ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Messages တွင်သက်ဝင်လှုပ်ရှားသည့်အထူးပြုလုပ်ချက်များကိုပို့ခြင်း

Messages အက်ပ်တွင် ပူဖောင်းအထူးပြုလုပ်ချက်နှင့်မက်ဆေ့ချ်တစ်ခုသို့မဟုတ်ဖန်သားပြင်အပြည့်အထူးပြုလုပ်ချက်နှင့်မက်ဆေ့ချ်ဖန်သားပြင်တစ်ခုလုံးကိုပြန့်သည့်မက်ဆေ့ချ်ကိုသက်ဝင်လှုပ်ရှားလုပ်နိုင်သည် (ဥပမာအားဖြင့်ပူဖောင်းများသို့မဟုတ်ရောင်စုံစက္ကူစများ)။ လက်ခံရရှိသူ ဖတ်ရန်ပွတ်ဆွဲလိုက်သည့်အချိန်အထိ မှုန်ဝါးဝါးဖြင့်သာပေါ်နေမည့် သီးခြားမက်ဆေ့ချ်တစ်စောင်ကို မမြင်နိုင်သည့်မင်ဖြင့်ပေးပို့နိုင်သည်။

မက်ဆေ့ချ်အထူးပြုလုပ်ချက်များကို ပေးပို့ရန်နှင့် လက်ခံရန် iMessage ကိုလိုအပ်သည်။ iMessage နှင့် SMS/MMS အကြောင်း ကိုကြည့်ပါ။

လက်ရေးမက်ဆေ့ချ်ပို့ခြင်း

မက်ဆေ့ချ်ရေးရန်လက်ချောင်းကိုသုံးပါ။ လက်ခံရရှိသူသည်စက္ကူပေါ်မင်ထင်သကဲ့သို့မက်ဆေ့ချ်သက်ဝင်လှုပ်ရှားမှုကိုမြင်ရသည်။

  1. စကားပြောဆိုမှုတွင် iPhone ကိုအလျားလိုက်အဆင်ပြေအောင်လှည့်ပါ။

  2. စာရိုက်ခလုတ်ခုံပေါ်ရှိ Handwriting ခလုတ် ကိုနှိပ်ပါ။

  3. သင့်လက်ချောင်းနှင့်မက်ဆေ့ချ်ကိုရေးပါ သို့မဟုတ် အောက်ခြေရှိသိမ်းထားသည့်မက်ဆေ့ချ်ကိုရွေးချယ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။

  4. မက်ဆေ့ချ်ပို့ရန် Send ခလုတ် ကိုနှိပ်ပါ သို့မဟုတ် ပယ်ဖျက်ရန် Remove ခလုတ်ကိုနှိပ်ပါ

    လက်ရေးမက်ဆေ့ချ်နှင့်လက်ရေးဖန်သားပြင်။ ဘယ်မှညာအောက်ခြေတစ်လျှောက်သည်သိမ်းထားသည့်မက်ဆေ့ချ်များနှင့် Show Keyboard ခလုတ်ဖြစ်သည်။

လက်ရေးမက်ဆေ့ချ်ကိုဖန်တီး၍ပို့ပြီးသည့်နောက်၊ ၎င်းမက်ဆေ့ချ်ကိုလက်ရေးဖန်သားပြင်၏အောက်ခြေတွင်သိမ်းထားသည်။ မက်ဆေ့ချ်များထပ်မံသိမ်းဆည်းခြင်းကိုသုံးရန်၊ ၎င်းကိုနှိပ်ပါ။ သိမ်းထားသည့်မက်ဆေ့ချ်ကိုဖျက်ရန်၊ မက်ဆေ့ချ်များလှုပ်ခါသည်အထိ ထိပြီးထိန်းထားကာ Delete Message ခလုတ်ကိုနှိပ်ပါ။

ပူဖောင်းအထူးပြုလုပ်ချက်သုံးခြင်း

မက်ဆေ့ချ်ပူဖောင်းကို သက်ဝင်လှုပ်ရှားအောင်ပြုလုပ်ရန် ပူဖောင်းအထူးပြုလုပ်ချက်သုံးပါ။

  1. အသစ် သို့မဟုတ် ရှိပြီးသား စကားပြောဆိုမှုတစ်ခုတွင် မက်ဆေ့ချ်တစ်စောင်ကို ရိုက်ထည့်ပါ သို့မဟုတ် ဓာတ်ပုံတစ်ပုံ သို့မဟုတ် Memoji တစ်ခုကိုထည့်သွင်းပါ။

  2. Send ခလုတ်ကိုထိ၍ထိန်းထားကာ ပူဖောင်းအထူးပြုလုပ်ချက်အမျိုးမျိုးကို နမူနာကြည့်ရှုရန် မီးခိုးရောင်အစက်များကို နှိပ်ပါ။

    အကြံပြုချက် ကိုယ်ရေးကိုယ်တာ မက်ဆေ့ချ်ပို့လိုပါသလား။ မမြင်ရသည့်မင်ကို အသုံးပြုသည့်အခါ လက်ခံသူမှ မြင်ရစေဖို့ ပွတ်ဆွဲသည်ထိအဆိုပါမက်ဆေ့ချ်သည် မှုန်ဝါးဝါးဖြစ်နေမည်။

  3. မက်ဆေ့ချ်ပို့ရန် Send ခလုတ် ကိုနှိပ်ပါ သို့မဟုတ် ပယ်ဖျက်ရန် Remove ခလုတ် ကိုနှိပ်ပါ။

    မမြင်ရသည့်မင်အထူးပြုလုပ်ချက်များပါသည့် မက်ဆေ့ချ်တစ်စောင်ကို ကြိုတင်ကြည့်ခြင်း။ ညာဘက်တစ်လျှောက်၊ တခြားပူဖောင်းပြုလုပ်ချက်တွေကိုကြိုကြည့်ရန် ထိန်းချုပ်မှုတစ်ခု ကိုနှိပ်ပါ။ ပို့ရန်၎င်း အဆိုပါထိန်းချုပ်မှုကိုပဲ ထပ်မံနှိပ်ပါ၊ သို့မဟုတ်သင့်မက်ဆေ့ချ်ကိုပြန်ယူရန်အောက်ခြေရှိ Cancel ခလုတ်ကိုနှိပ်ပါ။

ဖန်သားပြင်အပြည့်အထူးပြုလုပ်ချက်သုံးခြင်း

မက်ဆေ့ချ်ဖန်သားပြင်ကို သက်ဝင်လှုပ်ရှားမှုထည့်သွင်းရန် ဖန်သားပြင်အပြည့်အထူးပြုလုပ်ချက်သုံးပါ။

  1. အသစ် သို့မဟုတ် ရှိပြီးသား စကားပြောဆိုမှုတစ်ခုတွင် မက်ဆေ့ချ်တစ်စောင်ကို ရိုက်ထည့်ပါ သို့မဟုတ် ဓာတ်ပုံတစ်ပုံ သို့မဟုတ် Memoji တစ်ခုကိုထည့်သွင်းပါ။

  2. Send ခလုတ်ကို ထိ၍ထိန်းထားကာ Screen ကိုနှိပ်ပါ။

  3. မတူညီသည့်ဖန်သားပြင်အထူးပြုလုပ်ချက်များကို အစမ်းကြည့်ရှုရန် ဘယ်သို့ပွတ်ဆွဲပါ။

  4. မက်ဆေ့ချ်ပို့ရန် Send ခလုတ် ကိုနှိပ်ပါ သို့မဟုတ် ပယ်ဖျက်ရန် Remove ခလုတ် ကိုနှိပ်ပါ။

    အနီရောင်နှလုံးပုံဖြင့်ဖန်သားပြင်အပြည့်အထူးပြုလုပ်ချက်ကိုပြထားသည့်ကြိုတင်မြင်ရသည့်မက်ဆေ့ချ်။

Message သည်သီးသန့်စာတန်းများအတွက်အောက်ပါဖန်သားပြင်ပြုလုပ်ချက်များကိုအလိုအလျောက်သုံးထားသည်၊

  • “Happy birthday” အတွက်ပူဖောင်းများ

  • “Congratulations” အတွက်စက္ကူများ

  • “Happy New Year” အတွက်မီးပန်းများ

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.