ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ သင့် iTunes Store ဝယ်ယူမှုများနှင့် ချိန်ညှိမှုများကို စီမံခြင်း

iTunes Store အက်ပ်စ်တွင် သင်ကိုယ်တိုင် (သို့မဟုတ်) သင့်မိသားစုဝင်များ ဝယ်ယူထားသည်များကို သင် ပြန်လည်ကြည့်ရှုနိုင်ပြီး ဒေါင်းလုတ်လုပ်နိုင်သည်။ iTunes Store အတွက် သင်ကြိုက်နှစ်သက်သည့်အရာများအား Settings ထဲတွင် စိတ်ကြိုက်စီမံနိုင်သည်။

Family Sharing ဖြင့် ဝယ်ယူမှုများကို အတည်ပြုခြင်း

Family Sharing အားစီစဉ်ဖန်တီးပြီးလျှင် ၎င်းကိုစီစဉ်သူသည် မိသားစုဝင်များမှ သတ်မှတ်အသက်အရွယ်အလိုက် ဝယ်ယူထားသည်များအား ပြန်လည် ကြည့်ရှုနိုင်ပြီး အတည်ပြုပေးနိုင်သည်။ ကလေးတစ်ဦးအတွက် Ask to Buy ကိုဖွင့်ခြင်း ကိုကြည့်ပါ။

သင် (သို့မဟုတ်) သင်၏မိသားစုဝင်တွေမှ ဝယ်ယူထားသည့် တေးဂီတများ၊ရုပ်ရှင်များ သို့မဟုတ် TV ရှိုးများကို ကြည့်ရှုခြင်းနှင့် ဒေါင်းလုတ်လုပ်ခြင်း

  1. iTunes Store ကိုဖွင့်ပါ၊ More ကိုနှိပ်ပါ၊ ထို့နောက် Purchased ကိုနှိပ်ပါ။

  2. Family Sharing ကို စီစဉ်ဖန်တီးထားလျှင် မိသားစုဝင်များ၏ ဝယ်ယူမှုများကို ကြည့်လိုပါက မိသားစုဝင်တစ်ဦးကို ရွေးချယ်ပါ။

    မှတ်စု မိသားစုဝင်များဝယ်ယူထားမှုများအား သူတို့မျှဝေထားမှသာလျှင် သင့်အနေဖြင့် ယင်းဝယ်ယူမှုများအား ကြည့်ရှုနိုင်သည်။

  3. Music၊ Movies၊ သို့မဟုတ် TV Shows ကို နှိပ်ပါ။

  4. သင် ဒေါင်းလုတ်လုပ်ချင်သည့် အမျိုးအစားကိုရှာပါ။ ပြီးလျှင် Download ခလုတ် ကိုနှိပ်ပါ။

iTunes Store ဝယ်ယူမှုမှတ်တမ်းတစ်ခုလုံးကို ကြည့်ခြင်း

သင်၏ Apple ID ဖြင့် ဝယ်ယူခဲ့သောအက်ပ်စ်များ၊ သီချင်းများ၊ရုပ်ရှင်များ၊ TV ရှိုးများ၊ စာအုပ်များ၊ အခြားအမျိုးအစားများ၏ နေ့ရက်အလိုက် စဉ်ထားသော စာရင်းကိုကြည့်ရန် သင်၏ iTunes Store ဝယ်ယူမှုမှတ်တမ်းကိုကြည့်ပါ

သင်ဝယ်ယူသောမှတ်တမ်းတွင် အောက်ပါတစ်ခုခုကို သင်လုပ်ဆောင်နိုင်သည်၊

  • ပစ္စည်းမှာယူမှုတစ်ခုအတွက် သင့်အကောင့်ထဲသို့ ကျသင့်ငွေတောင်းခံမှုအား ကြည့်ခြင်း။

  • ဝယ်ယူမှုတစ်ခု၏ ရက်စွဲကိုကြည့်ခြင်း။

  • အီးမေးလ် လက်ခံရရှိကြောင်း ပြန်လည်အကြောင်းကြားခြင်း။

  • ဝယ်ယူထားသည့်အရာအတွက် ပြဿနာတစ်ခုအား အကြောင်းကြားခြင်း။

ပါဝင်သည့်အကြောင်းအရာကန့်သတ်ချက်များ

ပါဝင်သည့်အကြောင်းအရာနှင့် ကိုယ်ရေးလုံခြုံမှုကန့်သတ်ချက်များ ကိုဖွင့်ထားပြီးလျှင် Settings  > Screen Time > Content & Privacy Restrictions > Content Restrictions သို့သွားကာ ရရှိနိုင်သောကန့်သတ်ချက်များထဲမှ ကန့်သက်ချက်တစ်ခုခုကို သတ်မှတ်ပါ။ မသင့်လျော်သောအကြောင်းအရာများကို ပိတ်ဆို့ခြင်း သီချင်းဗီဒီယိုများကို ပိတ်ခြင်း အပြင် သင့်လျော်သော အသက်ကန့်သတ်ချက်ဖြင့် အကြောင်းအရာများကို ကန့်သတ်ခြင်း အစရှိသည်တို့ကို ပြုလုပ်နိုင်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.