ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ဖြင့် နားကြားကိရိယာများကို အသုံးပြုခြင်း

သင်သည် Made For iPhone (MFi) နားကြားကိရိယာများ သို့မဟုတ်အသံစနစ်စက်များကို iPhone နှင့်အတူ သုံးနိုင်ပြီး၎င်းတို့၏ချိန်ညှိမှုများကိုညှိနိုင်သည်။

iPhone နှင့်နားကြားကိရိယာတစ်ခု ချိတ်ဆက်ခြင်း

Settings  > Accessibility > Hearing Devices တွင် သင်၏နားကြားကိရိယာများကို စာရင်းမထည့်ထားလျှင် iPhone နှင့်ယင်းတို့ကိုချိတ်ဆက်ရန်လိုအပ်သည်။

  1. သင့်နားကြားကိရိယာများရှိ ဘက်ထရီပေါက်များကိုဖွင့်ပါ။

  2. iPhone တွင် Settings > Bluetooth သို့သွားပါ၊ ထို့နောက် Bluetooth ပွင့်နေစေရန်သေချာလုပ်ဆောင်ပါ။

  3. Settings > Accessibility > Hearing Devices သို့သွားပါ။

  4. သင့်နားကြားကိရိယာများရှိဘက်ထရီပေါက်များကိုပိတ်ပါ။

  5. MFi Hearing Devices အောက်တွင် ၎င်းအမည်များပေါ်လာသည့်အခါ (ယင်းသည် တစ်မိနစ်ကြာနိုင်သည်) ၊အမည်များကိုနှိပ်၍ ချိတ်ဆက်ရန်တောင်းဆိုချက်များကိုတုံ့ပြန်ပါ။

    ချိတ်ဆက်ခြင်းသည် စက္ကန့် 60 ကြာနိုင်၍ချိတ်ဆက်ခြင်းပြီးဆုံးသည်အထိနားကြပ်သုံးကာသီချင်းဖွင့်ခြင်း သို့မဟုတ် နားကြပ်များသုံးခြင်းတို့မလုပ်ရပါ။ ချိတ်ဆက်မှုပြီးဆုံးသည့်အခါ တတီတီနှင့်အသံရှည်ကြီးကိုကြားရပြီး Devices စာရင်းရှိ နားကြပ်များနောက်တွင်စစ်ဆေးချက်အမှတ်ပေါ်လာမည်။

သင်၏ကိရိယာများကိုတစ်ကြိမ်သာချိတ်ဆက်ရန်လိုသည် (သင့်အသံပိုင်းဆိုင်ရာနည်းပညာမှ သင့်အတွက်လုပ်ဆောင်ပေးသွားမည်)။ ၎င်းနောက်တွင် နားကြပ်များသည် မည်သည့်အချိန်တွင်ဖွင့်သည်မဆို iPhone သို့အလိုအလျောက်ပြန်လည်ချိတ်ဆက်သည်။

ချိန်ညှိမှုများနှင့်နားကြပ်များ၏အခြေအနေမြင်ကွင်းကိုညှိခြင်း

  • Settings တွင်၊ Settings  > Accessibility > Hearing Devices > MFi Hearing Devices သို့သွားပါ။

  • နားလည်ရလွယ်သော အလွယ်သုံးပုံစံများကိုသုံးပါ၊ iPhone တွင်အသုံးပြုရလွယ်သော အလွယ်သုံးပုံစံများကိုအသုံးပြုခြင်း ကိုကြည့်ပါ။

  • ပိတ်ထားသည့်ဖန်သားပြင်တွင်၊ Settings > Accessibility > Hearing Devices > MFi Hearing Devices သို့သွားပါ၊ ထို့နောက် Lock Screen ပေါ်ရှိ Control ကို ဖွင့်ပါ။ ပိတ်ထားသည့်ဖန်သားပြင်မှ၊ အောက်ပါတို့ကိုလုပ်ဆောင်နိုင်သည်၊

    • ဘက်ထရီအခြေအနေကိုစစ်ဆေးပါ။

    • ဝန်းကျင်စကားပြောခွက်အသံအတိုးအကျယ်နှင့်ညီမျှမှုကိုညှိပါ။

    • ဖွင့်ထားသည့်အသံကိုလက်ခံရရှိမည့်(ဘယ်၊ ညာ၊ သို့မဟုတ်နှစ်ခုစလုံး) နားကြားကိရိယာကို ရွေးပါ။

    • Live Listen ကိုထိန်းချုပ်ခြင်း။

    • နားကြပ်သို့ပို့ဆောင်သည့်အသံဖြစ်သည့် ဖုန်းခေါ်ဆိုမှုအသံ သို့မဟုတ် မီဒီယာအသံ ဟုတ်မဟုတ် ဆိုသည်ကိုရွေးချယ်ပါ။

    • နားကြပ်မှတစ်ဆင့် ဖုန်းဝင်သံများကို နားထောင်ရန် ရွေးချယ်ပါ။

တစ်ခုထက်ပိုသည့် ကိရိယာဖြင့် နားကြပ်များကို သုံးခြင်း

တစ်ခုထက်ပိုသည့် ကိရိယာနှင့်နားကြပ်ကိုချိတ်ပါက (iPhone နှင့် iPad နှစ်ခုစလုံး၊ ဥပမာအားဖြင့်) ၊ အခြားကိရိယာပေါ်တွင်အသံထုတ်ပေးသည့်အရာလုပ်သည့်အခါသို့မဟုတ်iPhone တွင်ဖုန်းခေါ်ဆိုမှုလက်ခံရရှိသည့်အခါတွင်တစ်ခုမှတစ်ခုသို့နားကြပ်များအလိုအလျောက်ပြောင်းခြင်းအတွက်ချိတ်ဆက်မှုဖြစ်သည်။

ကိရိယာပေါ်ရှိနားကြပ်ချိန်ညှိမှုများတွင်လုပ်ဆောင်ထားသည့်ပြောင်းလဲမှုများသည်အခြားကိရိယာများသို့ အလိုအလျောက်ပို့ပေးသည်။

  1. စက်များအားလုံးတွင် သင်၏Apple ID နှင့် မှတ်ပုံတင်သွင်းထားပါ

  2. တူညီသည့် Wi-Fi ကွန်ရက်နှင့် ကိရိယာများအားလုံးကိုချိတ်ဆက်ပါ။

Hearing Aid Compatibility ကို ဖွင့်ပါ

Hearing Aid Compatibility သည်အနှောင့်အယှက်ဖြစ်မှုကိုလျှော့ချ၍ နားကြပ်အမျိုးအစားအချို့နှင့်အသံအရည်အသွေးကိုတိုးတက်စေသည်။

  1. Settings > Accessibility > Hearing Devices သို့သွားပါ။

  2. Hearing Aid Compatibility ကို ဖွင့်ပါ။

iPhone နားကြပ်တွဲဖက်သုံးစွဲနိုင်မှုအဆင့်များအတွက်၊ Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် iPhone အတွက် Hearing Aid Compatibility (HAC) လိုအပ်ချက်များအကြောင်း ကို ကြည့်ပါ။

နားကြပ်တွဲဖက်သုံးစွဲနိုင်မှုအဆင့်သတ်မှတ်ချက်များသည် သတ်မှတ်နားကြပ်သည် သီးခြားဖုန်းဖြင့် တွဲဖက်နားဆင်နိုင်သည်ဟု အာမခံချက်မပေးထားပေ။ အချို့နားကြပ်များသည်နားကြပ်တွဲဖက်သုံးစွဲနိုင်မှုအတွက် FCC လိုအပ်ချက်များနှင့်မညီသည့်ဖုန်းများတွင်ကောင်းစွာအလုပ်လုပ်နိုင်သည်။ သီးသန့်နားကြပ်သည်သီးသန့်ဖုန်းနှင့်ကောင်းစွာအလုပ်လုပ်ကြောင်းသေချာရန်၊မဝယ်ခင်၎င်းတို့ကိုအတူတကွသုံးကြည့်ပါ။

ဂီတံအသံများအား သင့်နားကြပ်ထဲသို့ဝင်စေခြင်း

Phone၊ Siri၊ Apple Music၊ Apple Podcasts၊ Apple TV စသည်တို့မှ အသံဖိုင်ကိုဖွင့်နိုင်သည်။ Control Center ထဲရှိ သော့ပိတ်ထားသည့်ဖန်သားပြင်ပေါ်တွင် သို့မဟုတ် သင်နားထောင်နေသည့်အက်ပ်၏ Now Playing ဖန်သားပြင်တွင် Playback Destination ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် သင်၏ နားကြားကိရိယာကို ရွေးချယ်ပါ။

အသံခေါ်ဆိုမှုလမ်းကြောင်းကိုလည်း သင့်နားကြားကိရိယာထဲသို့ အလိုအလျောက်ပြောင်းလဲပေးနိုင်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.