ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Find My တွင် သူငယ်ချင်းတစ်ဦး၏ တည်နေရာသည် ပြောင်းလဲသည့်အခါ အသိပေးမှုရယူခြင်း

သင့်သူငယ်ချင်း၏ တည်နေရာပြောင်းလဲသည့်အခါ အသိပေးချက်တစ်ခုရရှိရန် Find My အက်ပ် ကိုသုံးပါ။ သူငယ်ချင်းတစ်ဦးသည် တည်နေရာတစ်ခုသို့ ရောက်ရှိသည့်အခါ၊ တည်နေရာတစ်ခုမှ ထွက်ခွာသည့်အခါ သို့မဟုတ် တည်နေရာတစ်ခုတွင် ရှိမနေသည့်အခါ အသိပေးချက်ရရှိနိုင်သည်။

အရေးကြီးသော သင့်သူငယ်ချင်း၏တည်နေရာပြောင်းလဲသည့်အခါ အကြောင်းကြားချက်တစ်ခုလက်ခံရရှိရန် Find My အက်ပ်အတွက်အကြောင်းကြားချက်များအား ခွင့်ပြုထားခြင်းရှိမရှိစစ်ဆေးပါ။ iPhone ရှိအကြောင်းကြားချက်ချိန်ညှိမှုများကိုပြောင်းလဲခြင်း ကိုကြည့်ပါ။

သင်၏တည်နေရာပြောင်းလဲသည့်အခါတွင်လည်း သူငယ်ချင်းများကို အသိပေးနိုင်သည်။ iPhone ရှိ Find My တွင် သင်၏ တည်နေရာပြောင်းလဲသည့်အခါ သူငယ်ချင်းတစ်ခုကို အသိပေးခြင်း ကိုကြည့်ပါ။

သင်၏သူငယ်ချင်းသည် တည်နေရာတစ်ခုသို့ရောက်ရှိခြင်း သို့မဟုတ် ထွက်ခွာခြင်းပြုသည့်အခါ အသိပေးချက်ရယူခြင်း

  1. ဖန်သားပြင်အောက်ခြေရှိ People ကိုနှိပ်ကာ သင်အားအကြောင်းကြားစေချင်သည့် ပုဂ္ဂိုလ်အမည်ကိုနှိပ်ပါ။

  2. Notifications အောက်တွင် Add ကိုနှိပ်၍ Notify Me ကိုနှိပ်ပါ။

  3. သူငယ်ချင်းတစ်ယောက် တစ်နေရာမှ ထွက်ခွာသည့်အခါ သို့မဟုတ် တစ်နေရာသို့ ဆိုက်ရောက်သည့်အခါ သင့်ကို အသိပေးစေလိုလားရွေးချယ်ပါ။

  4. တည်နေရာတစ်ခုရွေးချယ်ပါ သို့မဟုတ် တည်နေရာအသစ်တစ်ခုဖန်တီးရန်နှင့် တည်နေရာအချင်းဝက်ကို စီမံသတ်မှတ်ရန် New Location ကိုနှိပ်ပါ။

    ပိုကြီးသောအချင်းဝက်ဖြင့် တည်နေရာကွက်တိအစား တည်နေရာအနီးသို့ သင့်သူငယ်ချင်းရောက်သည့်အခါ သင့်ကိုအကြောင်းကြားသည်။

  5. ထိုကဲ့သို အသိပေးချက်ရယူရာတွင် တစ်ကြိမ်တည်းလား သို့မဟုတ် အမြဲတမ်းအတွက်လားဆိုတာ ရွေးချယ်ပါ။

  6. Add ကိုနှိပ်ကာ OK ကိုနှိပ်ပါ။

    အကြောင်းကြားချက်စီမံသတ်မှတ်ပြီးနောက် သင့်သူငယ်ချင်းထံ အသိပေးချက်ရရှိမည်။

    တစ်ဆင့်အသိပေးချက်တစ်ခုကို သတ်မှတ်ထားပါက ထိုကဲ့သို့ မသတ်မှတ်မီ သင်၏သူငယ်ချင်းမှ အတည်ပြုပေးရသည်။ သူတို့သည် သင်ရွေးချယ်ထားသည့်နေရာကို ပထမဆုံးအကြိမ် သူတို့ရောက်သည့်အခါ သို့မဟုတ် ထိုနေရာမှထွက်သွားသည့်အခါ အတည်ပြုချက်တောင်းခံသည့် သတိပေးချက်တစ်ခုရရှိသည်။

သင်၏သူငယ်ချင်းသည် တည်နေရာတစ်ခုတွင်ရှိမနေသည့်အခါ အသိပေးချက်ရယူခြင်း

သင်၏ သူငယ်ချင်း သို့မဟုတ် မိသားစုဝင်သည် သတ်မှတ်ထားသောအချိန်ဇယားကာလအတွင်း တိတိကျကျတည်နေရာတစ်ခုတွင်ရှိမနေပါက သင်သည် အသိပေးချက်တစ်ခုကို လက်ခံရနိုင်သည်။ ဥပမာ သင်၏သားသမီးသည် ကျောင်းချိန်အတွင်း ကျောင်းတွင်ရှိမနေပါက သင့်ထံ အသိပေးချက်ရောက်လာမည်။

  1. ဖန်သားပြင်အောက်ခြေရှိ People ကိုနှိပ်ကာ သင်အားအကြောင်းကြားစေချင်သည့် ပုဂ္ဂိုလ်အမည်ကိုနှိပ်ပါ။

  2. Notifications အောက်တွင် Add ကိုနှိပ်၍ Notify Me ကိုနှိပ်ပါ။

  3. When အောက်တွင် [your friend's name] Is Not At ကိုနှိပ်ပါ။

  4. တည်နေရာတစ်ခုရွေးချယ်ပါ သို့မဟုတ် တည်နေရာအသစ်တစ်ခုဖန်တီးရန်နှင့် တည်နေရာအချင်းဝက်ကို စီမံသတ်မှတ်ရန် New Location ကိုနှိပ်ပါ။

    ပိုကြီးသောအချင်းဝက်ဖြင့် တည်နေရာကွက်တိအစား တည်နေရာအနီးသို့ သင့်သူငယ်ချင်းရောက်သည့်အခါ သင့်ကိုအကြောင်းကြားသည်။

  5. သင်အသိပေးချက်ရယူလိုသည့် အချိန်ကိုရွေးချယ်ပါ။

    • အချိန်၊ စတင်ချိန်နှင့် ပြီးဆုံးချိန်ကို ရွေးချယ်ပါ။

    • နေ့များ၊ သီတင်းတစ်ပတ်၏ နေ့များကိုရွေးချယ်ပါ။

  6. Add ကိုနှိပ်ကာ OK ကိုနှိပ်ပါ။

    ထိုကဲ့သို့ မသတ်မှတ်မီ သင်၏သူငယ်ချင်းမှ အတည်ပြုပေးရသည်။ သူတို့သည် အကြောင်းကြားချက်များစတင်သည့် အချိန်နှင့်ရက်ကို အတည်ပြုရန်အတွက် အသိပေးချက်ရရှိသည်။

သင်သတ်မှတ်ထားသော အကြောင်းကြားချက်ကို ပြောင်းလဲခြင်း သို့မဟုတ် ပိတ်ခြင်း

  1. ဖန်သားပြင်အောက်ခြေရှိ People ကိုနှိပ်ကာ အသိပေးချက်ကို ပြောင်းလဲခြင်း သို့မဟုတ် ပိတ်ခြင်းတို့ကို ပြုလုပ်လိုသည့် ပုဂ္ဂိုလ်၏ အမည်ကိုနှိပ်ပါ။

    သူငယ်ချင်းတစ်ယောက်နှင့်ပတ်သက်၍ သင်ရရှိသည့်အကြောင်းကြားချက် သို့မဟုတ် သင်နှင့်ပတ်သက်၍ သင့်သူငယ်ချင်းရရှိသည့်အကြောင်းကြားချက်ဖြစ်နိုင်သည်။

  2. Notifications အောက်တွင် အကြောင်းကြားချက်ကိုနှိပ်ပါ။

  3. အောက်ပါတို့အနက် တစ်ခုခုကိုလုပ်ပါ၊

    • သတိပေးချက်များပြောင်းလဲခြင်း၊ အသေးစိတ်အချက်အလက်များပြောင်းလဲပြီးလျှင် Done ကိုနှိပ်ပါ။

    • Notifications ကို ပိတ်ပါ၊ Delete Notification ကိုနှိပ်ပါ၊ ပြီးလျှင် Delete Notification ကိုနောက်တစ်ကြိမ်နှိပ်ပါ။

Notify Me အသိပေးချက်များကို 25 ခုအများဆုံးဖန်တီးနိုင်သည်။

မှတ်စု အထောက်အထားနှစ်ရပ် အတည်ပြုချက်ကို ဖွင့်ထားသော သူငယ်ချင်းများအတွက် တစ်ဆင့်အသိပေးချက်များကိုသာဖန်တီးပေးနိုင်သည်။ Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် Apple ID အတွက် ထောက်အထားနှစ်ရပ်အတည်ပြုချက် ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.