ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Apple Arcade တွင် ငွေပေး၍ အသင်းဝင်ခြင်း

App Store အက်ပ် တွင် Apple Arcade သို့စာရင်းသွင်းပါဝင်နိုင်ပြီး iPhone၊ iPad၊ iPod touch၊ Mac နှင့် Apple TV တို့တွင် လက်ရွေးစဥ်စုစည်းထားသော ဂိမ်းများကို အကန့်အသတ်မရှိကစားနိုင်ပါသည်။ ( Apple Arcade ဂိမ်းအားလုံးကို Mac နှင့် Apple TVတွင်မရရှိနိုင်ပါ။)

Apple Arcade နှင့်အခြားဝန်ဆောင်မှုများပါဝင်သည့် Apple Arcade သို့မဟုတ် Apple One ကို သင် မှတ်ပုံတင်စာရင်းသွင်းနိုင်သည်။ Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် Apple One ဖြင့် Bundle Apple ကို စာရင်းသွင်းခြင်းကို ကြည့်ပါ။

ထိပ်ဘက်ရှိ ဂိမ်းတစ်ခုနှင့် အလယ်ရှိ Top Arcade Games ကိုပြထားသည့် App Store ရှိ Arcade ဖန်သားပြင်။ အောက်ခြေရှိ ဘယ်မှညာတစ်လျှောက်တွင် Today၊ Games၊ Apps၊ Arcade နှင့် ရှာဖွေမှုစာမျက်နှာများရှိသည်။

မှတ်စု Apple Arcade နှင့် Apple One ကို နိုင်ငံနှင့်ဒေသများအားလုံးတွင်မရနိုင်ပါ။ Apple အထောက်အကူပြုဆောင်းပါးရှိ Apple Media Services ရရှိနိုင်မှု ကိုကြည့်ပါ။ Apple Arcade ဂိမ်းများကို စက်ပစ္စည်းများတွင်အသုံးပြုနိုင်မှုသည် ဟာ့ဒ်ဝဲလ်နှင့် ဆော့ဝဲလ် တွဲဖက်အသုံးပြုနိုင်မှုပေါ် မူတည်၍ ကွဲပြားသွားသည်။ အချို့သောအရာများသည် နေရာများအားလုံးတွင် မရရှိနိုင်ခြေ။ Apple အထောက်အကူပြုဆောင်းပါးရှိ စက်ပစ္စည်းများတွင် Apple Arcade ဂိမ်းအသုံးပြုခြင်း ကိုကြည့်ပါ။

Apple Arcade ကို စာရင်းသွင်းမှတ်ပုံတင်ခြင်း

  1. App Store ရှိ Arcade ကိုနှိပ်ပါ၊ ထို့နောက် subscription ခလုတ်ကိုနှိပ်ပါ။

  2. အခမဲ့စမ်းကြည့်ခြင်း (သုံးစွဲနိုင်လျှင်) နှင့် စာရင်းသွင်းဝယ်ယူမှုအသေးစိတ်များကို ပြန်လည်သုံးသပ်ပါ၊ ထို့နောက် ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

သင်၏ Apple Arcade စာရင်းသွင်းမှုကို ပြောင်းလဲခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း

Settings  > [your name] > Subscriptions သို့ သွားပါ၊ Apple Arcade ကိုနှိပ်ပါ၊ ထို့နောက် ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

အကယ်၍ သင်၏ စာရင်းပေးသွင်းမှုကိုဖျက်သိမ်းလိုက်လျှင် Apple Arcade ဂိမ်းများကို သင်၏စက်ပစ္စည်းအတွင်း ဒေါင်းလုတ်လုပ်ထားသော်လည်း ကစားရမည်မဟုတ်ပါ။ အက်ပ်များကို သင်မလိုချင်တော့သည့်အခါ ဖျက်ပါ။

Apple Arcade ကိုပြန်လည်စာရင်းပေးသွင်း၍ ဂိမ်းများကို ပြန်လည်ဆော့နိုင်သကဲ့သို့ သင်ကစားလက်စအချက်အလက်များကိုပါ ပြန်လည်ဝင်ရောက်နိုင်မည်။ စောင့်ဆိုင်းနေသည့် ကြားကာလကြာမြင့်သွားပါက ပြန်လည်စာရင်းပေးသွင်းပြီးသည့်တိုင် သင်ကစားလက်စ အချက်အလက်တချို့သည် ထောက်ပံ့ပေးမည်မဟုတ်ပါ။

Apple Arcadeကို မိသားစုဝင်များနှင့် မျှဝေပါ။

Apple Arcade သို့မဟုတ် Apple One ကို စာရင်းသွင်းထားသည့်အခါ မိသားစုဝင်ငါးဦးအထိ Apple Arcade ကိုမျှဝေရန် Family Sharing ကိုသုံးနိုင်သည်။ သင့်မိသားစုဝင်များ ဘာမျှလုပ်ရန်မလိုပါ- သင်၏ စာရင်းသွင်းခြင်းစတင်ပြီးနောက် သင့်မိသားစုဝင်များသည် App Store အက်ပ်ကို ပထမဆုံးအကြိမ်ဖွင့်သည်နှင့် Apple Arcade ကို အသုံးပြုနိုင်သည်။

အကယ်၍ သင်သည် Apple Arcade သို့မဟုတ် Apple One သို့စာရင်းသွင်းထားသည့် မိသားစုတစ်စုတွင်ပါဝင်၍ စာရင်းသွင်းထားပြီး သင်သည်လည်း စာရင်းသွင်းထားပြီးသူဖြစ်လျှင် သင်၏စာရင်းသွင်းမှုကို နောက်ထပ်ငွေပေးသွင်းမည့်နေ့တွင် သက်တမ်းတိုး၍မရပါ၊ ၎င်းအစား မိသားစု၏ စာရင်းသွင်းမှုကိုသုံးရမည်။ အကယ်၍ သင်သည် စာရင်းမသွင်းထားသည့်မိသားစုတစ်စုတွင် ပါဝင်ထားလျှင် ထိုမိသားစုသည် သင်၏စာရင်းသွင်းမှုကို သုံးနိုင်သည်။

မှတ်စု မိသားစုတစ်စုနှင့် Apple Arcade ကိုအတူမျှဝေခြင်းကိုရပ်တန့်ရန် ထိုစာရင်းသွင်းမှုကိုပယ်ဖျက်နိုင်သည်၊ မိသားစုဝင်အဖြစ်မှ ထွက်ခွာခြင်း သို့မဟုတ် (သင်သည် မိသားစုစီစဉ်သူဆိုပါက) Family Sharing ကို သုံးခြင်းကိုရပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.