ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ဂိမ်းများကစားခြင်း

App Store အက်ပ်တွင် အတိုက်အခိုက်၊ စွန့်စားခြင်း၊ အပြေးပြိုင်ပွဲ၊ ပဟေဠိ အစရှိသည်တို့ပါဝင်သည့် ဂိမ်းအမျိုးအစားတစ်ဒါဇင်ကျော်တွင် သင့်အတွက် နောက်ထပ်ဂိမ်းကို တွေ့ရှိနိုင်သည်။ သင့်သူငယ်ချင်းနှင့်လည်း အတူဆော့၍ အောင်မြင်မှုများကိုရှာဖွေနိုင်ပြီး Game Centerကို အသုံးပြု၍ အောင်ပွဲကြေငြာဘုတ်ပြားများပေါ်တွင် ယှဉ်ပြိုင်နိုင်သည်။

မှတ်စု Game Center၊ Apple Arcade နှင့် Apple One တို့ကို နိုင်ငံနှင့်ဒေသများအားလုံးတွင်မရနိုင်ပါ။ Apple အထောက်အကူပြုဆောင်းပါးရှိ Apple Media Services ရရှိနိုင်မှု ကိုကြည့်ပါ။ Apple Arcade ဂိမ်းများကို စက်ပစ္စည်းများတွင်အသုံးပြုနိုင်မှုသည် ဟာ့ဒ်ဝဲလ်နှင့် ဆော့ဝဲလ် တွဲဖက်အသုံးပြုနိုင်မှုပေါ် မူတည်၍ ကွဲပြားသွားသည်။ အချို့သောအရာများသည် နေရာများအားလုံးတွင် မရရှိနိုင်ခြေ။ Apple အထောက်အကူပြုဆောင်းပါးရှိ စက်ပစ္စည်းများတွင် Apple Arcade ဂိမ်းအသုံးပြုခြင်း ကိုကြည့်ပါ။

ဂိမ်းများရှာဖွေဒေါင်းလုတ်ရယူခြင်း

  1. အောက်ပါတို့မှတစ်ခုခုကိုနှိပ်ပါ၊

    • ဂိမ်းများ၊ ထုတ်ပြန်ချက်အသစ်များကိုလေ့လာပါ၊ ထိပ်ဆုံးရှိ ဇယားများကိုကြည့်ပါ သို့မဟုတ် အမျိုးအစားလိုက် ရှာဖွေပါ။

    • ဂိမ်းများစာရင်းပေးသွင်းနိုင်သည့်ဝန်ဆောင်မှု၊ ကြော်ငြာမပါဘဲ သို့မဟုတ် အက်ပ်အတွင်းဝယ်ယူမှုမရှိဘဲ( အသင်းဝင်ကြေးလိုအပ်သည်) Apple Arcade မှ ရွေးချယ်ထားသည့် ပရီမီယံဂိမ်းစုစည်းမှုကို ခံစားကြည့်ပါ။

    • Search၊ သင်ရှာဖွေနေသည့်အရာကို ရိုက်ထည့်ပါ၊ ထို့နောက် စာရိုက်ခလုတ်ခုံပေါ်ရှိ Search ကို နှိပ်ပါ။

  2. ဂိမ်းတစ်ခုကိုဒေါင်းလုတ်လုပ်ရန်အောက်ပါတို့မှနှစ်သက်ရာကို နှိပ်ပါ၊

    • ဈေးနှုန်း၊ ဂိမ်းကိုဝယ်ယူခြင်း။

      စျေးနှုန်းအစား Download ခလုတ် ကိုတွေ့လျှင် ယင်းဂိမ်းကို ဝယ်ယူပြီးဖြစ်ကာ အဖိုးအခပေးစရာမလိုဘဲ ထပ်မံဒေါင်းလုတ်လုပ်နိုင်ပါသည်။

    • ရယူခြင်း၊ ထိုဂိမ်းသည် သင်၏ Apple Arcade စာရင်းပေးသွင်းမှုတွင် ပါဝင်သည် သို့မဟုတ် အခမဲ့ဖြစ်သည်။ ထိုဂိမ်းမကြာခင်ထွက်လာပါက အသုံးပြုနိုင်သည့်အခါ အသိပေးချက်ရမည်။

  3. လိုအပ်ပါက သင့်၏ Apple ID ကို Face ID၊ Touch ID၊ သို့မဟုတ် လျှို့ဝှက်ကုဒ်တို့ဖြင့် အထောက်အထားပြပါ။

သင်၏ အခြား Apple စက်ပစ္စည်းများတွင် Apple Arcade ဂိမ်းများကို ကစားခြင်း

iPhone တွင် ကြိုးမဲ့ဂိမ်းခလုတ်တစ်ခု ချိတ်ဆက်ခြင်း

ထုတ်လုပ်သည့်ကုမ္ပဏီ၏ လမ်းညွှန်များနှင့် iPhone တွင် Bluetooth တွဲဖက်သုံးပစ္စည်းများကိုထည့်သွင်းခြင်းကို ကြည့်ပါ။

Game Center တွင် သင့်သူငယ်ချင်းများနှင့်အတူ ကစားခြင်း

သူငယ်ချင်းဖြစ်ခွင့်တောင်းဆိုချက်များပို့နိုင်ပြီး မည်သူမဆိုမြင်နိုင်သည့် သင်၏ ပရိုဖိုင်ကို စီမံနိုင်သလို Game Center ကိုအသုံးပြုကာ သင်၏ Apple စက်ပစ္စည်းများအားလုံးမှ သင်၏ အမြင့်ဆုံးစံချိန်ကို ထောက်လှမ်းနိုင်သည်။

  1. Settings  > Game Center သို့သွားကာ သင်၏ Apple IDဖြင့် စာရင်းပေးမှတ်ပုံတင်သွင်းပါ။

  2. Game Center ပရိုဖိုင်တစ်ခုဖန်တီးရန် အောက်ပါတို့မှ နှစ်သက်ရာကိုပြုလုပ်ပါ၊

    • နာမည်ပြောင်တစ်ခုကိုရွေးချယ်ရန်၊ Nickname ကိုနှိပ်ကာ အမည်တစ်ခုကို စာရိုက်ထည့်သွင်းပါ သို့မဟုတ် အကြံပြုလာသောအမည်တစ်ခုကို ရွေးချယ်ပါ။ ဂိမ်းအတူကစားကြသည့်အခါ သင်၏ သူငယ်ချင်းများသည် သင်၏ နာမည်ပြောင်ကိုမြင်ရမည်။

    • သင်၏ ပရိုဖိုင်ဓာတ်ပုံကို ကိုယ်ပိုင်အမှတ်အသားပြုလုပ်ရန်၊ ထိပ်ရှိ Edit ကိုနှိပ်၍ Memoji အသစ်တစ်ခုဖန်တီးပါ၊ ရှိပြီးသား Memoji တစ်ခုကို အသုံးပြုပါ သို့မဟုတ် သင့်အမည်အစစာလုံးများ၏ သွင်ပြင်ကို နှစ်သက်သလိုပြင်ဆင်ပါ။

  3. သူငယ်ချင်းများထပ်မံထည့်သွင်းရန် Add Friends နှိပ်ပြီးလျှင် သူတို့၏ဖုန်းနံပါတ် သို့မဟုတ် Apple ID တို့ကို စာရိုက်ထည့်သွင်းပါ သို့မဟုတ် Add Contact ခလုတ် ကိုနှိပ်၍ သင်၏ Contacts စာရင်းမှ တစ်စုံတစ်ဦးကိုဖိတ်ခေါ်ပါ။

  4. လက်ခံရရှိသူများသည် အောက်ပါနည်းလမ်းများဖြင့် သူငယ်ချင်းများ၏ ဖိတ်ခေါ်မှုများကို တုံ့ပြန်နိုင်သည်၊

    • Messages တွင် လင့်ခ်ကို နှိပ်ပါ။

    • ပံ့ပိုးပေးထားသည့်ဂိမ်းတွင် Game Center ပရိုဖိုင်ပုံကိုနှိပ်ပါ၊ Friends ကိုနှိပ်ပါ၊ ထို့နောက် Friend Requests ကိုနှိပ်ပါ။

    • App Store တွင် My Account ခလုတ် ကိုနှိပ်ပါ သို့မဟုတ် ညာဘက်ထိပ်ရှိ သင်၏ ပရိုဖိုင်ပုံကို နှိပ်ပါ၊ Game Center ကိုနှိပ်ပါ၊ ထို့နောက် Friend Requests ကို နှိပ်ပါ။

သူ၏ သူငယ်ချင်းစာရင်းတွင် သူငယ်ချင်းတစ်ဦးကိုနှိပ်ကာ ထိုသူမကြာသေးခင်က ကစားခဲ့သော ဂိမ်းများနှင့် ရရှိထားသော စံချိန်များကို ကြည့်ပါ။ အသုံးပြုသူတစ်ဦးကို မသမာနည်းသုံးကစား၍ဖြစ်စေ၊ ညစ်ညမ်းဓာတ်ပုံတစ်ပုံ သို့မဟုတ် ညစ်ညမ်းအမည်ပြောင်ကြောင့်ဖြစ်စေ သို့မဟုတ် အခြားပြဿနာရပ်ကြောင့်ဖြစ်စေ တိုင်ကြားနိုင်သည်။ သူငယ်ချင်းတစ်ဦးကို ဖယ်ရှားရန် Remove Friend ကိုနှိပ်ပါ။

Game Center တားမြစ်ချက်များကို သက်မှတ်ခြင်း

လူအများစုကစားရသော ဂိမ်းများအတွက်၊ သူငယ်ချင်းများထပ်မံထည့်သွင်းခြင်းအတွက်၊ သီးသန့်မက်ဆေ့ချ်ပေးပို့ခြင်းအတွက်နှင့် အစရှိသည်တို့အတွက် တားမြစ်ချက်များ သက်မှတ်နိုင်သည်။

  1. Settings  > Screen Time > Content & Privacy Restrictions သို့သွားကာ Content & Privacy Restrictions ကိုနှိပ်ပါ။

  2. Content Restrictions ကိုနှိပ်၍ အောက်ရှိ Game Center သို့ဆွဲချကာ တားမြစ်ချက်များ သတ်မှတ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.