ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Portrait မုဒ်ဓာတ်ပုံများကိုပြင်ဆင်ခြင်း

Photos အက်ပ် တွင်၊ Portrait မုဒ်ဖြင့်သင်ရိုက်ကူးသည့်ဓာတ်ပုံများတွင် အလင်းဆိုင်ရာအထူးပြုလုပ်ချက်များကိုပြောင်းလဲပြီးချိန်ညှိနိုင်သည်။

Portrait စနစ်သုံးဓာတ်ပုံတစ်ပုံ၏ Edit စာမျက်နှာ။ ထိုဖန်သားပြင်ဘယ်ဘက်ထိပ်သည် Lighting Intensity ခလုတ်နှင့် Depth Adjustment ခလုတ်တို့ဖြစ်သည်။ ထိုဖန်သားပြင်၏အလယ်ထိပ်ရှိ Portrait ခလုတ်ကိုဖွင့်ထားခြင်းဖြစ်ပြီးညာဘက်ထိပ်သည် Mark Up ခလုတ်ဖြစ်သည်။ ထိုဓာတ်ပုံသည်ဖန်သားပြင်အလယ်တွင်ရှိပြီးဓာတ်ပုံ၏အောက်ဘက်သည် Portrait Light Effect ကိုရွေးရမည့်ဆလိုက်ဖြစ်သည်။ အောက်ဘက်သည် တန်ဖိုးကိုချိန်ညှိရန် ဆလိုက်တစ်ခုဖြစ်သည်။ ဘယ်မှ ညာဘက်ဖန်သားပြင်၏အောက်ခြေသည် Cancel၊ Portrait၊ Adjust၊ Filters၊ Crop နှင့် Done ခလုတ်များဖြစ်သည်။

Portrait မုဒ်သုံးဓာတ်ပုံများတွင် Potrait Lighting အထူးပြုလုပ်ချက်များအား ပြင်ဆင်ခြင်း

Portrait Lighting ထောက်ပံ့ပေးထားသော မော်ဒယ်များ တွင်၊Portrait မုဒ်ဓာတ်ပုံများရှိ Portrait Lighting အထူးပြုလုပ်ချက်များကိုသုံးနိုင်၊ ပြောင်းလဲနိုင်၊ သို့မဟုတ် ဖယ်ရှားနိုင်သည်။

  1. ဖန်သားပြင်အပြည့်ကြည့်ရန် Portrait စနစ်ဖြင့် ရိုက်ကူးထားသည့် မည်သည့်ဓာတ်ပုံကိုမဆို ရွေးပါ။

  2. Edit ကိုနှိပ်ပါ၊ ထိုဓာတ်ပုံအောက်ရှိ Portrait Lighting control ကိုထိပါ၊ ထို့နောက် အလင်းပြုလုပ်ဖန်တီးချက်တစ်ခုကို ရွေးချယ်ရန် ဖွဲဆွဲပါ။

    • Natural Light၊ မှုန်ဝါးနေသော နောက်ခံနှင့်မတူ မျက်နှာအား အဓိကထား၍ပြတ်သားစွာဖော်ပြသည်။

    • Studio Light၊ မျက်နှာသည် တောက်ပစွာလင်းလက်နေပြီး ဓာတ်ပုံတစ်ပုံလုံး ပြတ်ပြတ်သားသားအသွင်ရှိမည်။

    • Contour Light၊ မျက်နှာတွင် အလင်းကဲသည့်နေရာနှင့် အလင်းနည်းသည့်နေရာတို့ဖြင့် ထူးခြားကောင်းမွန်သည့် အရိပ်များပါရှိမည်။

    • Stage Light၊ အမှောင်ကျနေသော နောက်ခံနှင့်မတူ မျက်နှာကို မီးမောင်းထိုးထားမည်။

    • Stage Light Mono၊ ၎င်းပြုလုပ်ဖန်တီးချက်သည် Stage Light နှင့်တူသော်လည်း ဓာတ်ပုံသည် ထင်ရှားသည့်အဖြူနှင့်အမည်းပုံဖြစ်သည်။

    • High-Key Light Mono၊ အဖြူရောင်နောက်ခံတွင် မီးခိုးရောင်အရာဝတ္ထုတစ်ခုကိုဖန်တီးခြင်း (အထောက်အကူပြုသောအမျိုးအစားများတွင်)။

    မှတ်စု iPhone XRတွင် ရှေ့ကင်မရာသာ Natural Light၊ Studio Light နှင့် Contour Light ကိုသာ ပံ့ပိုးပေးသည်။

  3. ဓာတ်ပုံအလင်းဝင်ရောက်ခြင်းသိပ်သည်းဆကို ချိန်ညှိရန် ဆလိုက်ဘားကိုဘယ်ဘက် သို့မဟုတ် ညာဘက်သို့ ဖိဆွဲယူပါ။

  4. သင်၏ပြောင်းလဲမှုများကိုသိမ်းရန် Done ကိုနှိပ်ပါ။

သင် သိမ်းဆည်းပြီးနောက် Portrait Lighting အထူးပြုလုပ်ချက်ကိုပြန်ဖျက်ရန် Edit ကို နှိပ်နိုင်သည်၊ ထို့နောက် မူလအလင်းပြန်ရရန် Revert ကိုနှိပ်နိုင်သည်။

မှတ်စု ဓာတ်ပုံမှ Portrait အထူးပြုလုပ်ချက်ကိုဖယ်ရှားရန်၊ ယင်းဖန်သားပြင်ထိပ်ရှိ Portrait ကိုနှိပ်ပါ။

Portrait စနစ်သုံးဓာတ်ပုံများတွင် Depth Control ကိုချိန်ညှိပါ။

သင့်Portrait စနစ်သုံးဓာတ်ပုံများတွင် နောက်ခံမှုန်ဝါးမှုပမာဏကို ချိန်ညှိရန် Depth Control ဆလိုက်ဒါကို (ထောက်ပံ့ပေးသည့်အမျိုးအစားများတွင်) အသုံးပြုပါ။

Portrait စနစ်သုံးဓာတ်ပုံတစ်ပုံ၏ Edit စာမျက်နှာ။ ထိုဖန်သားပြင်ဘယ်ဘက်ထိပ်သည် Lighting Intensity ခလုတ်နှင့် Depth Adjustment ခလုတ်တို့ဖြစ်သည်။ ထိုဖန်သားပြင်၏အလယ်ထိပ်ရှိ Portrait ခလုတ်ကိုဖွင့်ထားခြင်းဖြစ်ပြီးညာဘက်ထိပ်သည် Plug-ins ခလုတ်ဖြစ်သည်။ ဓာတ်ပုံသည် စာမျက်နှာ၏အလယ်တွင်ရှိပြီး ဓာတ်ပုံအောက်ရှိ ဆလိုက်ဘားသည် Depth Adjustment ဆက်တင်ကိုချိန်ညှိရန်ဖြစ်သည်။ ဘယ်မှ ညာဘက်ဆလိုက်ဘား၏အောက်သည် Cancel၊ Portrait၊ Edit၊ Filters၊ Crop၊ နှင့် Done ခလုတ်များဖြစ်သည်။
  1. ဖန်သားပြင်အပြည့်ကြည့်ရန် Portrait စနစ်ဖြင့် ရိုက်ကူးထားသည့် မည်သည့်ဓာတ်ပုံကိုမဆို ရွေးပါ။

  2. Edit ကိုနှိပ်ကာ ဖန်သားပြင်ထိပ်ရှိ Depth Adjustment Control ခလုတ် ကိုနှိပ်ပါ။

    ဓာတ်ပုံ၏ အောက်ဘက်တွင်ဆလိုက်ဘားပေါ်နေသည်။

  3. ဓာတ်ပုံနောက်ခံကိုဝါးစေသည့်အထူးပြုလုပ်ချက်ကိုချိန်ညှိရန် ဆလိုက်ဘားကိုဘယ်ဘက် သို့မဟုတ် ညာဘက်သို့ဆွဲယူပါ။

  4. သင်၏ပြောင်းလဲမှုများကိုသိမ်းရန် Done ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.