ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Live Text နှင့် Visual Look Up တို့ကိုအသုံးပြု၍ ဓာတ်ပုံများနှင့် အပြန်အလှန်တုံ့ပြန်ခြင်း

Photos အက်ပ် ရှိ ဓာတ်ပုံတစ်ပုံကိုကြည့်ရှုသည့်အခါ ဓာတ်ပုံတွင်ပါရှိသော စာသားကို မိတ္တူကူးရန်နှင့် မျှဝေရန်၊ အခြားဘာသာစကားများသို့ ဘာသာပြန်ဆိုရန်၊ ဝက်ဘ်ဆိုက်ကိုဖွင့်ရန် သို့မဟုတ် ဖုန်းခေါ်ဆိုမှုပြုလုပ်ရန် Live Text ကိုအသုံးပြုနိုင်သည်။ သင်၏ဓာတ်ပုံများရှိ နာမည်ကြီးအထင်ကရအဆောက်အအုံများ၊ အနုပညာ၊ သစ်ပင်ပန်းမန်၊ အိမ်မွေးတိရစ္ဆာန်များ စသည်တို့နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရှာဖွေပြီးမျှဝေရန် Visual Look Up ကိုလည်းအသုံးပြုနိုင်သည်။

Live Text နှင့် Visual Look Up တို့ကို iPhone XS၊ iPhone XRနှင့် နောက်ပိုင်းထွက်အမျိုးအစားများတွင် ရရှိနိုင်သည်။

Live Text အသုံးပြုခြင်း

Live Text ကိုအသုံးပြုရန် ဓာတ်ပုံတစ်ပုံကိုဖွင့်၍ အောက်ပါတို့မှ တစ်ခုကိုလုပ်ဆောင်ပါ၊

  • ဓာတ်ပုံတစ်ပုံထဲမှ Live Text အားလုံးကို ရှာဖွေရန်၊ Live Text ကိုအသားပေးစေရန် Live Text ခလုတ် ကိုနှိပ်ပါ။

  • စာသားကိုကူးယူခြင်း၊ စာလုံးတစ်လုံးကိုနှိပ်ပြီးဖိထား၍ ရွေးချယ်မှုကိုညှိရန်ယူထားသည့်အမှတ်များကိုရွေ့ပြီးလျှင် Copy ကိုနှိပ်ပါ။ ဓာတ်ပုံပေါ်ရှိ စာသားအားလုံးကို ရွေးချယ်ရန် Select All ကိုနှိပ်ပါ။

  • ဝက်ဘ်စာမျက်နှာတွင် စာသားကိုရှာဖွေခြင်း၊ စာလုံးတစ်လုံးကိုနှိပ်ပြီးဖိထား၍ ရွေးချယ်မှုကိုညှိရန်ယူထားသည့်အမှတ်များကိုရွေ့ပြီးလျှင် Look Up ကိုနှိပ်ပါ။

  • စာသားကိုဘာသာပြန်ခြင်း၊ စာလုံးတစ်လုံးကိုနှိပ်ပြီးဖိထား၍ ရွေးချယ်မှုကိုညှိရန်ယူထားသည့်အမှတ်များကိုရွေ့ပြီးလျှင် Translate ကိုနှိပ်ပါ။

  • စာသားကိုမျှဝေခြင်း၊ စာလုံးတစ်လုံးကိုနှိပ်ပြီးဖိထား၍ ရွေးချယ်မှုကိုညှိရန်ယူထားသည့်အမှတ်များကိုရွေ့ပြီးလျှင် Share ကိုနှိပ်ကာ မျှဝေလိုသည့်နည်းလမ်းကို ရွေးချယ်ပါ။

  • ဝက်ဘ်ဆိုက်တစ်ခု၊ လိပ်စာတစ်ခု၊ ဖုန်းခေါ်ဆိုမှုတစ်ခုသို့သွားခြင်း သို့မဟုတ် အီမေးလ်တစ်ခုကို စတင်ခြင်း၊ ဝက်ဘ်ဆိုက်၊ လိပ်စာ၊ ဖုန်းနံပါတ် သို့မဟုတ် အီးမေးလ်လိပ်စာကိုနှိပ်ပါ။

    မျက်နှာပြင်ပြည့်ပေါ်နေသည့် ဓာတ်ပုံတစ်ပုံဖြစ်သည်။ စာသားနှင့် ဖုန်းနံပါတ်တစ်ခုပါဝင်သော ဓာတ်ပုံထဲမှ သင်္ကေတတစ်ခုဖြစ်သည်။ ဖုန်းနံပါတ်ကို ရွေးချယ်ထားပြီး ဖန်သားပြင်တွင် အောက်ပါရွေးချယ်စရာများ ပေါ်လာမည်၊ Call၊ Send Message၊ FaceTime၊ FaceTime Audio၊ Add to Contacts နှင့် Copy တို့ဖြစ်သည်။

Live Text သည် နေရာတိုင်းအားလုံး သို့မဟုတ် ဘာသာစကားအားလုံးတွင် အသုံးမပြုနိုင်ပေ။ iOS နှင့် iPadOS Feature များရနိုင်မှုကို ကြည့်ပါ။

Visual Look Up ကိုအသုံးပြုခြင်း

သင်၏ဓာတ်ပုံများရှိ နာမည်ကြီးအထင်ကရအဆောက်အအုံများ၊ အနုပညာ၊ သစ်ပင်ပန်းမန်၊ အိမ်မွေးတိရစ္ဆာန်များ စသည်တို့အကြောင်း အပြည့်အစုံလေ့လာပါ (ယူအက်စ်တွင်သာရရှိနိုင်သည်)။

  1. ဓာတ်ပုံတစ်ပုံကို မျက်နှာပြင်ပြည့်ဖွင့်ခြင်း - Visual Look Up ခလုတ် သည် အဆိုပါဓာတ်ပုံအတွက် Visual Look Up သတင်းအချက်အလက်ရရှိနိုင်သည်ဟု ဆိုလိုသည်။

  2. ဓာတ်ပုံပေါ်တွင် အထက်သို့ပွတ်ဆွဲပါ သို့မဟုတ် Visual Look Up ခလုတ်ကိုနှိပ်ပါ။

  3. ဓာတ်ပုံပေါ် သို့မဟုတ် ဓာတ်ပုံဆိုင်ရာအချက်အလက်များ ၏ထိပ်ရှိ သင်္ကေတကိုနှိပ်၍ Siri Knowledge နှင့် ၎င်းအရာဝတ္ထုနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ပိုမိုပြည့်စုံစွာကြည့်ရှုပါ။

    ဖန်သားပြင်ထိပ်တွင် ဓာတ်ပုံတစ်ပုံရှိနေမည်။ ထိုဓာတ်ပုံထဲတွင် ခွေးတစ်ကောင်ပါရှိပြီး ၎င်းခွေးပေါ်တ္ငင်Visual Lookup သင်္ကေတတစ်ခုရှိနေမည်။ ဖန်သားပြင်အောက်တစ်ဝက်တွင် ခွေးအမျိုးအစားနှင့်ပတ်သက်သော Siri knowledge နှင့် အလားတူဝဘ်ပုံရိပ်များ ပြထားသည်။

Visual Look Up ကို ဒေသအားလုံး သို့မဟုတ် ဘာသာစကားအားလုံးတွင် အသုံးမပြုနိုင်ပေ။ iOS နှင့် iPadOS Feature များရနိုင်မှုကို ကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.