွင် သင်နှင့်မျှဝေထားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို ဖွက်ထားရန်အတွက် More Options ခလုတ်ကိုနှိပ်ပြီးနောက် Your Photos Only ကိုနှိပ်ပါ။

မှတ်စု Messages ရှိအပြန်အလှန်ပြောဆိုမှုကို ဖျက်လျှင် Messages အပြန်အလှန်ပြောဆိုမှုတစ်ခုမှ သင်မသိမ်းထားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို Shared with You နှင့် သင့်စုစည်းမှုထဲတွင် ဖျက်ထားမည်။

Shared with You ကိုပိတ်ရန် Settings > Messages > Shared with You သို့သွားကာ Photos (အစိမ်းရောင်ဖြစ်နေမည်) ကိုပိတ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.