ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

စာသားအစာထိုးမှုများဖြင့် iPhone ရှိ စာရိုက်နှိပ်မှုများကို သက်သာစေခြင်း

အက္ခရာအနည်းငယ်ကိုသာရိုက်ခြင်းဖြင့်စာလုံး သို့မဟုတ် စကားစုတစ်စုဖြည့်နိုင်သည့် စာသားအစားထိုးမှုကို စီမံလုပ်ဆောင်ခြင်း။ ဥပမာ၊ “On my way!” ဖြစ်လာစေရန် “omw” ကို ရိုက်ထည့်ပါ။ ၎င်းကို သင့်အတွက် စီမံပေးထားပြီးဖြစ်သော်လည်း သင့်ကိုယ်ပိုင်အစားထိုးမှုကို လည်း လုပ်ဆောင်နိုင်သည်။

စာသားအတိုကောက်ပုံစံ OMW ပါသည့် မက်ဆေ့ချ်တစ်ခုနှင့် "On my way!" ဟူသော စကားစုကို အောက်တွင် အကြံပြုဖော်ပြထားသည်။

စာသားအစာထိုးမှုတစ်ခု ဖန်တီးခြင်း

  1. စာသားရိုက်အကွက်တွင် စာရိုက်နေစဉ် Next Keyboard၊ Emoji ခလုတ် သို့မဟုတ် Switch Keyboard ခလုတ်ကိုထိပြီးထိန်းထားပါ။

  2. Keyboard Settings ကိုနှိပ်၍ Text Replacement ကိုနှိပ်ပါ။

  3. ညာဘက်ထိပ်တွင်ရှိသော Add ခလုတ် ကိုနှိပ်ပါ။

  4. Phrase အကွက်တွင် စကားစုတစ်ခုကို ရိုက်ပြီး ၎င်းအတွက် သင်အသုံးပြုလိုသည့် အတိုကောက်စာသားကို Shortcut အကွက်တွင် ရိုက်ထည့်ပါ။

စာလုံးတစ်လုံး သို့မဟုတ် စကားစုတစ်ခု သင်သုံးပြီး ၎င်းကိုမပြင်ဆင်လိုဘူးလား။

  1. Settings  > General > Keyboard သို့သွားကာ Text Replacement ကိုနှိပ်ပါ။

  2. ညာဘက်ထိပ်ရှိ Add ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Phrase အကွက်တွင် စာလုံး သို့မဟုတ် စကားစုကိုဖြည့်ပါ၊ သို့သော် Shortcut အကွက်ကိုအလွတ်ထားပါ။

စာလုံးအတွက် အစားထိုးစာသားတစ်ခုဖန်တီးခြင်းနှင့် အစုံလိုက်ထည့်သွင်းခြင်း

သင်သည် တချို့သော တရုတ် သို့မဟုတ် ဂျပန် စာရိုက်ခလုတ်ခုံများကို အသုံးပြုရာတွင် သင်သည် စာလုံးအတွက် စာသားအစားထိုးမှုတစ်ခု ဖန်တီးနိုင်ပြီး အစုံလိုက်ကို ထည့်သွင်းနိုင်သည်။ စာသားအစားထိုးမှုကို သင်၏ကိုယ်ပိုင်အဘိဓာန်ထဲသို့ ထပ်ပေါင်းထည့်ထားသည်။ အထောက်အကူပြုသည့် စာရိုက်ခလုတ်ခုံကိုသုံးနေစဉ်တွင် စာလုံးတစ်လုံး သို့မဟုတ် ဖြည့်သွင်းမှုတစ်ခုအတွက် အတိုကောက်စာသားကို ရိုက်သည့်အခါ ၎င်းအတွဲစာလုံး သို့မဟုတ် ထည့်သွင်းမှုသည် ရိုက်ထည့်ထားသည့်အတိုကောက်ပုံစံအတွက် အစားထိုးမှုဖြစ်သည်။

အောက်ပါ အလွယ်သုံးပုံစံများရနိုင်သည်၊

  • လွယ်ကူရိုးရှင်းသည့် တရုတ်ဘာသာ၊ ဖျီးယင်း

  • ရိုးရာတရုတ်ဘာသာ၊ Pinyin နှင့် Zhuyin

  • ဂျပန်ဘာသာ၊ Romaji နှင့် Kana

သင့်အခြားစက်ပစ္စည်းများတွင် သင့်ကိုယ်ပိုင်အဘိဓာန်ကို အမြဲဆန်းသစ်နေစေရန် iCloud ကို အသုံးပြုခြင်း

Settings  > [your name] > iCloud၊ ကိုသွားပါ။ ထို့နောက် iCloud Drive ကိုဖွင့်ပါ။

သင်၏ကိုယ်ပိုင်အဘိဓာန်ကိုပြန်လည်သတ်မှတ်ခြင်း

  1. Settings  > General > Reset သို့သွားပါ။

  2. Reset Keyboard Dictionary ကိုနှိပ်ပါ။

    အထူးပြုလုပ်ထားသည့်စာလုံးများနှင့် အတိုကောက်ပုံစံများအားလုံးကိုဖျက်၍ စာရိုက်ခလုတ်ခုံအဘိဓာန်သည် ၎င်း၏ပုံမှန်အနေအထားသို့ပြန်သွားသည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.