iPhone ရှိ Health တွင် အချက်အလက်များကို ကိုယ်တိုင်ထည့်သွင်းခြင်း

Health အက်ပ် တွင် ခန္ဓာကိုယ်အတိုင်းအတာများ၊ လက္ခဏာများနှင့် ရာသီလာချိန်သတင်းအချက်အလက်ကဲ့သို့ အချက်အလက်ကို ကိုယ်တိုင်ထည့်သွင်းနိုင်သည်။

  1. Health Categories ဖန်သားပြင်ကို ပြသရန် ညာဘက်အောက်ရှိ Browse ကိုနှိပ်၍ အောက်ပါတစ်ခုခုကို လုပ်ဆောင်ပါ၊

    • အမျိုးအစားကိုနှိပ်ပါ။ (အမျိုးအစားအားလုံးကိုမြင်နိုင်ရန် အောက်သို့ဆွဲချပါ။)

    • ရှာဖွေမှုကွက်လပ်ကို နှိပ်ပါ၊ အမျိုးအစား၏အမည် (ဥပမာ ကိုယ်ခန္ဓာအချိုးအစားအတိုင်းအတာများ) သို့မဟုတ် သီးခြားအချက်အလက်အမျိုးအစား (ဥပမာ ကိုယ်အလေးချိန်) ကို ရိုက်ထည့်ပါ။

  2. အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊

    • Cycle Trackingအမျိုးအစားတွင်သတင်းအချက်အလက်ကိုထည့်သွင်းခြင်း၊ iPhone ရှိ Health တွင် သင့်ဓမ္မတာစက်ဝန်းကို ခြေရာကောက်ခြင်း ကိုကြည့်ပါ။

    • Sleep အမျိုးအစားတွင် သတင်းအချက်အလက် ထပ်ထည့်ခြင်း၊ ညာဘက်ထိပ်တွင် Add Data ကိုနှိပ်ပါ။

    • အခြားအမျိုးအစားကဏ္ဍများအတွက် သတင်းအချက်အလက်များထည့်သွင်းခြင်း၊ သင်ဖြည့်စွက်ပြင်ဆင်လိုသည့်အချက်အလက်အတွက် Details ခလုတ် ကိုနှိပ်ပါ၊ ထို့နောက်ညာဘက်ထိပ်တွင် Add Data ကိုနှိပ်ပါ။

သင့်ကျန်းမာရေးအခြေအနေများ၊ ဓာတ်မတည့်မှုများ၊ သောက်သုံးနေသောဆေးဝါးများနှင့် အခြားအချက်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို အရေးပေါ် Medical ID တစ်ခုတွင်ထည့်သွင်းနိုင်သည်။ ပထမဆုံးရှေးဦးပြုစုမည့်သူများနှင့် အခြားသူများသည် သင့် iPhone သော့ပိတ်ထားလျှင်တောင်မှအဆိုပါအရေးကြီးသည့် သတင်းအချက်အလက်များကို တိုက်ရိုက်ကြည့်ရှုနိုင်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.