ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် အတည်ပြုစစ်ဆေးနိုင်သည့် COVID-19 ကာကွယ်ဆေးနှင့်စစ်ဆေးမှုရလဒ်မှတ်တမ်းများကို ဒေါင်းလုတ်လုပ်ခြင်း

အတည်ပြုစစ်ဆေးနိုင်သည့် COVID-19 ကာကွယ်ဆေးနှင့် စစ်ဆေးမှုရလဒ်မှတ်တမ်းများကိုလုံခြုံစွာဒေါင်လုတ်လုပ်နိုင်ပြီး Health အက်ပ်တွင်၎င်းတို့ကိုသိမ်းဆည်းနိုင်သည် Wallet အက်ပ်သို့ အတည်ပြုစစ်ဆေးနိုင်သည့် COVID-19 ကာကွယ်ဆေးမှတ်တမ်းများကိုလည်းထည့်နိုင်သည် (iOS 15.1 သို့မဟုတ်နောက်ပိုင်း)။

အတည်ပြုစစ်ဆေးနိုင်သည့် COVID-19 ကာကွယ်ဆေး သို့မဟုတ် စစ်ဆေးမှုရလဒ်မှတ်တမ်းတစ်ခုကိုရယူရန် QR ကုဒ်တစ်ခု သို့မဟုတ် လင့်ခ်တစ်ခုကိုသုံးပါ။

  1. သင်၏ကျန်းမာရေးစောင့်ရှောက်သူ သို့မဟုတ် အာဏာပိုင်သည် သင့်အတွက် QR ကုဒ် သို့မဟုတ် လင့်ခ်ရနိုင်ရန်ပြုလုပ်ပေးပါက၊ အောက်ပါတစ်ခုကိုလုပ်ဆောင်ပါ၊

  2. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • Wallet နှင့် Health တွင်ကာကွယ်ဆေးမှတ်တမ်းတစ်ခုထည့်ခြင်း၊ (iOS 15.1 သို့မဟုတ်နောက်ပိုင်း) Add to Wallet & Health ကိုနှိပ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။

    • Health တွင်စစ်ဆေးမှုရလဒ်တစ်ခုထည့်ခြင်း Add to Health ကိုနှိပ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။

အတည်ပြုစစ်ဆေးနိုင်သည့် COVID-19 ကာကွယ်ဆေးနှင့်စစ်ဆေးမှုရလဒ်မှတ်တမ်းများကိုအလိုအလျောက် ဒေါင်းလုတ်လုပ်ခြင်း

ကျန်းမာရေးစောင့်ရှောက်သူမှ ထောက်ခံပေးထားသည့်စိစစ်အတည်ပြုနိုင်သော ကျန်းမာရေးမှတ်တမ်းများနှင့် iPhone ရှိ Health Records မှ ကျန်းမာရေးမှတ်တမ်းဒေါင်းလုတ်များကို စီမံပါက၊ ကျန်းမာရေးစောင့်ရှောက်သူထံမှ သင့် COVID-19 ကာကွယ်ဆေးကိုလက်ခံရရှိပြီး၊ ထိုမှတ်တမ်းကို Health သို့အလိုအလျောက်ဒေါင်းလုတ်လုပ်ပေးသည်။

အတည်ပြုစစ်ဆေးနိုင်သည့် COVID-19 ကာကွယ်ဆေး သို့မဟုတ် စစ်ဆေးမှုရလဒ်မှတ်တမ်းတစ်ခုကိုကြည့်ခြင်း

  1. Health တွင်၊ ဖန်သားပြင်ညာဘက်အောက်ခြေရှိ Browse ကို နှိပ်ပါ။

  2. အောက်သို့ရွှေ့ပါ၊ ထို့နောက် Immunizations (ကာကွယ်ဆေးအတွက်) သို့မဟုတ် Lab Results (စစ်ဆေးမှုရလဒ်အတွက်) ကိုနှိပ်ပါ။

သင့် iPhone ရှိ Wallet တွင် ကာကွယ်ဆေးကတ်အဖြစ် ကာကွယ်ဆေးမှတ်တမ်းတစ်ခုကိုလည်း မြင်နိုင် ပြနိုင်သည်။ iPhone ရှိ Wallet တွင် COVID-19 ကာကွယ်ဆေးကတ်များကိုသုံးခြင်း ကိုကြည့်ပါ။ သင့် iPhone တွင် Apple Watch ကိုချိတ်ဆက်ထားပါက၊ ထိုကာကွယ်ဆေးကတ်ကိုလည်း ထည့်နိုင်ပြီး သင့် Apple Watch (watchOS 8 နှင့် နောက်ပိုင်း) မှဝင်ရောက်နိုင်သည်။ Apple Watch သုံးစွဲသူလမ်းညွှန်ရှိ Apple Watch ရှိ Wallet တွင်ကာကွယ်ဆေးကတ်များသုံးခြင်း ကိုကြည့်ပါ။

Wallet သို့ ကနဦးဒေါင်းလုတ်လုပ်ထားသည့်ကာကွယ်ဆေးမှတ်တမ်းတစ်ခုထည့်ခြင်း

သင့်တွင် အောက်ပါအတိုင်းလည်းလုပ်ဆောင်ထားပါက Wallet ထဲတွင်မပေါ်သည့် Health ရှိ အတည်ပြုစစ်ဆေးနိုင်သည့် COVID-19 ကာကွယ်ဆေးမှတ်တမ်းတစ်ခုရှိနိုင်သည်။

  • ကျန်းမာရေးစောင့်ရှောက်သူမှ ထောက်ခံပေးထားသည့်စိစစ်အတည်ပြုနိုင်သော ကျန်းမာရေးမှတ်တမ်းများနှင့် iPhone ရှိ Health Records မှ ကျန်းမာရေးမှတ်တမ်းဒေါင်းလုတ်များကို စီမံပြီး၊ ကျန်းမာရေးစောင့်ရှောက်သူထံမှ သင့် COVID-19 ကာကွယ်ဆေးကိုလက်ခံရရှိခဲ့သည်။

  • သင်သည် iOS 15.1 ထက်ပိုစောသည့် iOS ဗားရှင်းတစ်ခုကိုသုံးပြီး အတည်ပြုစစ်ဆေးနိုင်သည့် COVID-19 ကာကွယ်ဆေးမှတ်တမ်းတစ်ခုကိုရယူရန် QR ကုဒ်တစ်ခု သို့မဟုတ် လင့်ခ်တစ်ခုကိုသုံးထားသည်။

Wallet တွင်ကာကွယ်ဆေးကတ်အဖြစ် ထိုသတင်းအချက်အလက်ကိုထည့်ရန်၊ အောက်ပါအတိုင်းလုပ်ဆောင်ပါ၊

  1. Summary in Health ကိုနှိပ်ပါ (ဖန်သားပြင်ဘယ်ဘက်အောက်ခြေတွင်)။

  2. Add to Wallet ကိုနှိပ်ပါ (ဖန်သားပြင်ထိပ်နားရှိ သတိပေးချက်တစ်ခု)။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.